တရုတ်နိုင်ငံရှိမဟာတံတိုင်းကြီးအနီးတွင် ကမ္ဘာ့မြေအောက်အနက်ရှိုင်းဆုံးဖြစ်ပြီးဘောလုံးကွင်း ၅ ကွင်းစာ ကျယ်ဝန်းသော မြန်နှုန်းမြင့် မြေအောက်ရထားဘူတာရုံဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
1663 Views

တရုတ်နိုင်ငံရှိမဟာတံတိုင်းကြီးအနီးတွင် ကမ္ဘာ့မြေအောက်အနက်ရှိုင်းဆုံးဖြစ်ပြီးဘောလုံးကွင်း ၅ ကွင်းစာ ကျယ်ဝန်းသော မြန်နှုန်းမြင့် မြေအောက်ရထားဘူတာရုံဆောက်လုပ်ရန် စီစဉ်

တရုတ်နိုင်ငံရှိကမ္ဘာ့အံ့ဖွယ်များတွင် တစ်ပါးအပါအ၀င်ဖြစ်သောမဟာတံတိုင်းကြီးအနီးတွင် ကမ္ဘာ့အနက်ရှိုင်းဆုံးနှင့် အကြီးမားဆုံးမြန်နှုန်းမြင့် ရထားဘူတာဆောက်လုပ်သွားရန် စီစဉ်လျက်ရှိကြောင်းအရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

တရုတ်နိုင်ငံတွင် လက်ခံကျင်းပမည့် ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပွဲတော်အတွက် ပြင်ဆင်မှုများတွင် အဆိုပါစီမံကိန်းလည်း အပါအ၀င် ဖြစ်သည်။
အဆိုပါဘူတာရုံကိုမဟာတံတိုင်းကြီးတွင် လာရောက်လည်ပတ်သူအများဆုံးနေရာဖြစ်သည့် ဘာဒါလင်းအမည်ရှိအစိတ်အပိုင်းနေရာတွင် တည်ဆောက်မည်ဖြစ်သည်။
အဆိုပါနေရာသည် ပေကျင်းမြို့တော်အနောက်မြောက်ဘက် ၈၀ ကီလိုမီတာ (မိုင် ၅၀) ကွာဝေးသောအရပ်တွင် တည်ရှိသည်။

အဆိုပါနေရာသို့ တရုတ်နှစ်သစ်ကူးအားလပ်ရက်မျိုးတွင် တစ်ရက်တာကာလအတွင်းတွင်ပင် ကမ္ဘာလှည့်ခရီးသည်ပေါင်း ၃၀၀၀၀ ခန့်လာရောက်လည်ပတ်လေ့ရှိကြောင်းတရုတ်အမျိုးသားကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဦးစီးဌာနကပြောကြားသည်။

“ဘာဒါလင်းဘူတာရုံဟာမြေအောက် ၁၀၂ မီတာ (၃၃၅ ပေ) အနက်မှာတည်ရှိလိမ့်မှာဖြစ်ပြီးမြေအောက်ဆောက်လုပ်ရေးနေရာ အကျယ်အ၀န်းဟာ စတုရန်းမီတာ ၃၆၀၀၀ (၃၈၇၅၀၁ ပေ) ကျယ်ဝန်းမှာ ဖြစ်ပါတယ်။ ဒါဟာစံချိန်မီဘောလုံးကွင်း ၅ ကွင်းစာ အကျယ်အ၀န်းနဲ့ ညီမျှပါတယ်။ ဒီပမာဏတွေကြောင့် ဘာဒါလင်းဘူတာရုံဟာကမ္ဘာပေါ်မှာအနက်ရှိုင်းဆုံးနဲ့ အကြီးမားဆုံးမြေအောက်ရထားဘူတာရုံ ဖြစ်လာစေမှာ ဖြစ်ပါတယ်”ဟုတရုတ်မီးရထားလမ်းအမှတ် ၅ အင်ဂျင်နီယာအုပ်စုမှ အကြီးအကဲချန်ဘင်ကပြောကြားသည်။

ယင်းဘူတာရုံသည် ဆောင်းရာသီအိုလံပစ်ပွဲတော် လက်ခံကျင်းပမည့် ပေကျင်းနှင့် ဟန့်ဂျီကူမြို့ကြီးများကိုဆက်သွယ်ထားသည့် ရထားလမ်းကွန်ရက်အတွင်းတည်ရှိမည် ဖြစ်သည်။
ဘာဒါလင်ဘူတာရုံသည် မဟာတံတိုင်းကြီးတည်ရှိသည့် တောင်တန်းကြီးအောက်တွင် တည်ရှိမည်ဖြစ်ပြီးယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်နယ်မြေကိုထိခိုက်ခြင်းမရှိစေရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် အဆင့်မြင့်ဖောက်ခွဲရေးနည်းပညာများလိုအပ်မည်ဖြစ်ကြောင်းတရုတ်မီးရထားလမ်းအမှတ် ၅ အင်ဂျင်နီယာအုပ်စုမှပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service