မစ်ဆုဘီရှီက ရန်ကုန်တွင် ဟိုတယ်၊ ဈေးဝယ်စင်တာနှင့် ဟိုတယ်တွဲလျက် ဆောက်လုပ်ရေးစီမံကိန်းကြီး စတင်ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
1813 Views

မစ်ဆုဘီရှီက ရန်ကုန်တွင် ဟိုတယ်၊ ဈေးဝယ်စင်တာနှင့် ဟိုတယ်တွဲလျက် ဆောက်လုပ်ရေးစီမံကိန်းကြီး စတင်ဆောက်လုပ်မည်

မစ်ဆုဘီရှီကော်ပိုရေးရှင်းသည် ရန်ကုန်မြို့လယ်တွင် ဆောက်လုပ်ရေးစီမံကိန်းကြီးတစ်ခု အကောင်အထည်ဖော်ရေးအတွက် လုပ်ငန်းများစတင်ရန် မစ်ဆုဘီရှီ Estate နှင့် သဘောတူညီချက်ရရှိခဲ့ပြီဟူသော သတင်းမှာလျင်မြန်စွာဖွံ့ဖြိုးလာလျက်ရှိသော
မြန်မာအိမ်ခြံမြေလောကအတွက်သတင်းကောင်း
တစ်ရပ်ဖြစ်ကြောင်းထိုင်းအခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယင်းစီမံကိန်းသည် စင်္ကာပူအခြေစိုက် Yoma Strategic Holdings နှင့် ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီဖြစ်သော First Myanmar Investment (FMI) တို့မှ အကောင်အထည်ဖော်ခြင်းဖြစ်ပြီး မစ်ဆုဘီရှီနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်။

ယခုစီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးဆောက်လုပ်ရေးစီမံကိန်းကြီးများ၌ တစ်ခုအပါအ၀င်ဖြစ်ပြီး လူနေအိမ်များ၊ ရုံးခန်းများ၊ ဈေးဝယ်စင်တာနှင့် ဟိုတယ်တို့ ပါဝင်မည့် စီမံကိန်းကြီးဖြစ်သည်။

တည်နေရာမှာ ရန်ကုန်မြို့၏ စီးပွားရေးအချက်အခြာနေရာတွင် တည်ရှိပြီး ရန်ကုန်ဘူတာကြီးအနီးတွင်ဖြစ်သည်ဟု ဂျပန်တိုင်းမ်တွင်လည်း ဖော်ပြသည်။

စီမံကိန်းစတင်ရန်အတွက် မစ်ဆုဘီရှီကုမ္ပဏီ ၂ ခုသည် စင်္ကာပူတွင် ပူးပေါင်းအဖွဲ့ဖွဲ့စည်းမည် ဖြစ်သည်။
မစ်ဆုဘီရှီသည် ယင်းစီမံကိန်းအတွင်း ရုံးအဆောက်အအုံ ၂ ခု၊ ကွန်ဒိုမီနီယံတစ်ခု၊ ဟိုတယ်တစ်လုံးနှင့် ဈေးဝယ်စင်တာ တစ်ခုတို့ကို ကွပ်ကဲသွားမည်ဟု ဆိုသည်။

အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း၊ သယ်ယူပို့ဆောင်ရေးနှင့်မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ ဂျပန်နိုင်ငံတကာ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံရေးကော်ပိုရေးရှင်းတို့ကလည်း ယင်းစီမံကိန်းတွင် ပါဝင်ရင်းနှီးမြှုပ်နှံရန် သဘောတူညီထားသည်။

ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် ၂၀၁၆ ခုနှစ်အတွင်း ယခင်ကထက် များစွာဖွံ့ဖြိုးမည်ဖြစ်ပြီး လာမည့် ၁၂ လအတွင်း ဆောက်လုပ်ရေးစီမံကိန်းများ များစွာမြင့်တက်လာဖွယ်ရှိကြောင်း အမေရိကန်အခြေစိုက်နိုင်ငံတကာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံရေး ကော်ပိုရေးရှင်း Colliers က ခန့်မှန်းထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service