ရန်ကုန် မိုးပျံရထားလမ်းစီမံကိန်း ဧရိယာအတွင်း ထိခိုက်မှုရှိနိုင်သူများကို လျော်ကြေးပေးရန် စစ်တမ်းကောက်မည် - Property News in Myanmar from iMyanmarHouse.com
8943 Views

ရန်ကုန် မိုးပျံရထားလမ်းစီမံကိန်း ဧရိယာအတွင်း ထိခိုက်မှုရှိနိုင်သူများကို လျော်ကြေးပေးရန် စစ်တမ်းကောက်မည်

ရန်ကုန် မိုးပျံရထားလမ်း စီမံကိန်းဧရိယာအတွင်း ရှိ ထိခိုက်မှုရှိနိုင်သူများကို လျော်ကြေးပေးရန်အတွက် လိုအပ်သည့် စစ်တမ်းကောက်ယူခြင်းအားစတင်တော့မည်ဟု သိရသည်။

ယင်းစစ်တမ်းကို ယခုလလယ်ပိုင်းမှစ၍ သုံးလကြာကောက် ယူမည်ဖြစ်ကြောင်း စစ်တမ်းကောက်ယူမည့် eguard Enviromental Services ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးသီဟကပြောသည်။ '' စီမံကိန်းဧရိယာတစ်လျှောက်က ထိခိုက်နိုင်တဲ့သူတွေကို စစ် တမ်းကောက်မယ်။ ငါးမြို့နယ်လုံးကို သုံးလလောက်ကောက်ဖို့လျာ ထားတယ်''ဟု ၎င်းင်းက ပြောသည်။

ယင်းရထားလမ်းသည် လှိုင်သာယာမရမ်းကုန်း  ၊ တောင်ဥက္ကလာ နှင့် ရန်ကင်းမြို့နယ် တို့ကိုဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။ စီမံကိန်းဧရိယာအတွင်းသက်ရောက်မှု ခံစားရသူများ၏ မိသားစု ဦးရေ၊ အလုပ်အကိုင်စသည့် သန်းခေါင်စာရင်းစစ်တမ်း၊ မြေယာပိုင်ဆိုင်မှုပမာဏ၊ ပိုင်ဆိုင်မှုအဆင့်အတန်း၊ ဆုံးရှုံးမှုစာရင်း၊ ဝင်ငွေ၊ အသုံးစရိတ်၊ ဝန်ဆောင်မှုအသုံးပြုခြင်းစသည့် လူမှုစီးပွားစစ်တမ်းများကို ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ ဈေးကွက်စစ်တမ်းအနေဖြင့် အိမ်ခြံမြေအကျိုးဆောင်များထံမှ မြေဈေးနှင့် အဆောက်အအုံသုံးပစ္စည်းများ၏ ဈေးနှုန်းများကိုကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန် ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများနှင့် ပူးပေါင်း ကာစစ်တမ်းကောက်ယူမည်ဖြစ်ပြီး ရလဒ်များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ထံ တင်ပြသွားမည်ဖြစ်ကြောင်း eguard Enviromental Services ကုမ္ပဏီမှ သိရသည်။ ပါရမီလမ်းတစ်လျှောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ပညာရေးဝန်ကြီးဌာနပိုင်မြေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ရန်ကုန်မြို့တော်စည်ပင်ပိုင်မြေ၊ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေအချို့နှင့် အဆောက်အအုံအချို့ စီမံကိန်းနှင့်မလွတ်သဖြင့် နေရာရွှေ့ပြောင်း ခြင်း ခံရနိုင်ဖွယ်ရှိကြောင်း သိရသည်။

ရန်ကုန်- ပုသိမ်လမ်း တစ်လျှောက်တွင် ကာကွယ်ရေးဝန်ကြီး ဌာနပိုင်မြေ၊ မြန်မာ့မီးရထားပိုင်မြေတို့ စီမံကိန်းနှင့်မလွတ်ကင်းနိုင် ချေရှိပြီး လမ်းတစ်လျှောက်ရှိ ကျူးကျော်နေထိုင်သူများ၊ နေရာပြောင်း ရွှေ့ခံရနိုင်ဖွယ်ရှိကာ ဘုရင့်နောင်တံတားအနီး လှိုင်မြစ်အနီးတွင် နေထိုင်သူများလည်း ထိခိုက်မှုရှိနိုင်ကြောင်း eguard Enviromental Services ကုမ္ပဏီကသုံးသပ်ထားသည်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service