ဘရက်ပစ်နှင့်အင်ဂျလီနာဂျိုလီကွာရှင်းပြတ်စဲမှုတွင် နေအိမ်များ ဆက်တိုက်ရောင်းထုတ်လျက်ရှိရာ နယူးအော်လင်းရှိနေအိမ်ကြီးကိုလည်းကန်ဒေါ်လာ ၅ သန်းခန့်ဖြင့် ဈေးခေါ်ထား - Property News in Myanmar from iMyanmarHouse.com
573 Views

ဘရက်ပစ်နှင့်အင်ဂျလီနာဂျိုလီကွာရှင်းပြတ်စဲမှုတွင် နေအိမ်များ ဆက်တိုက်ရောင်းထုတ်လျက်ရှိရာ နယူးအော်လင်းရှိနေအိမ်ကြီးကိုလည်းကန်ဒေါ်လာ ၅ သန်းခန့်ဖြင့် ဈေးခေါ်ထား

ဘရက်ပစ်နှင့်အင်ဂျလီနာဂျိုလီတို့သည် ကွာရှင်းပြတ်စဲရန် အပြီးသတ်စီစဉ်လျက်ရှိစဉ်အတွင်းနေအိမ်များဆက်တိုက်ရောင်းထုတ်လျက်ရှိရာနယူးအော်လင်းရှိနေအိမ်ကြီးကိုလည်းကန်ဒေါ်လာ ၅ သန်းခန့်ဖြင့် ဈေးခေါ်ထားကြောင်းနယူးအော်လင်းအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ပြီးခဲ့သောအောက်တိုဘာလကုန်ပိုင်းကလည်း ပြင်သစ်ရှိစပျစ်ခြံကြီးနှင့် နေအိမ်ကြီးကိုကန်ဒေါ်လာ ၄၉ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ရာအဆိုပါသတင်းကို iMyanmarHouse.com တွင် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/529537 လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
ဂျိုလီနှင့် ဘရက်ပစ်တို့ကွာရှင်းပြတ်စဲမည်ဟူသောသတင်းမှာစက်တင်ဘာလအတွင်းကပင် ထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီးကွာရှင်းပြတ်စဲရေးလုပ်ငန်းစဉ်များဆောင်ရွက်နေစဉ်တွင် နှစ်ဦးပိုင်နေအိမ်များအားလုံးကိုအရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။

ယခုရောင်းချမည့်နေအိမ်မှာနယူးအော်လင်းပြည်နယ်၊ ပြင်သစ်ရပ်ကွက်၊ အမှတ် ၅၂၁၊ ဂါဗာနာနီကိုးစိန့်လမ်းတွင်တည်ရှိပြီးကန်ဒေါ်လာ ၄ ဒသမ ၉ သန်းဈေးခေါ်ထားသည်။
နေအိမ်အကျယ်အ၀န်းမှာ စတုရန်းပေ ၇၆၄၅ ကျယ်ဝန်းပြီး ၁၉၃၀ ပြည့်လွန်နှစ်များအတွင်းဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
သုံးထပ်အဆောက်အအုံတစ်လုံးဖြစ်ပြီး ၂၀၀၇ ခုနှစ်အတွင်း ဂျိုလီတို့ ဇနီးမောင်နှံကကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် ၀ယ်ယူထားခဲ့ခြင်းဖြစ်ရာယခုခေါ်ဈေးဖြင့် ရောင်းထွက်မည်ဆိုပါကကန်ဒေါ်လာတစ်သန်းကျော် မြတ်စွန်းမည် ဖြစ်သည်။

၂၀၀၅ ခုနှစ်ကကာထရီးနားဟာရီကိန်းမုန်တိုင်းကြီးတိုက်ခတ်စဉ်အတွင်းထိခိုက်ပျက်စီးမှုများရှိခဲ့သည်။ မုန်တိုင်းကြီးဝင်ရောက်ပြီးနောက် ယင်းနေအိမ်ကို ၀ယ်ယူလိုက်ကြခြင်း ဖြစ်သည်။
အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၅ ခန်းပါဝင်ပြီးနေအိမ်အတွင်းတွင် ခေါင်းလောင်းများ၊ ခရာများများစွာဖြင့် မွမ်းမံအလှဆင်ထားသည်။

အင်ဂျလီနာဂျိုလီနှင့် ဘရက်ပစ်တို့သည် စေ့စပ်ညှိနှိုင်း၍ မရနိုင်တော့သောသဘောထားကွဲမှုများကြောင့် လမ်းခွဲခဲ့ကြခြင်းဖြစ်ပြီး ဂျိုလီကမွေးစားကလေး ၆ ဦးဖြစ်သောမက်ဒေါ့ဇ်၊ ပက်ဇ်၊ ဇဟာရာ၊ ရှီလို၊ ဗီဗီယန်နီနှင့် နော့ဇ်တို့ကိုထိန်းသိမ်းခွင့်တောင်းဆိုထားသည်ဟုဆိုသည်။
ကလေးများ၏ အရွယ်မှာ ၈ နှစ်မှ ၁၅ နှစ်အကြား ဖြစ်သည်။
အဆိုပါနေအိမ်ကို ၁၈၃၀ ပြည့်လွန်နှစ်များတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်း ၂၀၀ နီးပါးသက်တမ်းရှိပြီ ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဘရက်ပစ်နှင့်အင်ဂျလီနာဂျိုလီကွာရှင်းပြတ်စဲမှုတွင် နေအိမ်များ ဆက်တိုက်ရောင်းထုတ်လျက်ရှိရာ နယူးအော်လင်းရှိနေအိမ်ကြီးကိုလည်းကန်ဒေါ်လာ ၅ သန်းခန့်ဖြင့် ဈေးခေါ်ထား - Property News in Myanmar from iMyanmarHouse.com
ဘရက်ပစ်နှင့်အင်ဂျလီနာဂျိုလီကွာရှင်းပြတ်စဲမှုတွင် နေအိမ်များ ဆက်တိုက်ရောင်းထုတ်လျက်ရှိရာ နယူးအော်လင်းရှိနေအိမ်ကြီးကိုလည်းကန်ဒေါ်လာ ၅ သန်းခန့်ဖြင့် ဈေးခေါ်ထား - Property News in Myanmar from iMyanmarHouse.com
ဘရက်ပစ်နှင့်အင်ဂျလီနာဂျိုလီကွာရှင်းပြတ်စဲမှုတွင် နေအိမ်များ ဆက်တိုက်ရောင်းထုတ်လျက်ရှိရာ နယူးအော်လင်းရှိနေအိမ်ကြီးကိုလည်းကန်ဒေါ်လာ ၅ သန်းခန့်ဖြင့် ဈေးခေါ်ထား - Property News in Myanmar from iMyanmarHouse.com
ဘရက်ပစ်နှင့်အင်ဂျလီနာဂျိုလီကွာရှင်းပြတ်စဲမှုတွင် နေအိမ်များ ဆက်တိုက်ရောင်းထုတ်လျက်ရှိရာ နယူးအော်လင်းရှိနေအိမ်ကြီးကိုလည်းကန်ဒေါ်လာ ၅ သန်းခန့်ဖြင့် ဈေးခေါ်ထား - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service