စံချိန်မမီ အဆောက်အဦဆောက်လုပ်မှုများအား ထိန်းချုပ်ရန် ဥပဒေရေးဆွဲနေ - Property News in Myanmar from iMyanmarHouse.com
986 Views

စံချိန်မမီ အဆောက်အဦဆောက်လုပ်မှုများအား ထိန်းချုပ်ရန် ဥပဒေရေးဆွဲနေ

နေပြည်တော်(ဩဂုတ် ၁၆၊ ၂၀၁၆ခုနှစ်)။ ။ သတ်မှတ်ထားသည့် စံချိန်၊ စံညွှန်းနှင့် ကိုက်ညီမှုမရှိဘဲ အဆောက်အဦ ဆောက်လုပ်နေမှုများအား ထိန်းချုပ်နိုင်ရန် ဥပဒေတစ်ရပ်ရေးဆွဲနေသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြောသည်။

Construction Industry Development Board(CIDP Laws)ဟူသည့် ဥပဒေတစ်ရပ်အား ရေးဆွဲနေခြင်းဖြစ်ပြီး အဆိုပါ ဥပဒေ အသက်ဝင်လာပါက နိုင်ငံအဝှမ်းရှိ စံချိန်မမီဆောက်လုပ်မှုများအား ထိန်းချုပ်သွားနိုင်မည်ဖြစ်ကြောင်း ဦးကျော်လင်းကပြောသည်။

"ဥပဒေအတည်ပြုပြီးသွားရင် တစ်နိုင်ငံလုံးသည် ဒီဥပဒေအတိုင်းပဲ ဆောက်ရွက်ရမယ်" ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင်မူ အဆောက်အဦဆောက်လုပ်မှုများနှင့်ပတ်သက်ပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီများက ကိုင်တွယ်သလို အခြား တိုင်းနှင့်ပြည်နယ်များတွင်လည်း သက်ဆိုင်ရာ အစိုးရများက ကိုင်တွယ်ဆောင်ရွက်လျက်ရှိသည်။

စံချိန်မမီ အဆောက်အဦဆောက်လုပ်နေမှုများကို ထိန်းချုပ်ရန် ရေးဆွဲနေသည့် CIDP ဥပဒေကြမ်းကို ကိုရီးယားနှင့် မလေးရှားနိုင်ငံတို့က ကူညီရေးဆွဲနေပြီး "မကြာခင်မှာ ဒီဥပဒေရေးဆွဲပြီးသွားရင်တော့ အားလုံးတပြေးညီ ဖြစ်သွားပါမယ်"ဟု ဦးကျော်လင်းက ဆိုသည်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် ဩဂုတ် ၁၆ရက်က ပြုလုပ်သည့် အစိုးရသစ် ရက်(၁၀၀)စီမံချက်အတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမ၏ မေးမြန်းမှုအပေါ် ဦးကျော်လင်းက ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

သို့သော် စံချိန်၊ စံညွှန်းနှင့် ကိုက်ညီမှုမရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အဦကို တွေ့ရှိပါက ချမှတ်မည့် ပြစ်မှု၊ ပြစ်ဒဏ်များကို ဥပဒေတွင် မည်သည့်သတ်မှတ်ချက်ဖြင့် ထည့်သွင်းရေးဆွဲမည်ကိုမူ တိတိကျကျ ဖြေကြားခဲ့ခြင်းမရှိပေ။

စံချိန်၊ စံညွှန်းမမီဘဲ အဆောက်အဦဆောက်လုပ်နေမှုများအပေါ် ပြီးခဲ့သည့် လွှတ်တော်သက်တမ်းတွင် အမျိုးသားလွှတ်တော်ဥက္ကဌက 'ဆီးသီးဗန်းမှောက်' ဟူသည့် စကားလုံးဖြင့် ဘတ်ဂျက်များ လေလွှင့်ရခြင်းအား ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ဖူးသည်။

ပြီးခဲ့သည့် ရက်အတွင်းကပင် ရန်ကုန်မြို့ရှိ ဆေးရုံဝင်းအတွင်း အသစ်တိုးချဲ့ဆောက်လုပ်နေသည့် ငါးထပ်အဆောက်အဦတွင် ငြမ်းပြိုကျမှုကြောင့် ဆောက်လုပ်ရေးလုပ်သားတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

Credit: Mizzima

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service