ရန်ကုန်စတော့အိတ်ချိန်းတွင် တာမိုးညဲချမ်းသာကုမ္ပဏီက ရှယ်ယာအသစ်များ စတင်ထုတ်ရောင်းမည်ဟုဆို

ရန်ကုန်စတော့အိတ်ချိန်းတွင် တာမိုးညဲချမ်းသာကုမ္ပဏီက ရှယ်ယာအသစ်များ စတင်ထုတ်ရောင်းမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
25 Sep 2017 11:16 am တွင် တင်ခဲ့သည်
6026 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စတော့အိတ်ချိန်း တွင် တာမိုးညဲချမ်းသာကုမ္ပဏီ က ရှယ်ယာအသစ်များ ထုတ် ရောင်းသည့် ကုမ္ပဏီအဖြစ် ပထ မဆုံး စတင်ဝင်ရောက်လာမည်ဖြစ်ကြောင်းချေးငွေသက်သေခံလက်မှတ်
လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်အဖွဲ့ဝင်ဦးဌေးချွန်က ပြောသည်။

အိတ်ချိန်းဈေးကွက်တွင် လက်ရှိလုပ်ကိုင်နေသည့် ကုမ္ပဏီ လေးခုသည် ရှယ်ယာအသစ်များ ထုတ်ရောင်းနေခြင်း မဟုတ်ဘဲ ယခင်ရောင်းချထားသည့် ရှယ် ယာများ အရောင်းအ၀ယ် ပြု လုပ်နိုင်ရန် သတ်မှတ်ဈေးနှုန်း ထုတ်ပြန်ပေးခြင်းကိုသာ ဆောင် ရွက်နေခြင်း ဖြစ်သည်။

တာမိုးညဲချမ်းသာ (TMH Telecom) ကုမ္ပဏီသည် ရန်ကုန် စတော့အိတ်ချိန်းတွင် ငါးခုမြောက်ဝင်ရောက်မည့် အများပိုင်ကုမ္ပဏီဖြစ်ပြီး လက်ရှိ၌လိုအပ်သည့် စိစစ်များပြုလုပ်နေ၍ နိုဝင်ဘာတွင် ၀င်ရောက်နိုင်မည်ဟု ၎င်းကဆို သည်။

‘‘ဒီကုမ္ပဏီက ပထမဦးဆုံး ရှယ်ယာအသစ်ရောင်းမယ့် ကုမ္ပ ဏီဖြစ်မယ်။ နောက်ပြီး ရှယ်ယာ အသစ်တွေ ရောင်းမယ့် ကုမ္ပဏီ တွေ ထပ်ဝင်လာဦးမယ်။ ဒီလိုဖြစ် လာရင် စတော့ရှယ်ယာကို လူထု က စိတ်ဝင်စားလာမှာ’’ဟု ဦးဌေး ချွန်က ပြောသည်။

တာမိုးညဲချမ်းသာ (TMH Telecom)ကုမ္ပဏီနှင့်အတူ အ ခြားအများပိုင် ကုမ္ပဏီတစ်ခုလည်း ၂၀၁၇ မကုန်ခင် ထပ်မံဝင်ရောက်မည်ဖြစ်ပြီး ယင်းကုမ္ပဏီကလည်း ရှယ်ယာအသစ်များထုတ်ရောင်းမည်ဟု ၎င်းကပြောသည်။

ရန်ကုန် စတော့အိတ်ချိန်း တွင် ယခုကဲ့သို့ ရှယ်ယာအသစ် များ ရောင်းချသည့် ကုမ္ပဏီများ ၀င်ရောက်လာခြင်းသည် စတော့ ဈေးကွက်ကို အသက်ဝင်လာစေ မည်ဖြစ်သည်။ လက်ရှိအများပိုင် ကုမ္ပဏီများသည် ရှယ်ယာအသစ် များရောင်းချခြင်းမပြုဘဲ ရောင်းချ ထားပြီးသား ရှယ်ယာများကိုသာ အရောင်းအ၀ယ်လုပ်နေခြင်း ကြောင့် လူထုက စတော့ရှယ်ယာကို စိတ်မ၀င်စားခြင်းဖြစ်ကြောင်း ဦးဌေးချွန်က ပြောသည်။

‘‘ရှယ်ယာအသစ် ထုတ် ရောင်းမယ်ဆိုရင် လူထုက စိတ် ၀င်စားကြမှာပါ။ အခုကရောင်း ထားပြီးသားတွေ ပြန်ဝယ်ရတော့ လိုချင်သလို မရနိုင်ဘူး။ ပိုင်ထား တဲ့သူက ထုတ်ရောင်းမှဖြစ်တာ ဆိုတော့ သိပ်စိတ်မ၀င်စားကြ တာပါ။ အခုလို ရှယ်ယာအသစ် ရောင်းမယ်ဆိုရင် ၀ယ်မယ့်သူ တွေရှိလာမှာပါ’’ဟု ရှယ်ယာပိုင် ရှင် ဦးထင်လင်းအောင်က ပြောသည်။

လက်ရှိရန်ကုန်စတော့အိတ် ချိန်းတွင် အများပိုင်ကုမ္ပဏီလေး ခုက စာရင်းဝင်ထားပြီး ရှယ်ယာ အရောင်းအ၀ယ်ပြုလုပ်နေသည်။ ရန်ကုန်စတော့အိတ်ချိန်း၌ စာ ရင်းဝင်ထားသည့် ကုမ္ပဏီများသည် FMI , သီလ၀ါအထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ (MTSH) ၊ ပထမပုဂ္ဂလိကဘဏ် နှင့် မြန်မာနိုင်ငံသားများဘဏ်တို့ ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...

ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...

တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...

အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...

သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း

လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...

ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ

ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service