ကန်သာယာစင်တာရှိ  ကွန်ဒိုတိုက်ခန်းတွေ ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ပြီး  ၁၀ နှစ်အရစ်ကျ ဝယ်ယူနိုင် - Property News in Myanmar from iMyanmarHouse.com
2398 Views

ကန်သာယာစင်တာရှိ  ကွန်ဒိုတိုက်ခန်းတွေ ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ပြီး  ၁၀ နှစ်အရစ်ကျ ဝယ်ယူနိုင်

ရန်ကုန်မြို့ရှိ ကန်သာယာစင်တာမှာရှိတဲ့ ကွန်ဒိုတိုက်ခန်းတွေကို ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ပြီး ၁၀ နှစ် အရစ်ကျစနစ်နဲ့ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

ကွန်ဒိုတိုက်ခန်းတွေအတွက် စတုရန်း တစ်ပေပတ်လည်ကို ကျပ် ၂၂၈,ဝ၀ဝ နဲ့ စတင်ရောင်းချသွားမယ်လို့သိရပြီး ရုံးခန်း အသုံးပြုလိုသူတွေအနေနဲ့ အထပ်ပေါင်း ၂၂ ထပ်မှာ အခန်းပေါင်း ၁၆၈ ခန်းရှိ ကြောင်း သိရပါတယ်။ ရုံးခန်းတွေကို ဝယ်ယူလိုသူ၊ ငှားရမ်းလိုသူတွေအနေနဲ့ Management Fee သုံးနှစ်စာ အခမဲ့ကို ရရှိမယ်လို့ သိရပါတယ်။

“ကန်သာယာစင်တာက တိုက်ခန်းတွေ၊ ရုံးခန်းတွေကို အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်ပါတယ်၊ ၁၀ နှစ်ကြာတဲ့အထိ အရစ်ကျပေးချေနိုင်ပြီး ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ရောင်းချပေးနေပါတယ်၊ အရစ်ကျကတော့  တစ်လချင်း သတ်မှတ်ထားပေမဲ့ အဆင်ပြေအောင်လဲ ပြုလုပ်ပေးနေပါတယ်”လို့ ကန်သာယာစင်တာအရောင်းပြခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဝယ်ယူလိုသူတွေအနေနဲ့ ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ကာ ၁၀ နှစ်အရစ်ကျစနစ်နဲ့ ငွေပေးသွင်းရမှာ ဖြစ်ပါတယ်။ Residence Tower ကို တစ်ထပ်မှာ ၃.၂ မီလီမီတာ အမြင့်ရှိတဲ့ အခန်း ခြောက်ခန်း ပါရှိပြီး လေဝင်လေထွက်အထူးကောင်းမွန်တဲ့ ဆန်းသစ် သော ဒီဇိုင်းဖြင့်တည် ဆောက်ထားတယ်လို့ သိရပါတယ်။

အထပ်ပေါင်း ၂၅ ထပ်မှာ အခန်းပေါင်း ၁၃၂ ခန်းပါဝင်မှာဖြစ်ပြီး ကားအစီးရေ ၅၀ဝ ခန့် ရပ်နားနိုင်တဲ့ ကားပါကင်လည်း ပါရှိတဲ့ နိုင်ငံတကာ အဆင့်မီ တည်ဆောက် နေသော စီမံကိန်းတစ်ခုဖြစ်တယ်လို့ သိရ ပါတယ်။ Residence Tower ဝယ်ယူ ထားသူတွေအနေနဲ့ အခန်းသော့တွေကို ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ပေးအပ်သွားမယ်လို့ သိရပါတယ်။ ကန်သာယာစင်တာ စီမံကိန်းမှာ ကန်တော်ကြီး ဥယျာဉ်အနီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဦးအောင်မြတ်လမ်းနဲ့ ကန်ရိပ်သာလမ်းထောင့်ရှိ မြေဧက ၃.၅၃ ဧက အကျယ်အဝန်းရှိ မြေပေါ်မှာ တည်ဆောက်နေတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။


Credit: Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service