ရှန်​ဟိုင်းအိမ်​ခြံ​မြေရင်းနှီးမြှုပ်​နှံမှုဈေးကွက်​ ဆက်​​ဟော့မည် - Property News in Myanmar from iMyanmarHouse.com
732 Views

ရှန်​ဟိုင်းအိမ်​ခြံ​မြေရင်းနှီးမြှုပ်​နှံမှုဈေးကွက်​ ဆက်​​ဟော့မည်

ရှန်​ဟိုင်းအိမ်​ခြံ​မြေရင်းနှီးမြှုပ်​နှံမှုဈေးကွက်​၌ အ​ရောင်းအဝယ်​​တွင်​ ဆယ်​ဂဏန်းမြင့်​တက်​မှုသည်​ ယခုနှစ်​အတွင်း ဆက်​လက်​ဖြစ်​​ပေါ်​နေမည်​ဖြစ်သည်​။ ဤတွင်​ နိုင်​ငံခြားသားဝယ်​လက်​များထက်​ ပြည်​တွင်းဝယ်​လက်​များ၏ ဝယ်​ယူမှုက ပိုမိုများပြားမည်​ဟု ကမ္ဘာလုံးဆိုင်​ရာ အိမ်​ခြံ​မြေအတိုင်​ပင်​ခံလုပ်​ငန်း DTZ/Cushman & Wakefield က စက်​တင်​ဘာလ ၂၁ ရက်​တွင်​ ထုတ်​ပြန်​ခဲ့​သော အစီရင်​ခံစာ၌ ​ဖော်​ပြထားသည်​။

မြေယာအ​ရောင်းအဝယ်​များနှင့်​ ၁ ခုလျှင်​ အ​မေရိကန်​​ဒေါ်လာ ၁၀ သန်း ​ကျော်​ တန်​ဖိုးရှိ အိမ်​ခန်း၊ ရုံးခန်း၊ ​​အ​ဆောက်​အအုံ​များမှအပ ၂၀၁၆ ခုနှစ်​အတွင်း အိမ်​ခန်း၊ ရုံးခန်း၊ အ​ဆောက်​အအုံရင်းနှီးမြှုပ်​နှံမှုသ​ဘောတူညီချက်​များသည်​ အ​မေရိကန်​​ဒေါ်လာ ဘီလျံ ၇၀ ရှိလာနိုင်​ပြီး ၂၀၁၅ ခုနှစ်​တွင်​ ၅၈ ဘီလျံရှိခဲ့ရာမှ ၂၀ ရာခိုင်​နှုန်း မြင့်​တက်​မည်​ဖြစ်​​ကြောင်း DTZ က ခန့်​မှန်းခဲ့သည်​။ ထိုဘီလျံ ၇၀ အနက်​ ၆၀ ရာခိုင်​နှုန်းမှာ ရုံးခန်းအ​ဆောက်​အအုံများ၏အ​ရောင်းအဝယ်​များ ဖြစ်​မည်​ဟုလည်း ခန့်​မှန်းခဲ့သည်​။

"​ငွေ​ကြေးမူဝါဒ​ပြေ​လျော့လာတာ၊ အတိုးနှုန်း​နည်းလာတာ​တွေအပါအဝင်​ အကြီးစားစီးပွား​ရေးဆိုင်​ရာ အချက်​​တွေက ရှန်​ဟိုင်း​ဈေးကွက်​မှာ အ​ရောင်းအဝယ်​​အဟုန်​ကို မြင့်​တက်​​စေပါတယ်​" ဟု DTZ China ၏ ရင်းနှီးမြှုပ်​နှံမှုနှင့်​ အကြံဉာဏ်​ဝန်​​ဆောင်​မှု​ရေးရာ စီမံခန့်ခွဲမှုဒါရိုက်​တာ ဂျင်​ယစ်​က ​ပြောကြားခဲ့သည်​။

ယခုနှစ်​ ပထမ ၆ လအတွင်း ရှန်​ဟိုင်း၌ အိမ်​ခန်း၊ ရုံးခန်း၊ အ​ဆောက်​အအုံအ​ရောင်းအဝယ်​ အ​မေရိကန်​​ဒေါ်လာ ၁၈ ဘီလျံရှိခဲ့သည်​။ ထို့အနက်​ ၇၆ ရာခိုင်​နှုန်းကို ပြည်​တွင်းဝယ်​လက်​များက ဝယ်​ယူခဲ့ခြင်းဖြစ်​သည်​။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service