အထပ်မြင့်စီမံကိန်း ထပ်မံတည်ဆောက်ရန် အသစ်လျှောက်ထားမှု နည်းပါးနေဟုဆို - Property News in Myanmar from iMyanmarHouse.com
867 Views

အထပ်မြင့်စီမံကိန်း ထပ်မံတည်ဆောက်ရန် အသစ်လျှောက်ထားမှု နည်းပါးနေဟုဆို

ရန်ကုန်မြို့တွင် ကိုးထပ်နှင့်အထက် အထပ်မြင့် စီမံကိန်းအသစ်များ ထပ်မံတည်ဆောက်ရန် လျှောက်ထားသည့်အရေအတွက် အနည်းငယ်သာ ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်း ရရှိသည်။

‘‘ဒီဇင်ဘာထဲမှာ လာလျှောက် ထားတာ နှစ်ခု၊ သုံးခုရှိနေပြီ။ သူ တို့ကို ချက်ချင်းကြီး ခွင့်ပြုတဲ့ အဆင့်တော့ မရောက်သေးဘူး စစ် ဆေးနေဆဲပဲ’’ ဟု အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေး ဌာနမှ ဌာနမှူး ဦးအောင်ဆန်းဝင်း က ပြောသည်။

၎င်းတို့ တင်ပြလာမှုများအ ပေါ် အချိန်ယူစစ်ဆေးပြီးမှသာ တည်ဆောက်ခွင့်ပါမစ် ထုတ်ပေး မည်ဟု ဦးအောင်ဆန်းဝင်းက ဆို သည်။

အစိုးရသစ်တက်ပြီးနောက် ပိုင်း ခြောက်လခန့် ခေတ္တရပ်ဆိုင်း ခြင်းခံရသည့် ရန်ကုန်မြို့ရှိ အ ထပ်မြင့်၊ အထပ်နိမ့် ဆောက်လုပ်ရေး လုပ်ငန်းများ အားလုံးကို နိုဝင် ဘာ ဒုတိယပတ်တွင် ပြန်လည်ခွင့် ပြုပေးခဲ့ရာ လာရောက် လျှောက် ထားသည့် အလုံးရေ နည်းပါးနေ ခြင်းဖြစ်သည်။

ယခင်က ရန်ကုန်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းများကို အသစ် တည်ဆောက်ရန် လာ ရောက်တင်ပြသည့် အဆောက်အ အုံများနှင့် ဆောက်လုပ်ဆဲများကို မူအသစ်ဖြင့်သာ ခွင့်ပြုမည်ဟု သ တင်းများထွက်ပေါ်ခဲ့သည်။

လက်ရှိတွင် အသစ်တည် ဆောက်ရန် လာရောက်တင်ပြ သည့်အထပ်နိမ့်၊ အထပ်မြင့်အား လုံးကို မူအဟောင်းဖြင့်သာ လက် ခံခွင့်ပြုပေးနေသည်ဟု ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီတွင် စည် ပင်ဥပဒေပြောင်းလဲရန်ရှိနေခြင်း ကြောင့် အထပ်နိမ့်၊ အထပ်မြင့် တည်ဆောက်သူများက ဈေးကွက်၌ အရေအတွက်များများ မတည်ဆောက်တော့ဘဲ မူဝါဒ အပြောင်းအလဲကို စောင့်ကြည့်နေခြင်းဖြစ်နိုင်ကြောင်း ထွန်းဆောက်လုပ်ရေး ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ကိုလားဆယ်က ပြောသည်။

‘‘၀ယ်လိုအားနဲ့ ရောင်းလို အားအပေါ်မူတည်ပြီး အလုံးရေ လျော့သွားတာလည်းဖြစ်နိုင်တယ်။ အရင်တုန်းကလို ကြိုပွိုင့်ကို အားကိုးပြီး ဆောက်တာတွေဘယ်သူမှ မလုပ်ရဲတော့ဘူး’’ဟု ကိုလားဆယ်က ပြောသည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service