ကာတာနိုင်ငံတွင် ၂၀၂၂ ကမ္ဘာ့ဖလားအားကစားကွင်း ဆောက်လုပ်ရန် ကာတာနှင့် တရုတ်ပူးတွဲရရှိ - Property News in Myanmar from iMyanmarHouse.com
2195 Views

ကာတာနိုင်ငံတွင် ၂၀၂၂ ကမ္ဘာ့ဖလားအားကစားကွင်း ဆောက်လုပ်ရန် ကာတာနှင့် တရုတ်ပူးတွဲရရှိ

ကာတာနိုင်ငံ၏မြို့တော် ဒိုဟာအနီးတွင် လူ ၈၀၀၀၀ ၀င်ဆန့်သည့် Lusail အမည်ရှိ အားကစားကွင်းကြီးကို ဆောက်လုပ်မည်ဖြစ်ရာ အဆိုပါကွင်းဆောက်လုပ်ရန်အတွက် ကာတာထိပ်တန်းဆောက်လုပ်ရေးကုမ္ပဏီ HBK Contracting နှင့် တရုတ်ရထားလမ်း ဆောက်လုပ်ရေး ကော်ပိုရေးရှင်း (CRCC) တို့က ပူးတွဲဆောက်လုပ်ရန် ကန်ထရိုက်ရရှိသွားကြောင်း အရှေ့အလယ်ပိုင်း အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Lusail အားကစားကွင်း၏ ဒီဇိုင်းကို ရေးဆွဲပေးသည်မှာ ဗြိတိန်ဗိသုကာအဖွဲ့ဖြစ်သော Foster + Partners မှ ဖြစ်သည်။
ဒိုဟာမြို့မြောက်ဘက် ၂၀ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိသော Lusail မြို့သစ်ကြီးတွင် ဆောက်လုပ်မည်ဖြစ်ပြီး အဆိုပါမြို့သစ်ကြီးကို ကန်ဒေါ်လာ ၄၅ ဘီလီယံအကုန်အကျခံ၍ တည်ဆောက်ထားခြင်း ဖြစ်သည်။

အားကစားကွင်း ဆောက်လုပ်မှုများကို လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်မည်ဟု ရည်မှန်းထားပြီး ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလား (ကာတာ) ၏ ဖွင့်ပွဲနှင့် ဗိုလ်လုပွဲများ လက်ခံကျင်းပမည် ဖြစ်သည်။

Lusail မြို့ အနောက်ဘက်စွန်း အမြန်လမ်းမကြီးအနီးရှိ စတုရန်းတစ်ကီလိုမီတာ ကျယ်ဝန်းသည့် မြေကွက်ပေါ်တွင် ဆောက်လုပ်မည် ဖြစ်သည်။

နောက်ပိုင်းတွင် ယင်းနေရာကို ဇာတ်ရုံခရိုင်အဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး အရှေ့အလယ်ပိုင်းတွင် ပထမဆုံးဖြစ်လာမည် ဖြစ်သည်။
ကန်ထရိုက်ရရှိသွားသည့် HBK Contracting ၏ ဥက္ကဌ ရှိတ် အလီ ဘင် ဟာမက် ကေ အယ်လ် သာနီက ပြောကြားရာတွင် “ဒီလို အထင်ကရပြယုဂ်ဖြစ်တဲ့ အားကစားကွင်းကြီးဆောက်ဖို့ ကျွန်တော်တို့ကို ယုံယုံကြည်ကြည်တာဝန်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒီလိုသမိုင်းဝင် အမျိုးသားစီမံကိန်းကြီးတစ်ခုမှာ ပါဝင်ရတာ ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ရဲ့ မိတ်ဘက်ဖြစ်တဲ့ CRCC နဲ့ လက်တွဲပြီး အကောင်းဆုံးကြိုးပမ်းသွားမှာဖြစ်ပြီး သဘောတူညီထားတဲ့ deadlines အတိုင်း ပြီးစီးနိုင်ဖို့လည်း ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

CRCC အင်တာနေရှင်နယ် လိမိတက် ၏ ဥက္ကဌ ရှုလိုင်က ပြောကြားရာတွင် “တရုတ်နိုင်ငံ၊ အင်ဂျင်နီယာနဲ့ ဆောက်လုပ်ရေးကဏ္ဍမှာ ဦးဆောင်ကုမ္ပဏီတစ်ခုအနေနဲ့ Lusail အားကစားကွင်းကြီးကို ဆောက်လုပ်ရာမှာ ကာတာမိတ်ဘက် HBK နဲ့ လက်တွဲခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service