ဟောလိဝုဒ်ကြယ်ပွင့် နာအိုမီဝပ်တို့ ဇနီးမောင်နှံ နယူးယောက်ရှိ ကမ်းခြေမြို့ကလေးတွင် ကန်ဒေါ်လာ ၅ သန်းကျော်ဖြင့် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
1117 Views

ဟောလိဝုဒ်ကြယ်ပွင့် နာအိုမီဝပ်တို့ ဇနီးမောင်နှံ နယူးယောက်ရှိ ကမ်းခြေမြို့ကလေးတွင် ကန်ဒေါ်လာ ၅ သန်းကျော်ဖြင့် နေအိမ်ဝယ်ယူ

ဟောလိဝုဒ်၏ နာမည်ကျော်စုံတွဲဖြစ်သော လီယက် ရှရိုက်ဘာနှင့် နာအိုမီဝပ်တို့ ဇနီးမောင်နှံသည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ မွန်တက်ခ်ပင်လယ်ကမ်းခြေမြို့ကလေးတွင် နေအိမ်သစ်တစ်လုံးကို ကန်ဒေါ်လာ ၅ ဒသမ ၄ သန်းဖြင့် ၀ယ်ယူလိုက်ကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နာအိုမီဝပ်တို့ ၀ယ်ယူလိုက်သော နေအိမ်တွင် အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်း ပါဝင်သည်။
ကလေးငယ်နှစ်ဦးဖြစ်သော ဆာရှာ၊ ဆန်မီတို့အတွက် ပြေးလွှားဆော့ကစားရန် အလွန်ကောင်းမွန်လှသဖြင့် ကလေးများအတွက် ဦးစားပေးကာ ၀ယ်ယူလိုက်ခြင်းဖြစ်သည်ဟု ခန့်မှန်းရသည်။

အဘယ့်ကြောင့်ဆိုသော် နာအိုမီဝပ်တို့တွင် လော့စ်အိန်ဂျလိ၌ နေအိမ်တစ်လုံးကို ၂၀၀၄ ခုနှစ်ကပင် ကန်ဒေါ်လာ ၄ ဒသမ ၀၂၅ သန်းဖြင့် ၀ယ်ယူထားခဲ့ပြီး ဖြစ်သည်။

လော့အိန်ဂျလိမြို့၊ ဘရင့်ဝုဒ်အရပ်ရှိ အဆိုပါနေအိမ်ကို တစ်လလျှင် ကန်ဒေါ်လာ ၂၀၀၀၀ ဖြင့် ပြန်လည်အငှားချထားခဲ့သည်ဟု ဆိုသည်။

အရပ်သတင်းအချို့အရ ငှားရမ်းသူမှာ မရင်ဒါကားရ်နှင့် ခင်ပွန်းဖြစ်သူ အော်လန်ဒိုဘလွန်းတို့ဖြစ်သည်ဟု ဆိုသည်။

အော်လန်ဒိုဘလွန်းသည် ဟောလိဝုဒ်ဟေးလ်ရှိ ၎င်းပိုင်နေအိမ်ကို ရောင်းချလိုက်ပြီးနောက် နာအိုမီဝပ်၏ နေအိမ်ကို ငှားရမ်းနေထိုင်ခြင်းဖြစ်သည်ဟု ဆိုကြသည်။

နာအိုမီဝပ်သည် ယင်းနေအိမ်ကို ၀ယ်ယူခဲ့သော်လည်း နယူးယောက်တွင် နေထိုင်ရန် ပိုမိုနှစ်သက်ခြင်းကြောင့် ယခုနေအိမ်သစ်ကို ၀ယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။

ယခုဝယ်ယူလိုက်သောနေအိမ်မှာ ပင်လယ်ကမ်းစပ်နံဘေးတွင် တည်ရှိပြီး နေအိမ်တံခါးဝမှ ခေတ္တလမ်းလျှောက်ရုံဖြင့် ကမ်းစပ်သို့ ရောက်ရှိနိုင်သည်။

နေအိမ်အကျယ်အ၀န်းမှာ စတုရန်းပေ ၃၅၀၀ ဖြစ်ပြီး ခြံဝန်းမှာ ဧက၀က်ကျယ်ဝန်းသည်။

မြေအောက်ခန်းတစ်ခုပါဝင်ရာ မြေအောက်ခန်းအတွင်း၌ အိပ်ခန်းနှင့် ရေချိုးခန်းတို့လည်း ပါဝင်သည်။

နာအိုမီဝပ်သည် ဗြိတိန်သူဖြစ်ပြီး ၁၉၆၈ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်တွင် မွေးဖွားသည်။

သူမ၏ ပွဲဦးထွက် ရုပ်ရှင်မှာ ၁၉၈၆ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော For Love Alone ဇာတ်ကားဖြစ်သည်။

People မဂ္ဂဇင်းကြီးက နာအိုမီဝပ်ကို ကမ္ဘာ့အချောမောဆုံး ၅၀ ဦးစာရင်းတွင် ၂၀၁၂ ခုနှစ်၌ ထည့်သွင်းဖော်ပြခဲ့သည်။

နာအိုမီဝပ်သည် ကုလသမဂ္ဂ၏ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ပူးတွဲစီမံကိန်းအတွက် ကောင်းကျိုးပြုသံတမန် goodwill ambassador အဖြစ် ခန့်အပ်ခြင်း ခံထားရသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟောလိဝုဒ်ကြယ်ပွင့် နာအိုမီဝပ်တို့ ဇနီးမောင်နှံ နယူးယောက်ရှိ ကမ်းခြေမြို့ကလေးတွင် ကန်ဒေါ်လာ ၅ သန်းကျော်ဖြင့် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ကြယ်ပွင့် နာအိုမီဝပ်တို့ ဇနီးမောင်နှံ နယူးယောက်ရှိ ကမ်းခြေမြို့ကလေးတွင် ကန်ဒေါ်လာ ၅ သန်းကျော်ဖြင့် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ကြယ်ပွင့် နာအိုမီဝပ်တို့ ဇနီးမောင်နှံ နယူးယောက်ရှိ ကမ်းခြေမြို့ကလေးတွင် ကန်ဒေါ်လာ ၅ သန်းကျော်ဖြင့် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ကြယ်ပွင့် နာအိုမီဝပ်တို့ ဇနီးမောင်နှံ နယူးယောက်ရှိ ကမ်းခြေမြို့ကလေးတွင် ကန်ဒေါ်လာ ၅ သန်းကျော်ဖြင့် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ကြယ်ပွင့် နာအိုမီဝပ်တို့ ဇနီးမောင်နှံ နယူးယောက်ရှိ ကမ်းခြေမြို့ကလေးတွင် ကန်ဒေါ်လာ ၅ သန်းကျော်ဖြင့် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ကြယ်ပွင့် နာအိုမီဝပ်တို့ ဇနီးမောင်နှံ နယူးယောက်ရှိ ကမ်းခြေမြို့ကလေးတွင် ကန်ဒေါ်လာ ၅ သန်းကျော်ဖြင့် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ကြယ်ပွင့် နာအိုမီဝပ်တို့ ဇနီးမောင်နှံ နယူးယောက်ရှိ ကမ်းခြေမြို့ကလေးတွင် ကန်ဒေါ်လာ ၅ သန်းကျော်ဖြင့် နေအိမ်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service