အထပ်မြင့်တွေ တည်ဆောက်ခွင့်ရပ်ဆိုင်း အထပ်လျှော့တာကြောင့် ဒေါ်လာခြောက်ဘီလျံခန့် ဆုံးရူံးဟုဆို - Property News in Myanmar from iMyanmarHouse.com
874 Views

အထပ်မြင့်တွေ တည်ဆောက်ခွင့်ရပ်ဆိုင်း အထပ်လျှော့တာကြောင့် ဒေါ်လာခြောက်ဘီလျံခန့် ဆုံးရူံးဟုဆို

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရန်ကုန်မြို့တွင်းက အထပ်မြင့်အဆောက်အအုံတွေ တည်ဆောက်ခွင့်ရပ်ဆိုင်းပြီး အထပ်လျှော့ချတာကြောင့် လက်ရှိအဆောက်အအုံများ စုစုပေါင်း အမေရိကန်ဒေါ်လာ ငါးဘီလျံကနေ ခြောက်ဘီလျံအထိ နစ်နာဆုံးရူံးခဲ့တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက သည်နေ့နိုဗိုတယ်ဟိုတယ်မှာ ကျင်းပတဲ့ အထပ်မြင့်အဆောက်အအုံတွေနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးက ပြန်လည်ပြင်ဆင်ပြီး ပါမစ်ဖျက်သိမ်းခြင်း ၊ စိစစ်ခြင်းနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။

သည်အဆောက်အအုံတွေက နှစ်လနီးပါးကြာတဲ့အထိ အဆောက်အအုံတည်ဆောက်ခွင့်တွေ ရပ်ဆိုင်းခံထားရတာ ဖြစ်ပါတယ် ။ အထပ်မြင့်မြေပြင်ကွင်းဆင်းစစ်ဆေးမှုကို ဇွန်လ ၂၁ ရက်နေ့က စတင်ပါတယ် ။

ခွင့်ပြုမိန့် (ပါမစ်ကြီး) ကျပြီးတဲ့ အထပ်မြင့်အဆောက်အအုံ ၁၂ လုံးကို အထပ်တွေလျော့ချပြီး တည်ဆောက်ခွင့် ပြန်ပေးလိုက်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က သည်လ ၁၂ ရက်နေ့က ထုတ်ပြန်ပါတယ် ။

သည်ထုတ်ပြန်ချက် အရတည်ဆောက်ခွင့်ပါမစ် (ပါမစ်ကြီး)ကျပြီး အထပ်မြင့် ၆၈ လုံးကို စိစစ်ပြီး အထပ်မြင့် ၁၂ လုံးကို မှုလပေးထားတဲ့ အထပ်ထက်လျှော့ချပြီး တည်ဆောက်ခွင့်အသစ်ပြန်တင်စေပါတယ် ။ မှုအားဖြင့် ခွင့်ပြုချက်ပေးခဲ့တဲ့ အထပ်မြင့် ၁၈၅ လုံးထဲက အလုံး ၂၀ ကို စစ်ဆေးပြီးပြီလို့ သိရပါတယ် ။

ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကျော်မြင့်ဦးက ‘နဂိုမှုဝါဒနဲ့ ကိုက်မကိုက်ပြန်စစ်ဖို့လိုပါတယ် ၊ ၁၃ ထပ်တည်ဆောက်တယ်ဆိုရင် ဖြိုပစ်လိုက်လက်ခံတယ် ၊ ခုက စည်းမျဉ်းစည်းကမ်းနဲ့မဟုတ်ဘဲ ဒီမှုဝါဒနဲ့တင်မကဘူး နောက်ထပ်မှုဝါဒသစ်နဲ့ပါ စစ်တယ်’ လို့ပြောပါတယ် ။

