အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် မြန်မာကို ယန်းငွေ ၁၀၀ ဘီလီယံချေးရန် ဂျပန် ကမ်းလှမ်း - Property News in Myanmar from iMyanmarHouse.com
1511 Views

အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် မြန်မာကို ယန်းငွေ ၁၀၀ ဘီလီယံချေးရန် ဂျပန် ကမ်းလှမ်း

ဂျပန်နိုင်ငံက မြန်မာနိုင်ငံ ၏ အခြေခံအဆောက်အအုံဖွံ့ဖြိုး ရေးကဏ္ဍအတွက် အသုံးပြုရန် ယန်း ငွေ ၁၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၉၅ သန်းဝန်းကျင်) ထုတ်ချေးရန် ကမ်းလှမ်းခဲ့ကြောင်း သတင်းရရှိ သည်။

မြန်မာနိုင်ငံသို့ ချေးငွေထုတ်ပေး မည့်အစီအစဉ်ကို ဂျပန်အစိုးရ အရာရှိ တစ်ဦးက ဩဂုတ် ၂၆ ရက်တွင် ထုတ် ဖော်ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာအစိုးရသစ် စတင်အာဏာရလာသည့် မတ်လနောက်ပိုင်း ဂျပန်က ယင်းကဲ့သို့ ကမ်းလှမ်းမှုမျိုး ပထမဆုံးအကြိမ် ပြုလုပ်လာခြင်း ဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာ ဘေးသည် လာမည့် စက်တင်ဘာ လဆန်းတွင် အာဆီယံအဖွဲ့ ညီ လာခံ အစီအစဉ်များ တက်ရောက် ချိန်၌ အဆိုပါအစီအစဉ်ကို အ သေးစိတ် ထုတ်ပြန်ကြေညာဖွယ် ရှိကြောင်း အဆိုပါ အစိုးရအရာရှိ က ဆိုသည်။ အာဆီယံသည် မြန်မာအပါအဝင် အရှေ့တောင် အာရှ၁၀ နိုင်ငံ စုစည်းထားသည့် အဖွဲ့ဖြစ်သည်။ သယံဇာတ အလွန်ကြွယ်ဝပြီး စီးပွားရေး တိုးတက်မှုလျင်မြန်စွာ ဖြစ်ထွန်းနေသည့်မြန်မာနိုင်ငံတွင် ဂျပန်၏ နိုင်ငံရေးပြိုင်ဘက် တရုတ်၏ ဩဇာသက် ရောက်မှုကို တွန်းလှန်ရန် နည်း လမ်းတစ်ရပ်အနေဖြင့် ဂျပန်က မြန်မာ အစိုးရကို ကူညီထောက်ပံ့ မှုများ ပြုလုပ်ရန် လိုလားနေ ကြောင်း သိရသည်။

ဂျပန်၏ ချေးငွေကို မြန်မာ နိုင်ငံ၏ အကြီးဆုံး မြို့ကြီးနှစ်မြို့ ဖြစ်သည့် ရန်ကုန်နှင့် မန္တလေးတို့ ကြား ဆက်သွယ်ထားသည့် ရထား လမ်းပိုင်းများ ပြန်လည်ပြုပြင်ရေး ကဲ့သို့ အခြေခံ အဆောက်အအုံ မွမ်းမံရေး လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ဖွယ် ရှိကြောင်း အဆို ပါ ဂျပန်အစိုးရ အရာရှိက မှတ် ချက်ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ ကျော်အတွင်း အရပ်သား အစိုးရတစ်ရပ် ပထမဆုံးအကြိမ် အာဏာရလာပြီးနောက် အကူအ ညီပေး ကမ်းလှမ်းမှုများ ပြုလုပ်ရန် အခြားနိုင်ငံ အများအပြားက လိုလားနေကြသည်။

ပြီးခဲ့သည့် သီတင်းပတ် ဒေါ် အောင်ဆန်းစုကြည်၏ တရုတ် ခရီးစဉ်တွင် သမ္မတ စီကျင်းပင်က မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံများ တိုးတက်ဖွံ့ဖြိုးရေး ကဏ္ဍ၌ ပူးပေါင်းကူညီရန် ဆန္ဒရှိကြောင်းပြောကြားခဲ့သည်။

မြန်မာအစိုးရကို လက်တွေ့ကျကျ ဦးဆောင်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရသစ်အာဏာရလာပြီးနောက်ပိုင်း အရှေ့တောင်အာရှဒေသ ပြင်ပပထမဆုံး နိုင်ငံရပ်ခြား ခရီးစဉ်အဖြစ် တရုတ်သို့ သွားရောက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service