ငါးနှစ်တာအိမ်ရာဖွံ့ ဖြိုးရေးစီမံကိန်း တစ်နှစ်ပြည့်ရန်လပိုင်းသာလို

ငါးနှစ်တာအိမ်ရာဖွံ့ ဖြိုးရေးစီမံကိန်း တစ်နှစ်ပြည့်ရန်လပိုင်းသာလို - Property News in Myanmar from iMyanmarHouse.com
28 Mar 2018 11:01 am တွင် တင်ခဲ့သည်
4548 ကြိမ် ကြည့်ရှု့ပြီး
တစ်နိုင်ငံလုံးအိမ်ရာဖွံ့ ဖြိုးရေးအတွက် ငါးနှစ်စီမံကိန်းရေးဆွဲထားရာတစ်နှစ်ပြည့်ရန် အစိုးရဘဏ္ဍာနှစ်အရ အချိန်တစ်လသာ ကျန်ရှိတော့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

တစ်နှစ်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မုံရွာ၊ မကွေးနှင့် ပုသိမ်မြို့တို့ တွင်
တန်ဖိုးနည်းအိမ်ရာများကိုယခုနှစ်တွင်စတင်ဖော်ထုတ်နိုင်ခဲ့ကြောင်းဆောက်
လုပ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။

နေပြည်တော်တွင် အိမ်ခန်း ၈၀ ၊ ရန်ကုန်တွင် ၈,၇၁၂ ခန်း၊ မုံရွာတွင် ၄၄၀ ခန်း၊ မကွေးတွင် ၃၀၄ ခန်း၊ ပုသိမ်တွင် ၆၇၆ ခန်း စုစုပေါင်း ၁၀,၂၁၂ ခန်း ယခုနှစ်အတွင်း ဆောက်လုပ်ရန်လျာထားရာ ၇၀ရာခိုင်နှုန်းနီးပါးပြီးစီးခဲ့ကြောင်း ၄င်းကပြောသည်။

အစိုးရသစ်လက်ထက်တွင် တစ်နှစ်လျှင် တန်ဖိုးနည်း၊တန်ဖိုး သင့်အိမ်ခန်း တစ်သောင်းကျော် အကောင်အထည်ဖော်ရန် လျာထားပြီး တစ်နှစ်ထက် တစ်နှစ်အရေအတွက် အမြောက်အမြား ထုတ်လုပ်နိုင်ရန် အဓိကရည်ရွယ် သည်ဟု ဆိုသည်။

အိမ်ရာအသစ်များ တည် ဆောက်ခြင်းနှင့်အတူ ရှိနှင့်ပြီး သား အိမ်ရာအဟောင်းများကိုပါ အဆင်မြှင့်တင်နေကြောင်း၎င်းကဆိုသည် ။

ပြည်သူများအိမ်ရာပိုင်ဆိုင် နိုင်ရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးေ ရးဘဏ်က အိမ်ရာအ ပေါင် ချေးငွေစနစ်ဖြင့် ရှစ်နှစ်မှ ၁၀ နှစ်အထိဝယ်ယူနိုင်ရန်လည်း ဆောင်ရွက်နေကြောင်း သိရသည်။

နောက်ပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက တည်ဆောက်မည့် အိမ်ရာစီမံကိန်းမှန်သမျှကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ငွေစာရင်း ဖွင့်လှစ်ထားသူများကိုသာ အလှည့်ကျစနစ်ဖြင့် ရောင်းချမည် ဖြစ်သည်။

လက်ရှိတွင် မြို့ပြနှင့် အိမ် ရာဖွံ့ဖြိုးမှုဦးစီးဌာနက ကနောင်၊ ရွှေလင်ဗန်း၊ ယုဇန တန်ဖိုးနည်း အိမ်ရာစီမံကိန်းများကို အများ ပြည်သူသို့ စတင်ရောင်းချနေပြီ ဖြစ်သည်။

ဝင်ငွေနည်း ပြည်သူများ ၀ယ်ယူနိုင်စေရန် တန်ဖိုးသင့်၊ တန် ဖိုးနည်းအိမ်ရာများကို ကျပ်သိန်း ၁၀၀ အောက်ဖြင့် ရောင်းချနိုင်ရန် နည်းလမ်းရှာဖွေနေပြီး အိမ်ရာဖွံ့ဖြိုးရေးကို ၂၀၁၆-၁၇ မှ ၂၀၂၀- ၂၀၂၁ ငါးနှစ်စီမံကိန်းရေးဆွဲထားရာ
တစ်နိုင်ငံလုံးတွင် စုစုပေါင်း ၁ ဒသမ ၈ သိန်းခန့် အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားထားသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...

Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...

ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...

နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...

လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...

ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ

အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...

အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service