ကွန်ဒိုအိမ်ရာတွေ ဘာကြောင့်ရောင်းအားကျသလဲ - Property News in Myanmar from iMyanmarHouse.com
851 Views

ကွန်ဒိုအိမ်ရာတွေ ဘာကြောင့်ရောင်းအားကျသလဲ

ဒီဇင်ဘာလရဲ့ အစကနဦးရက်တွေမှာ ရန်ကုန်မြို့ ဒဂုံမြို့နယ်ထဲက တပ်မတော်ခန်းမမှာ အိမ် ခြံ မြေ အရောင်းပြပွဲတွေလုပ်ခဲ့ပါတယ်။အိမ် ခြံ မြေ အရောင်းအဝယ်သတင်းတွေကို စိတ်ဝင်စားသူတစ်ယောက်အနေနဲ့ ဒီပွဲကိုအရောက်သွားဖြစ်ခဲ့ပါတယ်။ဒီလိုရောက်ပြီးတွေ့မြင်ခဲ့ရ
တာတွေထဲက ထူးခြားတာလေး ပြန်မျှဝေပါဆိုရင်တော့ ဈေးနှုန်းနဲ့ ဝယ်ယူမှုအပိုင်းကိုပဲ ထောက်ပြပြောဆိုရမှာပါ။

ဈေးနှုန်းအပိုင်းမှာ ကွန်ဒိုတွေရဲ့ေ ခ်ါဈေးဟာ အရင်အချိန်တွေထက် ဈေးအောက်ရောက်နေခဲပါတယ်။ရောင်းချမှုအပိုင်းမှာ ထူးခြားမှုကတော့ အရစ်ကျစနစ်တွေနဲ့ ၄၀ ရာခိုင်နှုန်းလောက်အထိ လျှော့ဈေးပေးရောင်းချနေခဲ့တာတွေတွေ့ရပါတယ်။
ဒါဟာ ပုံမှန်အခြေအနေမှာ ဝယ်သူကြိတ်ကြိတ်တိုးနေရမယ့် အနေအထားတစ်ရပ်ဖြစ်ပေမယ့် တကယ့်မြေပြင်အခြေအနေမှာတော့ ဝယ်ယူသူမရှိတာကိုတွေ့ခဲ့ရပါတယ်။

""ကွန်ဒိုဈေးကွက်ဘာကြောင့်အေးသွားခဲ့ရသလဲ""

ရန်ကုန်တိုင်းအိမ်ခြံမြေလုပ်ငန်းရှင်အသင်းဥက္ကဌဖြစ်သူ ဦးစိုင်းခွန်နောင်ကတော့ အခုလိုဘဲ သုံးသပ်ပြောဆိုပါတယ်။
""ကွန်ဒိုတွေ ဘာကြောင့်ရောင်းအားကျသွားသလဲဆိုတာပြောရရင်တော့အချက်သုံးချက်
နဲ့ပြောရမှာပေါ့။ပထမတစ်ချက်ကတော့ အခုလိုကွန်ဒိုဈေးကွက်မအေးခင်မှာ ကွန်ဒို developer တွေရဲ့ဖြစ်ခဲ့တဲ့ပြသနာတွေပေါ့။ပြသနာတွေဆိုတာက နှစ်ထပ်ရောင်း သုံးထပ်ရောင်းတွေဖြစ်ခဲ့တယ်။ပြီးတော့ ကွန်ဒိုတွေဆောက်နေရင်းတန်းလန်းမှာဘဲ အထပ်မြင့်တွေရပ်ဆိုင်းခံရတော့ အခန်းတွေမအပ်နိုင်ဘူး ။ဒါ ဖြစ်ပြီးတော့ နံပတ် ၂ အနေနဲ့ ဈေးကွက်အေးသွားတာပေါ့။နောက်တစ်ခုကဘာဖြစ်ခဲ့လဲဆိုရင် အချိန်မှီအခန်းတွေမအပ်နိုင်တဲ့အတွက် customer တွေဘက်ကယုံကြည်မှုအားလျော့သွားတယ်။ကြိုပွိုင့်ဝယ်ရတာလေ သူက။အဲဒါတွေနဲ့တစ်ဆက်တည်းမှာဘဲ ဈေးကအေးသွားတယ်။နံပတ် သုံး အချက်ကယုံကြည်မှုအားလျော့တာနဲ့အမျှ ဈေးကွက်ကအေးတယ်။ဆောက်
လုပ်စတိုက်တွေကလည်းဆက်မဆောက်နိုင်ဘူး။ပြီးမြောက်မှုကလည်း
နှေးကွေးတယ်။နောက်ပြီး တချို့ဆိုရင် ရပ်ကိုနေရတယ်။ဒါတွေအကုန်လုံး တိုက်ဆိုင်လို့ ဖြစ်တာလို့သုံးသပ်မိတယ်။"""လို့ ပြောပြခဲ့ပါတယ်။

ဒီနှစ် အတွင်းမှာ ကျဆင်းသွားခဲ့တဲ့ အိမ် ခြံ မြေ အဝန်းအဝိုင်းမှာ ကွန်ဒိုအိမ်ရာတွေသာ မကဘဲ အားလုံးကိုလည်းရိုက်ခတ်ခဲ့တယ်လို့ အကျိုးဆောင်အားလုံးကတညီတညွတ်တည်းသုံးသပ်ပြောဆိုကြပါတယ်။အမှန်တကယ်မှာလည်း ဒီနှစ် အိမ် ခြံ မြေ ဟာ ကပ်ဆိုက်ခဲ့တဲ့ နှစ်တစ်နှစ်လို့ပဲ သုံးသပ်ပြောဆိုရမှာပါ။လာမယ့်နှစ်မှာတော့ အထပ်မြင့်တွေပြန်လည်ခွင့်ပြုလာမှု၊ နိုင်ငံရေးအခြေအနေ တိုးတက်ကောင်းမွန်မှု၊ ကွန်ဒိုဥပဒေ၊ ရင်းနှီးမြုပ်နှံမှုဥပဒေတွေပေါ်ထွန်းလာပါက အပေါင်းလက္ခဏာဆောင်တဲ့ ဈေးကွက်တစ်ရပ်အဖြစ်
ပြန်လည်ဦးမော့လာနိုင်ဖွယ်ရှိကြောင်း တင်ပြရေးသားလိုက်ရပါတယ်။

မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service