စစ်မှုထမ်းဟောင်းများအတွက် စစ်မှုထမ်းဟောင်း အိမ်ရာများကို နိုင်ငံတစ်ဝန်းအကောင်အထည်ဖော် တည်ဆောက်ပေးနေပြီး အဆောက်အအုံများအား သတ်မှတ်အရည်အသွေး ပြည့်မီအောင် တည်ဆောက်ရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မှာကြား - Property News in Myanmar from iMyanmarHouse.com
3202 Views

စစ်မှုထမ်းဟောင်းများအတွက် စစ်မှုထမ်းဟောင်း အိမ်ရာများကို နိုင်ငံတစ်ဝန်းအကောင်အထည်ဖော် တည်ဆောက်ပေးနေပြီး အဆောက်အအုံများအား သတ်မှတ်အရည်အသွေး ပြည့်မီအောင် တည်ဆောက်ရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မှာကြား

တပ်မတော်သား မိသားစုဝင်များ၊ စစ် မှုထမ်းဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် စစ်မှုထမ်းဟောင်း အိမ်ရာများကို နိုင်ငံတစ်ဝန်း အကောင်အထည်ဖော် တည်ဆောက်ပေးနေပြီး အဆောက်အအုံများအား သတ်မှတ်အရည်အသွေး ပြည့်မီအောင် တည်ဆောက်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှာကြားသည်။

တပ်မတော်သားများ အနေဖြင့် အငြိမ်းစားယူပြီးချိန်တွင် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေး၊ တပ်မတော်သား မိသားစုဝင်များနှင့် စစ်မှုထမ်းဟောင်း မိသားစုဝင်များ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရေးနှင့် သက်သာချောင်ချိရေးတို့အတွက် ဆောင်ရွက်ပေးနေပြီး ရန်ကုန်တိုင်းဒေသကြီးဒဂုံဆိပ်ကမ်းမြို့နယ်၊ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) သည်လည်း တစ်ခုအပါအဝင်ဖြစ်ကာ အဆိုပါ စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက်နေမှု အခြေအနေများအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံတို့ လိုက်ပါပြီး မေ ၂၇ ရက်က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ဦးစွာရှင်းလင်းဆောင်၌ တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်မျိုး သန့်တို့က မြန်မာ့သားကောင်း စစ်မှုထမ်း ဟောင်းအိမ်ရာ (လေးထောင့်ကန်) တည် ဆောက်နေမှု အခြေအနေများ၊ အရိပ်ရ လေကာပင်များ စိုက်ပျိုးထားရှိမှုနှင့် ဆက်လက် စိုက်ပျိုးမည့် အခြေအနေများ၊ အဆင့်မြင့် ဥစားကြက်ခြံဆောက်လုပ်ပြီးစီးမှုနှင့် ထွက်ရှိ လာသည့် ကြက်ဥများအား စစ်မှုထမ်းဟောင်း များနှင့် မိသားစုများထံ သက်သာချောင်ချိ သောဈေးနှုန်းဖြင့် ရောင်းချပေးနေမှု အခြေ အနေများ၊ လျှပ်စစ်မီးနှင့် ရေရရှိရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် စစ်မှုထမ်း ဟောင်းမိသားစုဝင်များ အလုပ်အကိုင်အခွင့် အလမ်းရရှိရေးအတွက် အထည်ချုပ်စက်ရုံ တည်ဆောက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

ထိုသို့ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆောက်အအုံများအား သတ်မှတ်အရည်အသွေး ပြည့်မီအောင် တည်ဆောက်ရန်၊ အိမ်ရာအတွင်း ရေနုတ်မြောင်းများနှင့် တံတားများအား စနစ်တကျ ထည့်သွင်းတည်ဆောက်ရန်၊ စစ်မှုထမ်းဟောင်းများနှင့် မိသားစုများ အသိအမြင် တိုးပွားစေရန်အတွက် ခေတ်မီ စာကြည့်တိုက်တစ်လုံး ထည့်သွင်းတည် ဆောက်ရန်၊ ကလေးငယ်များအတွက် ကစား ကွင်းနှင့် အပန်းဖြေနေရာများ ထည့်သွင်းတည် ဆောက်ရန်နှင့် အရိပ်ရ လေကာပင်များအား စနစ်တကျ စိုက်ပျိုးရန်တို့အား မှာကြားခဲ့သည်။

အဆိုပါ ဒဂုံဆိပ်ကမ်းမြို့နယ် ရှိ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ၌ ၂၀၁၇ ခုနှစ်တွင် အခြားအဆင့်နေအိမ် နှစ်ခန်းတွဲ ခြောက်ထပ် ခုနစ်လုံး ဆောက်လုပ်ပြီး စီးပြီဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် အခြားအဆင့်နေအိမ် နှစ်ခန်းတွဲ ခြောက်ထပ် သုံးလုံးအား ထပ်မံတည်ဆောက် လျက်ရှိရာ ရာခိုင်နှုန်း ၃၀ ခန့် ပြီးစီးပြီ ဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်း မိသားစုများ၏ စားရေးကို အထောက်အကူ ပြုစေရန်အတွက် တည်ဆောက်ထားသည့် အလိုအလျောက် အစာကျွေးစနစ်၊ သန့်ရှင်းရေးစနစ်၊ ကြက်ဥကောက်စနစ်များနှင့် လေအေးပေးစနစ် တပ်ဆင်ထားသည့် ခေတ်မီ အဆင့်မြင့် ဥစားကြက်ခြံမှလည်း ကြက်ဥထွက်ရှိမှုမှာ တစ်ရက်လျှင် ၁၈၀၀၀ ကျော်ခန့် ထုတ်လုပ်နိုင်ပြီး မြို့နယ်ခုနစ်ခုသို့ သက်သာချောင်ချိသော နှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ထို့အတူ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး အတွက်လည်း အထည်ချုပ် စက်ရုံအား တည်ဆောက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်း အိမ်ရာအနီးရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁) စိုက်ပျိုး မွေးမြူရေး ရပ်ကွက်သို့ ရောက်ရှိပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် Steel Structure သုံးထပ်ကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service