စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာနှင့် တက်ညီလက်ညီ ကြိုးပမ်းမှု - Property News in Myanmar from iMyanmarHouse.com
1309 Views

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာနှင့် တက်ညီလက်ညီ ကြိုးပမ်းမှု

ကမ္ဘာ့ဘဏ်သည် ဇန်နဝါရီလ ၃၀ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးအစီရင်ခံစာတစ်ရပ် (Myanmar Economic Monitor) ကို ထုတ်ပြန်ခဲ့ပါသည်။ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုကို အကောင်းဘက်မှ ရှုမြင်သုံးသပ် ထားပါသည်။

ရှေ့လာမည့် သုံးနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုး တိုးတက်မှု နှုန်းသည် တစ်နှစ်လျှင် ပျမ်းမျှ ၇ ဒသမ ၁ ရာခိုင်နှုန်းခန့်ရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါသည်။ ဤသည်မှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ်၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုနှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက တိုးတက်မှု တစ်ရပ်ဖြစ်ပါသည်။ ကမ္ဘာ့ဘဏ်က မြန်မာ နိုင်ငံတွင် ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်လေ့ရှိသည့် ဖိအားများ လျော့ကျသွားမည်ဟု ခန့်မှန်းထားခြင်းသည်လည်း အားတက်စရာ သတင်းကောင်းတစ်ရပ် ဖြစ်ပါသည်။

ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသော မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုး တိုးတက်နှုန်းသည် ဖြစ်နိုင်ခြေရှိသော အလားအလာတစ်ရပ်သာဖြစ်၍ ဤအလားအလာတို့ လက်တွေ့ ဖြစ်မြောက်လာစေရန် မြန်မာနိုင်ငံ အနေဖြင့် မက်ခရို စီးပွားရေးဆိုင်ရာ အန္တရာယ်များ (macroeconomic risks) ကို ရင်ဆိုင်ကျော်လွှားနိုင်ရမည်ဖြစ်ပါသည်။

မက်ခရို စီးပွားရေးဆိုင်ရာ အန္တရာယ်များမှာ ကုန်ထုတ်လုပ်မှုအခြေခံ ကျဉ်းမြောင်းခြင်း၊ မိမိနိုင်ငံထက် ပိုမိုယှဉ်ပြိုင်နိုင်စွမ်း သာလွန်သော ကမ္ဘာ့ဈေးကွက်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရခြင်း၊ ကုန်ပစ္စည်းအမယ်စုံ မထုတ်လုပ်နိုင်ခြင်း၊ သဘာဝ ဘေးအန္တရာယ်များ ကျရောက်လွယ်ခြင်း နှင့် ပြည်ပမှ သွင်းကုန်များ ဈေးမြင့်တက်နိုင်ခြင်း ကဲ့သို့သော ဖြစ်ရပ်များ ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ထောက်ပြထားပါသည်။ ကမ္ဘာ့ဘဏ်၏ ထောက်ပြချက်အပေါ် နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတို့က အလေးအနက်နှလုံးသွင်း၍ လိုအပ်သကဲ့သို့ ပြင်ဆင် ဆောင်ရွက်မည်ဟု ယုံကြည်ပါသည်။

ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် နိုင်ငံတော်၏ စီးပွားရေးဖွံ့ ဖြိုးတိုး တက်မှုဆိုင်ရာ ဖြစ်စဉ်တွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရန် အရေးကြီး သည်ဟု ထောက်ပြထားခြင်းသည် မူဝါဒပိုင်းဆိုင်ရာ လေးနက်သော အကြံပြုချက်တစ်ရပ်ဟု ခံယူပါသည်။ နိုင်ငံတော်အစိုးရက စီးပွားရေး ဆိုင်ရာမူဝါဒများကို ပြည်သူလူထုထံ ရှင်းလင်းလွယ်ကူစွာ တင်ပြမှသာ ပြည်သူတို့၏ ယုံကြည်ကိုးစားမှု ရရှိမည်ဟူသော ကမ္ဘာ့ဘဏ်၏

အကြံပြုချက်သည် ဒီမိုကရေစီကျင့်စဉ်နှင့် ညီညွတ်သည်သာမက တိုင်းပြည်၏ပကတိအခြေအနေကို ထင်ဟပ်လျက် ရှိသည်ဟု ယူဆပါ သည်။ ကမ္ဘာ့ဘဏ်က ၎င်း၏အစီရင်ခံစာတွင် လူထုအစိုးရသစ်၏ ပထမ ခြောက်လသည် ခက်ခဲသော စီးပွားရေး ဝန်းကျင်အနေအထားတွင် ဆုံးဖြတ်လုပ်ကိုင် ခဲ့ရခြင်းဖြစ်သည်ဟု သုံးသပ်ထားခြင်းသည် နိုင်ငံတော် ၏ လက်ရှိစီးပွားရေး တိုးတက်နှုန်းအပေါ် အားမလိုအားမရဖြစ်နေသော အင်အားစုများအနေဖြင့် အလေးအနက်ထား နှလုံးသွင်းရမည့် အချက်တစ်ရပ် ဖြစ်ပါသည်။

ခြုံ၍တင်ပြရပါက မြန်မာနိုင်ငံသည် ဖွံ့ ဖြိုးတိုးတက်ရန် အလားအလာ ကောင်းများ ပိုင်ဆိုင်ထားပြီးဖြစ်၍ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးကသာ တက်ညီလက်ညီ ကြိုးပမ်း ပါက မကြာမီဖွံ့ ဖြိုးတိုးတက်မှု၏ အသီးအပွင့်တို့ကို ခံစားရမည်ဖြစ် ကြောင်း လေးစားစွာ နှိုးဆော် တင်ပြအပ်ပါသည်။ ။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service