ကြည့်မြင်တိုင်တဖက်ကမ်းရှိ ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်းကို တနှစ်အတွင်း စတင်အကောင်အထည်ဖော်မည် - Property News in Myanmar from iMyanmarHouse.com
15446 Views

ကြည့်မြင်တိုင်တဖက်ကမ်းရှိ ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်းကို တနှစ်အတွင်း စတင်အကောင်အထည်ဖော်မည်

ကြည့်မြင်တိုင်တဖက်ကမ်းတွင် ရန်ကုန်မြို့သစ်စီမံကိန်းကို တနှစ်အတွင်းစတင်အကောင်အထည်ဖော်မည်ဖြစ် ကြောင်း၊ လက်ရှိတွင် စီမံကိန်း၏အသေးစိတ်အစီအစဉ်များ၊ ဒီဇိုင်းများရေးဆွဲနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောသည်။

''တနှစ်အတွင်း စပြီးတော့ အကောင်အထည်ဖော်မှာပါ။ အခုနှစ်အတွင်းမှာ တင်ဒါခေါ်နိုင်ပါတယ်။ ရန်ကုန် တိုင်းဒေသကြီး အစိုးရက အားလုံးအစီ အစဉ်ဆွဲပြီးပြီ။ ဒီဇိုင်းတွေလည်းရေးပြီးပြီဆိုရင် လွှတ်တော်ကို လာတင် ပြမယ်။ လွှတ်တော်ကလည်း မေးခွန်းတွေမေးမယ်။ လွှတ်တော်က အတည်ပြုပြီးရင် တင်ဒါခေါ်လို့ရတာပေါ့။ စီမံကိန်းတွေနဲ့ပတ်သက်ပြီး အစိုးရက အခုမှစပြီးလုပ်နေတာဖြစ်တယ်။ ကြည့်မြင်တိုင်တဖက်ကမ်းကနေစပြီး အကောင်အထည်ဖော်မယ်လို့ သတင်းပေးထားတာလည်း ရှိပါတယ်''ဟု စက်တင် ဘာ ၂၉ ရက် တိုင်းလွှတ်တော်အစည်းအဝေးအပြီးတွင် ၎င်းက ပြောသည်။

ကြည့်မြင်တိုင်တဖက်ကမ်း၊ တွံတေးနှင့် ဆိပ်ကြီး ခနောင်တိုမြို့နယ်များရှိ စုစုပေါင်းမြေဧက နှစ်သောင်းကျော်ပါဝင်သည့် အဆိုပါစီမံ ကိန်းအကောင် အထည်ဖော်ရန် ယခင် အစိုးရလက်ထက်တွင် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများအားလုပ်ဆောင်ခွင့်ပေးမည် မဟုတ်ဘဲ တင်ဒါသစ်ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းကို အကောင်အထည်ရန် ယခင်အစိုးရလက်ထက်က ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီသုံးခုမှာ ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး၊ အများနှင့်သက်ဆိုင်သောကုမ္ပဏီ၊ Business Capital City Development Ltd နှင့် ရွှေသံလွင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပါးအပြည်ပြည်ဆိုင်ရာဆောက်လုပ်ရေးကုမ္ပဏီ လီမိတက်တို့ဖြစ်ကြသည်။

''အခုတိုင်း ဒေသကြီးအစိုးရက သတင်းပေးထားတာက ဒီမြို့သစ်စီမံကိန်းကို ကြီးကြပ်မယ်။ ဒီဇိုင်းရေးဆွဲမယ်။ အဲလို ယှဉ်ပြိုင်တဲ့အခါမှာ အရင်တုန်းကယှဉ်ပြိုင်ခဲ့တဲ့ ကုမ္ပဏီသုံးခုကိုလည်း ၀င်ပြီးတော့ ယှဉ်ပြိုင်ခိုင်းမယ်။
ဝင်ချင် တဲ့ကုမ္ပဏီ အားလုံးကိုလည်း ၀င်ပြိုင်ခိုင်းပြီးတော့ ပြန်ပြီးရွေးချယ်မယ်။ ဒါဟာနည်းလမ်းကျတဲ့ လုပ်ငန်း ဖြစ်တယ်လို့လည်း လွှတ်တော်ဘက်က သုံးသပ်ထားပါတယ်''ဟု ၎င်းက ပြောသည်။

မဟာရန်ကုန်မြို့ပြဖွံ့ဖြိုး ရေး မဟာဗျူဟာစီမံကိန်းအရ ရန်ကုန်မြို့ကို မြို့တိုးချဲ့ရန် ဦးစားပေး(၁) ရန်ကုန်အရှေ့ပိုင်းမြို့သစ် ၁၇၃၇၅ ဧက၊ ဦးစားပေး(၂) ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ် (ရန်ကုန်မြို့သစ်)၂၁၇၁၆ ဧက၊ ဦးစားပေး (၃) သန်လျင်မြို့သစ် ၂၁၁၉၃ ဧက၊ ဦးစားပေး(၄) ဒလမြို့သစ် ၁၅၁၇၃ ဧက၊ ဦးစားပေး(၅) ထန်းတပင်မြို့သစ် ၂၄၇၄၈ ဧက၊ ဦးစား ပေး(၆)မှော်ဘီမြို့သစ် ၁၁၅၉၄ ဧကနှင့် ဦးစားပေး(၇)လှည်းကူးမြို့သစ် ၆၉၃၃ ဧက စုစုပေါင်း ၁၁၈၇၃၂ ဧက လျာထားကြောင်း ယခင်အစိုးရက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Credit: Nwes Watch

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service