နေပြည်တော်တည်ဆောက်စဉ်ဖယ်ရှားပြောင်းရွှေ့ခံရသူများအား လျော်ကြေးနှင့် မြေကွက်ပေးအပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
1182 Views

နေပြည်တော်တည်ဆောက်စဉ်ဖယ်ရှားပြောင်းရွှေ့ခံရသူများအား လျော်ကြေးနှင့် မြေကွက်ပေးအပ်ရန် စီစဉ်

နေပြည်တော်စီမံ ကိန်း တည်ဆောက်စဉ်က သိမ်း ယူသော မြေယာနှင့် ရွှေ့ပြောင်းရ သည့် ဒေသခံများအတွက် လျော် ကြေးမရရှိခဲ့သူများနှင့် မြေကွက်အစား ပြန်မရခဲ့သူများကိုစိစစ်ကာ ပြန်လည်ပေးအပ်မည်ဟု နေ ပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်တစ်ဦးက ပြော ကြားသည်။

‘‘နေပြည်တော်တည်ဆောက်ရေးကာလမှာ ကျေးရွာတွေ ရွှေ့ပြောင်းတဲ့ကာလမှာဝိုင်းခြံ မြေတွေ ပြန်မရခဲ့တဲ့သူတွေ၊နစ်နာတဲ့သူတွေကို ပြန်လည်ပေးအပ် မယ်။ လျော်ကြေးပေးဖို့ ကျန်ရှိနေ တဲ့ တောင်သူတွေကိုလည်း လျော်ကြေးပေးဖို့ စိစစ်စီစဉ်နေတယ်’’ ဟု အထက်ပါပုဂ္ဂိုလ်က ပြော သည်။

နေပြည်တော်ကောင်စီ ရှစ် မြို့နယ်အတွင်း လာရောက်တိုင် တန်းသည့်စာရင်းအရ သိမ်း ဆည်းခံ လယ်ယာမြေဧက စုစု ပေါင်းခန့်မှန်းခြေ ရှစ်သောင်း ကျော်ရှိကြောင်း သိရသည်။

နေပြည်တော် တည်ဆောက်စဉ်က သိမ်းဆည်းမြေယာများအ တွက် လျော်ကြေးပေးသည့် နှုန်း ထားမှာနည်းပါး၍ မြေကွက်ရရှိရန် တောင်းဆိုနေသူများကိုလည်း လယ်ယာမြေနှင့် အခြားလယ်များ သိမ်းဆည်းထားမှု ဗဟိုစိစစ်ရေး ကော်မတီက စိစစ်ပြီးပါက ချမှတ် ထားသည့်မူများနှင့်အညီ ဆောင် ရွက်ပေးမည်ဟု အဆိုပါ စည်ပင် ကော်မတီဝင်က ပြောသည်။

မြေယာပြဿနာများ ဖြေရှင်းရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကရုဏာတရားနှင့် တရားမျှ တရေးကို ချိန်ဆပြီး ဆောင်ရွက်ပါ ဆိုသည့် လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်နေသည်ဟု ၎င်းက ပြောသည်။

နေပြည်တော်တွင် ယခင် အစိုးရလက်ထက်က စည်ပင် ဥပဒေပုဒ်မ ၂၆၊ ၂၇ ဖြင့် တရားစွဲ ဆိုခံထားရသည့် အမှုခြောက် ဆယ်ကျော်အနက် ငါးဆယ် ကျော်ကို ပယ်ဖျက်ကာ အမှုရုပ် သိမ်းပေးထားကြောင်း နေပြည် တော် စည်ပင်သာယာရေးကော် မတီမှ သတင်းရရှိသည်။

‘‘နေပြည်တော်စည်ပင် တရားရုံးမှာ တရားစွဲထားတဲ့ အမှု ပေါင်း ၆၁ ခုရှိတဲ့နေရာမှာ ငါးမှု၊ ခြောက်မှုလောက်ပဲ ကျန်တော့ တယ်။ အမှုရုပ်သိမ်းပြီး တစ်ဦး တစ်ယောက်ကိုမျှ ထောင်ချခြင်း၊ အပြစ်ဒဏ်ပေးခြင်း၊ ဒဏ်ငွေပေး ဆောင်ခြင်းမရှိသေးဘူး’’ဟု ၎င်း က ပြောသည်။

နေပြည်တော်ကောင်စီနယ် မြေ ရှစ်မြို့နယ်ရှိ မြေယာပြဿနာ များကိုသြဂုတ်မှစ၍ ခြောက်လအတွင်းအပြီးသတ်ဖြေရှင်းပေး မည်ဟု ပျဉ်းမနား ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသန်းစိုး အောင်က ပြောကြားသည်။

နေပြည်တော်စီမံကိန်းတည် ဆောက်ရန် ပြောင်းရွှေ့ရသည့် လယ်တစ်ဧကလျှင်ကျပ်နှစ်သိန်းမှသုံးသိန်းခွဲအထိ လျော်ကြေးရရှိ ခဲ့ကြောင်း တောင်သူအချို့ထံမှ သိရသည်။

သမ္မတ ဦးသိန်းစိန်လက် ထက်ကလည်း ယင်းလျော်ကြေး နှုန်းထားဖြင့်သာ ရရှိသဖြင့် လျော် ကြေးလက်မခံသည့် တောင်သူ များရှိကြောင်း ၎င်းတို့က ပြော သည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service