ပုဂံရှေးဟောင်းဇုန်နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော လူနေအိမ် ၄၀၀ ကျော်ရှိ - Property News in Myanmar from iMyanmarHouse.com
1125 Views

ပုဂံရှေးဟောင်းဇုန်နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော လူနေအိမ် ၄၀၀ ကျော်ရှိ

ပုဂံမြို့ရှေးဟောင်းဇုန် နယ်မြေအတွင်း ရှေးဟောင်း အမွေအနှစ်ကို ထိခိုက်နိုင်သည့် အဆောက်အအုံများနှင့် ခွင့်ပြု ချက်မရှိ ဆောက်လုပ်ထားသည့် လူနေအိမ် ၄၀၀ ကျော်ရှိကြောင်း သတင်းရရှိသည်။

ခွင့်ပြုချက်မရှိဘဲ ဆောက် လုပ်ထားသည့် နေအိမ်အဆောက် အအုံ ၄၀၀ ကျော်ကို ပုဂံယဉ် ကျေးမှုဒေသ စီမံခန့်ခွဲရေးကော် မတီက စိစစ်ဆောင်ရွက်ရန် လုပ် ဆောင်နေကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

‘‘ဒီဟာတွေကို အဖွဲ့အစည်း လေးတွေဖွဲ့ပြီး ဘယ်လိုဆောင် ရွက်ကြရင် ကောင်းမလဲဆိုတာ နည်းလမ်းရှာဖွေပြီးတော့ အဆင် ပြေအောင် ဆောင်ရွက်မှာပါ။ ပြည်သူတွေလည်း စိတ်မညစ် အောင်၊ နောက်ပြီး ယဉ်ကျေးမှု အမွေအနှစ်လည်း ကာကွယ်ရ မယ်လေ။ ဥပဒေလမ်းကြောင်း လေးနဲ့ လက်ရှိအောက်ခြေမှာရှိ တဲ့ အနေအထားနဲ့ ပေါင်းစည်းပြီး ဆောင်ရွက်မှာပေါ့။ စိတ်ဆင်းရဲ အောင်တော့ မလုပ်ပါဘူး။ စည်း နဲ့ကမ်းနဲ့ပဲ အဆင်ပြေအောင် လုပ်သွားမယ်လို့ ထင်ပါတယ်’’ဟု ၎င်း က ပြောသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော နေအိမ် အဆောက်အအုံများမှာ ညောင် ဦးမြို့နယ်၌ ၁၈၄ လုံးနှင့် ပုဂံမြို့ နယ်တွင် ၂၅၀ လုံး၊စုစုပေါင်း ၄၃၄ လုံးရှိကြောင်း ရှေးဟောင်းသုတေသနဦးစီးဌာန (ပုဂံ)မှ သိရရှိသည်။

‘‘အဆောက်အအုံ တိုးပွား လာမှုက စည်ပင်ခွင့်ပြုချက်၊ မြို့ နယ်ခွင့်ပြုချက်မရှိခဲ့ရင် ပြန်လည် ဖျက်သိမ်းဖို့လိုပါတယ်။ ဥပဒေ အရလည်း ဖျက်သိမ်းခွင့်ရှိပါ တယ်။ အခု ပုဂံက ရှေးဟောင်း အသိုက်အဝန်းလေးတစ်ခုကို အုပ် ချုပ်ရေးပိုင်းက လုပ်မပေးနိုင်ဘူး လားဆိုတာကိုလည်း စဉ်းစားဖို့ လိုပါတယ်။ ရှေးဟောင်းဘုရား တွေကြားမှာ အဆောက်အအုံ တွေ ဆောက်ထားတာတွေကို တော့ ဖျက်လို့မရပါဘူး။ နောက် ထပ် မတိုးချဲ့အောင်ပဲ လုပ်လို့ရ ပါမယ်။ ဒါကြောင့် ဒီကိစ္စကို အ ရေးတယူဆောင်ရွက်ပေးဖို့ လို အပ်တဲ့အတွက် လဝကရော စည် ပင်ကိုပါခေါ်ပြီး ပြောပါတယ်။ အ ဆောက်အအုံဆောက်တယ်ဆို တာက ခွင့်ပြုချက်မရှိဘဲ ဆောက် လို့မရပါဘူး။ မြေတစ်ကွက်ကို တိုးချဲ့ဖို့ဆိုတာကလည်း စည်ပင် ဥပဒေရှိပါတယ်။ ဒါတွေကို ဥပဒေကြောင်းနဲ့ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်’’ဟု မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်း သားရေးရာဝန်ကြီး ဦးစိုင်းကျော် ဇောက ပြောကြားသည်။

ပုဂံဒေသတွင် ရှေးဟောင်း အမွေအနှစ်ကို ထိခိုက်စေနိုင် သည့် အဆောက်အအုံအများ အပြားရှိနေကြောင်း ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအ ဖွဲ့ ယူနက်စကို၏ ယဉ်ကျေးမှုဌာန အစီအစဉ်ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာ မျိုးက ပြောသည်။

‘‘ အတိအကျ မသိပေမယ့် ရှေးဟောင်းအမွေအနှစ်ကို ထိ ခိုက်နေတဲ့ အဆောက်အအုံတွေ တော့ အများကြီးရှိနေတယ်။ အ များကြီးဆိုတာက ဘယ်လောက် ထိများလဲဆိုတာတော့ မသိသေး ဘူး။ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းတော့မယ်ဆိုရင်တော့ အတိအကျစာရင်းကောက်ယူရ မှာပေါ့’’ဟု ဒေါ်ဥမ္မာမျိုးက ပြော ကြားသည်။

ထို့အပြင် ပုဂံဒေသ၌ ဆောက်လုပ်ခွင့် ရပ်ဆိုင်းခံထားရ သည့် ဟိုတယ် ၄၂ လုံးအနက် လုံးဝဆောက်လုပ်ရခြင်းမရှိသေး သည့် ဟိုတယ် ၁၇ လုံးမှလွဲ၍ ကျန်ဆောက်လက်စ ဟိုတယ် ၂၅ လုံး ကို အမြင့်ပေကန့်သတ်ချက်ဖြင့် ဆက်လက်တည်ဆောက်လုပ် ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သာ သနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပြောကြားထား သည်။

ပုဂံဒေသကို ကမ္ဘာ့အမွေအ နှစ်စာရင်းတင်သွင်းရာတွင်လည်း ဒေသခံပြည်သူများ၏ မျက်နှာကို ကြည့်ရှုရမည်ဖြစ်ပြီး မျက်ရည်များဖြင့် မတည်ဆောက်ကြရန် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုဒေသ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဇူလိုင် ၂၆ ရက်တွင် ပြုလုပ်သည့် ပုဂံဒေသကို ယူနက်စကို အသိအမှတ်ပြုရန် တင်သွင်းရေးအတွက် နိုင်ငံတကာကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်းပညာရှင်များ၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ရှိသူများ တက်ရောက် သည့် ဆွေးနွေးပွဲ၌ ပြောကြားခဲ့ သည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service