အိမ်ခြံမြေ ဈေးကွက် မျှော်လင့်ချက် အများအားဖြင့် သာယာမည် - Property News in Myanmar from iMyanmarHouse.com
2153 Views

အိမ်ခြံမြေ ဈေးကွက် မျှော်လင့်ချက် အများအားဖြင့် သာယာမည်

ယခု ၂၀၁၇ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ ရန်ကုန် အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်မှာ အတော်လှုပ်လှုပ်ရှားရှား ရှိလာပါတယ်။ မြေကွက် အဝယ်လိုက်လာတဲ့ အနေအထားမျိုးကို တွေ့ရပါတယ်။ ဒါကြောင့်လည်း အိမ်ခြံမြေ အကျိုးဆောင် ပွဲစားများကို ရပ်ကွက် လက်ဖက်ရည်ဆိုင်တိုင်း လိုလိုမှာ စုရုံးစုရုံးနဲ့ ခေါင်းချင်းဆိုင် တိုင်ပင်ဆွေးနွေးနေကြတာကို တွေ့မြင်လာရပါပြီ။

"မန္တလေး အိမ်ခြံမြေ ဈေးကွက် အခြေအနေကလည်း သက်သာ အေးစေ ပါပဲ"

ရန်ကုန် အိမ်ခြံမြေ ဈေးကွက် လှုပ်ရှားလာသလို မန္တလေး အိမ်ခြံမြေ ဈေးကွက်ရော အရောင်းအဝယ် ရှိရဲ့လားလို့ လေ့လာကြည့်မိပါတယ်။ မန္တလေးအိမ်ခြံမြေ ဈေးကွက်ကတော့ အေးစက်စက် ဖြစ်နေဆဲပဲလို့ ပြောကြတယ်။ အရင်အစိုးရလက်ထက် ရွေးကောက်ပွဲတည်းက အေးနေတယ်လို့ သိရပါတယ်။

မန္တလေးမြို့လယ် အိမ်ခြံမြေ ဈေးနှုန်းတွေ လေ့လာကြည့်တဲ့အခါ ယခင်က ပေ၄၀xပေ ၆၀ မြေတစ်ကွက် ရဲ့ ပေါက်ဈေးဟာ သိန်း ၃၅၀၀ အထိ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ သိန်း ၂၅၀၀ အထိ ကျဆင်းနေတယ်လို့ ပြောပါတယ်။ အရင်နှစ်စပိုင်းမှာတော့ အလုပ်အနည်းငယ် ဖြစ်ကြသေးတဲ့ အကြောင်းလဲ သိရပါတယ်။

"အဝယ်မလိုက် အငှားလိုက် ငှားရမ်းခကလည်း ဈေးခေါင်ခိုက်"

လက်ရှိ မန္တလေးအိမ်ခြံမြေ ဈေးကွက် အရောင်းအဝယ် အေးနေပေမဲ့ အိမ်ငှားရမ်းမှုတွေကတော့ များနေတယ်လို့ သိရပါတယ်။ အဓိကကျတဲ့ လမ်းမကြီးများနဲ့ မြို့လယ်ခေါင် လူစည်ကားတဲ့ နေရာ
တွေမှာ အငှားပိုလိုက်တယ်၊ ငှားရမ်းခတွေကလည်း တစ်လ ကျပ် ၁၀သိန်းမှ သိန်း ၄၀ ဝန်းကျင်အထိတောင် ရှိတယ်လို့ သိရပါတယ်။ အတွင်းလမ်းသွယ်တွေမှာတော့ အိမ်ငှားရမ်းခ အနည်းဆုံး တစ်လ နှစ်သိန်းကနေ ငါးသိန်းအထိ ရှိတယ်လို့ သိရပါတယ်။

"တရုတ်နှစ်သစ်ကူးပြီးမှ ဈေးကောင်းလာမယ့် မန္တလေးအိမ်ခြံမြေ ဈေးကွက်"

ယခုနှစ် မန္တလေးအိမ်ခြံမြေ ဈေးကွက် ရှေးအလားအလာကို မျှော်မှန်းကြည့်မယ်ဆိုရင် ဇန်နဝါရီလကုန်ပိုင်းမှာ နှစ်သစ်ကူးပြီးတာနဲ့ အရောင်းအဝယ်တွေ ပိုမိုကောင်းလာနိုင်တယ်လို့ မန္တလေးအိမ်ခြံမြေ အကျိုးဆောင်တွေက မျှော်လင့်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်ဝယ်လက်တွေက သူတို့ရဲ့ ပြည်မတရုတ်ပြည် ကို ပြန်ကြတာ များတဲ့အတွက်အကြောင့်လို့ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင် ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

နှစ်သစ်ကူး ကာလပြီးရင်တော့ အိမ်ခြံမြေဈေးကွက် တစ်ပတ် ပြန်လည် ကောင်းလာမယ်။ အထူးသဖြင့် တရုတ်ဝယ်လက်တွေက မြေကွက်ကျယ်တဲ့ ဧကကွက်တွေကို ပိုမို စိတ်ဝင်စားတယ်လို့ သိရပါတယ်။ လက်ရှိအခြေအနေမှာ မြေကွက်ဈေးတွေ ကျနေတာကြောင့် ဝယ်ယူပြီး လှောင်ထားတတ်ကြပါတယ်။ ဒီလိုဆိုရင် အရောင်းအဝယ်က လှုပ်လာမှာ သေချာတယ်လို့ ဝါရင့်အကျိုးဆောင် တစ်ဦးထံမှ သိရပါတယ်။

"တရုတ်နိုင်ငံရဲ့ စီးပွားရေး လုပ်ကိုင်မှုပုံစံ အပြောင်းအလဲကြောင့် ရင်းနှီးမြှုပ်နှံမှု မြန်မာနိုင်ငံထဲ ဝင်လာဖို့ ပြင်ဆင်နေ"

ဒါ့အပြင် ယနေ့တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်မှုပုံစံ ပြောင်းလဲလာတဲ့အတွက် အခြားသော နိုင်ငံများဆီသို့ ရွှေ့ပြောင်းလုပ်ကိုင်ကြ ပြင်ဆင်နေကြတယ်။ အဲ့ဒီလို ရွှေ့ပြောင်းရင်းနှီးမြှုပ်နှံလာတဲ့အခါမှာ မြန်မာနိုင်ငံမှာလည်း လာရောက် ရင်းနှီးမြှုပ်နှံဖို့အတွက် ဆောင်ရွက်နေကြပြီလို့ သိရပါတယ်။

အဲ့ဒီလို တရုတ်နိုင်ငံ စီးပွားရေး လုပ်ကိုင်မှုပုံစံ အပြောင်းအလဲကြောင့် ရင်းနှီးမြှုပ်နှံမှုတစ်ချို့ကို Third Country တခြားနိုင်ငံတွေကို ရွှေ့ဖို့ စဉ်းစားတဲ့ အချိန်မှာ မြန်မာနိုင်ငံက အဲ့ဒီရွှေ့မယ့် ရင်းနှီးမြှုပ်နှံမှုတွေကို အမိအရ ဖမ်းဆုပ်နိုင်ဖို့ဟာ ကျွန်တော်တို့ startegy မှာ ပါတယ် ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။ ယင်းပြောစကားအရ မြန်မာနိုင်ငံ အိမ်ခြံမြေ ဈေးကွက် မှာလည်း တရုတ်လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံကြမယ်လို့ မျှော်လင့်လို့ ရပါတယ်။


လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service