နေပြည်တော် အိမ်ခြံမြေ အငှား၊ အရောင်း ဈေးကွက်တက်လာ - Property News in Myanmar from iMyanmarHouse.com
1782 Views

နေပြည်တော် အိမ်ခြံမြေ အငှား၊ အရောင်း ဈေးကွက်တက်လာ

နေပြည်တော်မှာ နေအိမ်အငှားနဲ့ အရောင်းဈေးကွက်တွေ အောက်တိုဘာလကုန်ပိုင်းကစပြီး သိသိသာသာ တက်လာတယ်လို့ နေပြည်တော် အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်အချို့က ပြောပါတယ်။

နေပြည်တော်မှာ အငှားနဲ့ အရောင်းအဝယ်က တက်ဈေးနဲ့ မဟုတ်ပေမဲ့ ပုံမှန်ဈေးလေးနဲ့ အရောင်းအဝယ်ဖြစ်နေကြပါတယ်။ ရှေ့နှစ်ဆန်းပိုင်းအထိ အရောင်းအဝယ် ဆက်တိုက်ကောင်းဖို့ မျှော်လင့်တယ်လို့ ရွှေလက်ပံအိမ်ခြံမြေ အကျိုးတော်ဆောင်က ခန့်မှန်းပါတယ်။ တခြားမြို့နယ်တွေမှာတော့ အရောင်းအဝယ်ပါးရင် ပါးတာတွေရှိကြပေမဲ့ နေပြည်တော်ရဲ့ အိမ်ခြံမြေက ဈေးနှုန်းသင့်တော့ နေထိုင်ဖို့နဲ့ လုပ်ငန်းလိုအိပ်ချက်ရှိသူတွေက မျက်စိကျကြတယ်။ ဒါကြောင့် နေပြည်တော်ရဲ့ မြို့နယ်တိုင်းမှာ အရောင်းအဝယ်ဖြစ်လာကြတယ်။ လုပ်ငန်းတွေဖြစ်လာတော့ အိမ်ခြံမြေအကျိုးဆောင်တွေလည်း အလုပ်ဖြစ်လာပြီး အဆင်ပြေတြယ်လို့ နေပြည်တော် အိမ်ခြံမြေအကျိုးတော်ဆောင်အချို့က ပြောပါတယ်။

ရွှေလက်ပံ အိမ်ခြံမြေအကျိုးဆောင်က ဦးကျော်စွာမြင့်က ‘ နေပြည်တော်အနေနဲ့ မြေကွက်ဈေး အရမ်းသာနေတယ်၊ ဈေးနှုန်းကလဲ သက်သာတော့ တခြားမြို့နယ်တွေနဲ့ ယှဉ်ရင် ဒီဘက်ကို ရင်းနှီးမြှုပ်နှံတာတွေ ပိုများလာတယ် ‘ လို့ ပြောပါတယ်။ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်အတွင်းရှိ ရွှေကြာပင်နဲ့ သပြေကုန်းမှာ အရောင်းသွက်ဆုံးဖြစ်သလို ဥတ္တရသီရိ၊ ဗုဗ္ဗသီရိနဲ့ ပျဉ်းမနား၊ ပေါင်းလောင်းတို့မှာ အရောင်းသွက်နေပါတယ်။

ကျပ်သိန်း (၁,၀၀၀၊ ၁,၅၀၀)အောက် မြေကွက်အလွတ်တွေက ပိုအရောင်းသွက်ပါတယ်။ သပြေကုန်း ဧရာဝတီလမ်းမကြီးပေါ်မှာဆိုရင် ပေ (၁၀၀)ပတ်လည် မြေကွက်ကို ကျပ်သိန်း (၂,၈၀၀)ကနေ (၅,၀၀၀)ဝန်းကျင်ထိရှိပြီး ပေ (၁၀၀)ပတ်လည် အိမ်ပါဆိုရင်တော့ ကျပ်သိန်း (၄,၀၀၀)ဝန်းကျင် အစားအစား ရှိပါတယ်။ ပေ (၆၀)ပတ်လည်ကို ကျပ်သိန်း (၈၀၀ မှ ၁,၀၀၀)အထိ ဈေးပေါက်ပါတယ်။ ရွှေကြာပင် ပဒုမ္မာလမ်းဘက်ဆိုရင် ပေ (၆၀)ပတ်လည်ကို ကျပ်သိန်း (၁,၀၀၀)ဝန်းကျင်မှာ ရှိပါတယ်။

အငှားဈေးကွက်

နေပြည်တော်မှာ ချေးငွေလုပ်ငန်းနဲ့ ပရောဂျက်လုပ်ငန်းတွေ အဝင်များလာလို့ ငှားဖို့ အိမ်ကြီး အိမ်ကောင်းမရှိတော့တဲ့အထိ ဖြစ်နေပါတယ်။ ကျပ် (၅၀၀,၀၀၀)ကနေ (၁၅)သိန်းကြား အငှားသွက်လာတယ်လို့ သိရပါတယ်။

သပြေကုန်း ပိတောက်လမ်းနဲ့ ဧရာဝတီလမ်းမကြီးပေါ်မှာ လုပ်ငန်းတိုးချဲ့ဖို့နဲ့ စားသောက်ဆိုင်တွေ တိုးလာလို့ မြေကွက်အလွတ်တွေ အငှားသွက်လာတယ်လို့ ဦးကျော်စွာမြင့်က ပြောပါတယ်။ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာ ပရိဘောဂ အပြည့်အစုံပါ လူနေအိမ်အတွက် ပေ (၁၀၀)ပတ်လည်ကို ကျပ် (၁၀)သိန်းရှိပြီး ပေ (၈၀)ပတ်လည်ကို ကျပ် (၃၅၀,၀၀၀)ကနေ (၅၀၀,၀၀၀)အထိ ရှိပါတယ်။ ပေ (၆၀)ပတ်လည်မှာလည်း ကျပ် (၅၀၀,၀၀၀)လောက်ဆို ပရိဘောဂထည့်ပေးပြီး ပရိဘောဂမပါဘဲ အလွတ်က (၂၅၀,၀၀၀)ကနေ (၃၀၀,၀၀၀)အထိ ရှိတယ်လို့ မေတ္တာမွန် အိမ်ခြံမြေ အကျိုးတော်ဆောင်က သိရပါတယ်။

‘ ရန်ကုန်မြို့မှာတော့ ပရိဘောဂစုံတဲ့ အိမ်အငှားက (၅၀)ရာခိုင်နှုန်းလောက်ရှိပေမဲ့ နေပြည်တော်မှာက နည်းနည်းရှားတယ်၊ ရေမီးအစုံလောက်ပဲ လုပ်ပေးနိုင်တဲ့ အိမ်ရှိတယ်၊ အိမ်ရှင်တွေက ပရိဘောဂအစုံမထည့် ပေးတာကလဲ အိမ်ငှားမရှိတဲ့အခါမှာ အဲဒါတွေက အလဟဿ ဖြစ်တယ်လို့ ယူဆကြတော့ ပလိန်းငှားတာ များပါတယ် ‘ လို့ ဦးကျော်စွာမြင့်က ပြောပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service