ကမ္ဘောဒီးယားတွင် မှတ်ပုံတင်မထားသည့် အထည်ချုပ်စက်ရုံ၌ ပြင်းထန်သည့်ဘွိုင်လာပေါက်ကွဲမှုကြီး ဖြစ်ပွားရာ ဝန်ထမ်း ၂ ဦးသေဆုံး

ကမ္ဘောဒီးယားတွင် မှတ်ပုံတင်မထားသည့် အထည်ချုပ်စက်ရုံ၌ ပြင်းထန်သည့်ဘွိုင်လာပေါက်ကွဲမှုကြီး ဖြစ်ပွားရာ ဝန်ထမ်း ၂ ဦးသေဆုံး - Property News in Myanmar from iMyanmarHouse.com
20 Apr 2017 11:43 am တွင် တင်ခဲ့သည်
2540 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၏ အရှေ့တောင်ပိုင်းရှိ မီးန်ချေခရိုင်တွင် မှတ်ပုံတင်မထားသည့် အထည်ချုပ်စက်ရုံတစ်ခု၌ ပြင်းထန်သည့် ဘွိုင်လာပေါက်ကွဲမှုကြီးဖြစ်ပွားရာ ဝန်ထမ်း ၂ ဦးသေဆုံးပြီး ၄ ဦးသေဆုံးခဲ့ကြောင်း ဖနွမ်းပင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်
တစ်ခုတွင် ဖော်ပြသည်။

ဖနွမ်းပင် စက်မှုလက်မှုဌာန၏ ညွှန်ကြားရေးမှူး နက်သ် မိုနီ ပွန်နာကာက ပြောကြားရာတွင် ဘွိုင်လာပေါက်ကွဲမှုဖြစ်ပွားခဲ့သော ချန်ဆန်ဟန် အထည်ချုပ်စက်ရုံသို့ အထူးစုံစမ်းရေးအဖွဲ့ စေလွှတ်သွားမည်ဖြစ်ကြောင်း၊ ယင်းစက်ရုံသည် ဧပြီလ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သော်လည်း မိမိတို့ဌာနတွင် လာရောက်မှတ်ပုံတင်ထားခြင်းမရှိသေးကြောင်း ပြောကြားသည်။

“စက်ရုံပိုင်ရှင်နဲ့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီကုမ္ပဏီဆီက လိုင်စင်ကျွန်တော်တို့ မရသေးပါဘူး။ ဒါက ပုဒ်မ ၂၃ ကိုချိုးဖောက်မှုဖြစ်ပါတယ်။ ပိုင်ရှင်အနေနဲ့ အရေးယူခံရဖွယ်ရှိပါတယ်” ဟု ပွန်နာကာက ပြောကြားသည်။

ပွန်နာကာ၏ ပြောကြားချက်အရ ဘွိုင်လာများမှာ အလွန်ဟောင်းနွမ်းနေပြီဖြစ်ပြီး တစ်ပတ်ရစ်များကို ပြန်လည်အသုံးပြုထားခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ခရိုင်ရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲ အမ်သီယာက ပြောကြားရာတွင် နေ့လည်စာ ရပ်နားချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးအစောင့် ဆာ့သ် ဖား (အသက် ၂၇) နှင့် သန့်ရှင်းရေးလုပ်သား ကွန်ဖန်နီ (အသက် ၆၁ ) တို့ သေဆုံးခဲ့ကြကြောင်း ပြောကြားသည်။

“ပေါက်ကွဲမှုက အလွန်ပြင်းထန်တာကြောင့် လုပ်သားတွေ စက်ရုံထဲမှာ ရှိနေချိန်သာဆိုရင် ထိခိုက်ဒဏ်ရာရတဲ့သူ ဒီထက်များ နိုင်ပါတယ်”ဟု သီယာက ပြောကြားသည်။

ဘွိုင်လာပေါက်ကွဲမှုကြောင့် နံရံများ၊ အမိုးများ ပွင့်ထွက်သွားခဲ့ကာ စက်ရုံကြမ်းပြင်များပေါ်နှင့် လမ်းမပေါ်တွင် အပျက်အစီး အပိုင်းအစ များစွာ ပြန့်ကျဲသွားခဲ့ပြီး ဘွိုင်လာအိုးမှ သတ္တုအပိုင်းအစကြီးတစ်ခုမှ ပေါက်ကွဲသည့်နေရာနှင့် မီတာ ၅၀ ခန့် ဝေးကွာသော နေရာအထိ ကျရောက်သွားခဲ့သည်ဟု ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် အသက် ၃၅ နှစ်အရွယ်ရှိ အလုပ်သမားတစ်ဦးဖြစ်သူ ဆမ်ဟန်းသည် စက်ရုံမှ မီတာ ၁၀၀ ခန့် ဝေးကွာသောနေရာတွင် နေ့လယ်စာစားရန် ရောက်ရှိနေခဲ့သည်။

“ဧရာမဗုံးကြီးတစ်လုံး ပေါက်ကွဲသွားသလိုမျိုးပါ” ဟု ဆမ်ဟန်းက ပြောကြားခဲ့ပြီး စက်ရုံသို့ ချက်ချင်းပြေးသွားခဲ့ရာ သန့်ရှင်းရေးလုပ်သား ကွန်ဖန်နီကို သွေးအိုင်ထဲတွင် တွေ့ရကြောင်း ပြောကြားသည်။
“သူ့သားကို ခေါ်ပေးပြီး ဆေးရုံပို့ပေးဖို့ ပြောပါတယ်။ ကျွန်တော်တော်တော်သွေးပျက်တုန်လှုပ်ခဲ့ရတယ်” ဟု ဆမ်ဟန်းက ဆက်လက်ပြောကြားသည်။

ကွန်ဖန်နီ၏ သားဖြစ်သူ ခွန်ဆမ်ဘိုက ပြောကြားရာတွင် သူ၏မိခင်သည် ခမာ-ဆိုဗီယက်ချစ်ကြည်ရေးဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း၊ လျော်ကြေးငွေ ကန်ဒေါ်လာ ၄၀၀၀၀ ရလိုမှုဖြင့် တရားစွဲရန် ရည်ရွယ်ထားကြောင်း ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
ဂျပန်သိပ္ပံပညာရှင်တို့က အိပ်မက်များကို မှတ်တမ်းတင်ထားကာ အိပ်ယာနိုးလာချိန်တွင် ပြန်လည်ကြည့်ရှုနိုင်သော နားကြပ်တစ်မျိုး တီထွင်...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို ချေမှုန်းနိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service