တရုတ်နိုင်ငံ၊ ဟိုဖိန်းမြို့တွင် ကန်ဒေါ်လာ ၅ ဘီလီယံကျော် အကုန်အကျခံတည်ဆောက်ခဲ့သည့် အပန်းဖြေဥယျာဉ်ကြီး စတင်ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
946 Views

တရုတ်နိုင်ငံ၊ ဟိုဖိန်းမြို့တွင် ကန်ဒေါ်လာ ၅ ဘီလီယံကျော် အကုန်အကျခံတည်ဆောက်ခဲ့သည့် အပန်းဖြေဥယျာဉ်ကြီး စတင်ဖွင့်လှစ်

တရုတ်နိုင်ငံအရှေ့ပိုင်း၊ အန်းဟွေပြည်နယ်၊ ဟိုဖိန်းမြို့တွင် ယွမ်ငွေ ၃၄ ဘီလီယံ (ကန်ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံ) အကုန်အကျခံကာ တည်ဆောက်ခဲ့သည့် အပန်းဖြေဥယျာဉ်ကြီးတစ်ခုကို စတင်ဖွင့်လှစ်လိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

အဆိုပါအပန်းဖြေဥယျာဉ်ကြီးကို တည်ဆောက်သည်မှာ တရုတ်နိုင်ငံတွင် အချမ်းသာဆုံးပုဂ္ဂိုလ် ပိုင်ဆိုင်သည့် Dalian Wanda Group မှ ဖြစ်ပြီး ပထမဆင့်အပြီးသတ်မှုကို ဖွင့်လှစ်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

Dalian Wanda သည် တရုတ်နိုင်ငံတစ်ဝန်းတွင် အလားတူစီမံကိန်းများ တည်ဆောက်လျက်ရှိရာ တရုတ်နိုင်ငံတွင် တစ်ဦးချင်းဝင်ငွေ မြင့်မားလာမှုကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်းများစွာ ဖွံ့ဖြိုးတိုးတက်လာမည်ဟု ခန့်မှန်းခြင်းကြောင့်လည်း ဖြစ်သည်။

Dalian Wanda Group သည် အဆိုပါအပန်းဖြေဥယျာဉ်မျိုး အနည်းဆုံး ၂၀ ခန့်အထိ တရုတ်နိုင်ငံတစ်ဝန်းတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဥက္ကဌဖြစ်သူ ၀မ်ကျန်းလင်က ပြောကြားသည်။

ယခု အပန်းဖြေဥယျာဉ်ကို ဟိုဖိန်း ၀မ်းဒါးမြို့တော် Hefei Wanda City ဟု အမည်ပေးထားပြီး မြေအကျယ်အ၀န်း ၁ ဒသမ ၆ စတုရန်းမီတာ (၀ ဒသမ ၆ မိုင်- ၃၉၅ ဒသမ ၃ ဧက) ပေါ်တွင် ဆောက်လုပ်ထားပြီး ဟိုတယ်များနှင့် ဈေးဝယ်စင်တာတစ်ခုလည်း ပါဝင်သည်။

ယခုဖွင့်လှစ်လိုက်သည်မှာ ဟင်းလင်းပြင်အပန်းဖြေနေရာ outdoor recreation project ဖြစ်ပြီး ဒုတိယဆင့်အနေဖြင့် မိုးလုံလေလုံ အပန်းဖြေနေရာ စီမံကိန်း indoor recreation project ကို ဆက်လက် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း Dalian Wanda ကုမ္ပဏီက ထုတ်ပြန်သည်။

ထို့အပြင် ယင်းအပန်းဖြေဥယျာဉ်ကို တတိယဆင့်အထိ ဆက်လက်တိုးချဲ့သွားရန် သုံးသပ်လျက်ရှိသည်။

Dalian Wanda သည် အပန်းဖြေလုပ်ငန်းနယ်တွင် ဝေါ့ဒစ္စနေကုမ္ပဏီနှင့် ယှဉ်ပြိုင်ရမည့် အလားအလာရှိသည်။

ဝေါ့ဒစ္စနေသည် ပြီးခဲ့သော ဇွန်လအတွင်း ရှန်ဟိုင်းမြို့တွင် ကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံအကုန်အကျခံတည်ဆောက်ခဲ့သည့် အပန်းဖြေစခန်းတစ်ခုကို ဖွင့်လှစ်ခဲ့သည်။

“ဝေါ့ဒစ္စနေအနေနဲ့ ဒီစီးပွားရေးနယ်မှာ ၁၀ နှစ် ၊ အနှစ်နှစ်ဆယ်ကာလအတွင်း အမြတ်အစွန်းရဖွယ်မရှိပါဘူး” ဟု ၀မ်ကျန်းလင်က သုံးသပ်သည်။

Dalian Wanda သည် ဖျော်ဖြေရေး၊ အားကစားနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး ၂၀၂၀ ခုနှစ်တွင် ယွမ်ငွေ ၁၅၀ ဘီလီယံ (ကန်ဒေါ်လာ ၂၂ ဒသမ ၅ ဘီလီယံ) အထိရင်းနှီးမြှုပ်နှံသွားရန် ရည်မှန်းထားသည်။



Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်နိုင်ငံ၊ ဟိုဖိန်းမြို့တွင် ကန်ဒေါ်လာ ၅ ဘီလီယံကျော် အကုန်အကျခံတည်ဆောက်ခဲ့သည့် အပန်းဖြေဥယျာဉ်ကြီး စတင်ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
တရုတ်နိုင်ငံ၊ ဟိုဖိန်းမြို့တွင် ကန်ဒေါ်လာ ၅ ဘီလီယံကျော် အကုန်အကျခံတည်ဆောက်ခဲ့သည့် အပန်းဖြေဥယျာဉ်ကြီး စတင်ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
တရုတ်နိုင်ငံ၊ ဟိုဖိန်းမြို့တွင် ကန်ဒေါ်လာ ၅ ဘီလီယံကျော် အကုန်အကျခံတည်ဆောက်ခဲ့သည့် အပန်းဖြေဥယျာဉ်ကြီး စတင်ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service