အိန္ဒိယပြည်နယ် ၅ ခုတွင် ဆင်းရဲသားပြည်သူများအတွက် တန်ဖိုးနည်းနေအိမ်ပေါင်း ၈၄၅၀၀ ခန့် ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
957 Views

အိန္ဒိယပြည်နယ် ၅ ခုတွင် ဆင်းရဲသားပြည်သူများအတွက် တန်ဖိုးနည်းနေအိမ်ပေါင်း ၈၄၅၀၀ ခန့် ဆောက်လုပ်မည်

အိန္ဒိယနိုင်ငံတွင် အနောက်ဘင်ဂေါနှင့် ပန်ဂျပ်ပြည်နယ်တို့အပါအ၀င် ပြည်နယ် ၅ ခုတွင် ဆင်းရဲသားများအတွက် တန်ဖိုးနည်း နေအိမ်ပေါင်း ၈၄၅၀၀ ခန့် ဆောက်လုပ်သွားမည့် စီမံကိန်းကို ဗဟိုအစိုးရက အတည်ပြုလိုက်ကြောင်း အိန္ဒိယ အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယင်းစီမံကိန်းအတွက် ရူပီးငွေ ၃၀ ဘီလီယံကျော် (၃၀၇၃၀ သန်း) ခန့် ကုန်ကျမည်ဖြစ်ပြီး ဗဟိုအစိုးရမှ ၁၂ ဘီလီယံကျော် (၁၂၅၆၀ သန်း) ခန့် ထောက်ပံ့ကူညီသွားမည် ဖြစ်သည်။

အိုးအိမ်နှင့် မြို့ပြဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးဝန်ကြီးဌာနသည် ဟန္ဒီဘာသာအားဖြင့် Pradhan Mantri Awas Yojana (၀န်ကြီးချုပ်၏ အိမ်ရာစီမံကိန်း) ဟုအမည်ရသော စီမံကိန်းဖြင့် မြို့ပြနေ ဆင်းရဲသားများအတွက် တန်ဖိုးနည်းနေအိမ်ပေါင်း ၈၄၄၆၀ ဆောက်လုပ်မည့် စီမံကိန်းကို အတည်ပြုလိုက်သည်ဟု တရားဝင်ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

အနောက်ဘင်ဂေါပြည်နယ်တွင် နေအိမ်ပေါင်း ၄၇၃၇၉ လုံး ဆောက်လုပ်မည်ဖြစ်ပြီး ရူပီးငွေ ၁၉ ဘီလီယံကျော် (၁၉၁၈၀ သန်း) ကုန်ကျမည်ဖြစ်သည်။
ပန်ဂျပ်ပြည်နယ်တွင်မူ နေအိမ်ပေါင်း ၁၅၂၀၉ လုံးဆောက်လုပ်မည်ဖြစ်ကာ ရူပီးငွေ ၄ ဘီလီယံကျော် (၄၂၄၀ သန်း) ကုန်ကျမည် ဖြစ်သည်။
မဏိပူရပြည်နယ်တွင်ကား တန်ဖိုးနည်းအိမ်ရာ ပထမဆုံးအကြိမ် ဆောက်လုပ်ခြင်းဖြစ်ပြီး နေအိမ်ပေါင်း ၃၀၉၀ ခန့် ဆောက်လုပ်မည်ဖြစ်ကာ ရူပီးငွေ သန်း ၈၈၀ ကုန်ကျမည် ဖြစ်သည်။

အိန္ဒိယတွင် Pradhan Mantri Awas Yojana (၀န်ကြီးချုပ်၏ အိမ်ရာစီမံကိန်း) ကို ယခင် ၂၀၁၅ ခုနှစ်ကတည်းကပင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး တန်ဖိုးနည်းနေအိမ်ပေါင်း ၁၀၉၅၈၀၄ ဆောက်လုပ်ရန် ရည်မှန်းထားပြီး စုစုပေါင်းကုန်ကျစရိတ်အားဖြင့် ရူပီးငွေ ၆၂၇ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ဗဟိုအစိုးရမှ ၁၆၂ ဒသမ ၈၉ ဘီလီယံထောက်ပံ့ရန် အတည်ပြုထားခဲ့ပြီးလည်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service