မြေပြင်ကွင်းဆင်းစစ်ဆေးခံရတဲ့ အထပ်မြင့်အဆောက်အအုံတွေ မှုလပေးထားတဲ့ အထပ်လျှော့ချခံရတာက လမ်းအကျုယ်နဲ့ အဆောက်အအုံအမြင့်အချိုးမကိုက်တာ ၊ ရွှေတိဂုံဘုရားအမြင့်ဇုန်နဲ့မကိုက်တာ ၊ ဘေးပတ်ဝန်းကျင်နဲ့မကိုက်ညီတာကြောင့်ဖြစ်တယ်လို့ ရန်ကုန်မြို့တော်အင်္ဂါရပ်နဲ့ အညီအဆောက်အအုံများဆောက်လုပ်မှု စစ်ဆေးရေးကော်မတီက သိရပါတယ် ။

ဒါတွေကြောင့်ပါ

ရန်ကုန်မြို့တော်အင်္ဂါရပ်နဲ့အညီ အဆောက်အအုံများဆောက်လုပ်မှုစစ်ဆေးရေးကော်မတီဝင် ဦးရဲမင်းဝင်းက ‘လမ်းကျဉ်းဖြစ်နေတယ် ၊ Road Building Ratio (RBR) ရှိတယ် ၊ အဆောက်အုံနဲ့လမ်းနဲ့ ဘယ်နှဆပဲဆောက်သင်တယ်ဆိုတာ ရှိတယ် ၊ အဲဒီအချက်နဲ့ငြိတာ ၊ ဘေးပတ်ဝန်းကျင်နဲ့ငြိတဲ့အချက်တွေလဲ ရှိတယ် ၊ အချို့က ရွှေတိဂုံဘုရားဇုန်နဲ့ ငြိတဲ့အချက်တွေရှိတယ်’ လို့ပြောပါတယ် ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အတွင်းရေးမှူး ဒေါ်လိုင်မော်ဦးက ‘ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေနဲ့မကိုက်ညီတဲ့ အချက်တွေကို ပြင်ပေးရတာပါ ၊ အနည်း အများကတော့ တည်ဆောက်ထားတဲ့အပေါ်မှုတည်ပြီး ဘယ်လိုမှ အဆင်မပြေတဲ့ အချက်တွေကို ပြန်ပြင်ခိုင်းတာဖြစ်တယ်’လို့ ပြောပါတယ် ။

အထပ်မြင့်အဆောက်အအုံ ၁၂ လုံးကို သက်ဆိုင်ရာမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ၊ ရပ်မိရပ်ဖတစ်ဦး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြန်မာနိုင်ငံဗိသုကာအသင်းက ကိုယ်စားလှယ် ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက ကိုယ်စားလှယ် ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာန ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) ၊ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့က မြို့နယ်အင်ဂျင်နီယာ ၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ၊ Urban Environmentl ဌာန ၊ မီးသတ်ဦးစီးဌာန ၊ Geo Tech နှင့်ပတ်သက်သူ ၊ YHT တို့နဲ့စစ်ဆေးခဲ့တာဖြစ်ပါတယ် ။

အထပ်မြင့်တွေစစ်ဆေးဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မေလ ၂၃ ရက်နေ့ကတည်းက အဆောက်အအုံဆောက်လုပ်တာတွေကို ရပ်ဆိုင်းဖို့အမိန့်ထုတ်ခဲ့ပါတယ် ။ စစ်ဆေးဖို့အဖွဲ့ကိုတော့ ဇူလိုင်လ ၆ ရက်နေ့မှာ ဖွဲ့စည်းပြီး မြေပြင်စစ်ဆေးတာကို သည်လ ၁၂ ရက်နေ့မှာ စတင်ပါတယ် ။

အစိုးရက စစ်ဆေးရေးအဖွဲ့ မဖွဲ့နိုင်ခင် တည်ဆောက်ရေးတွေရပ်ခိုင်းတာကြောင့် နေ့စဉ်အလုပ်သမားခတွေ ပေးရတာ ၊ စစ်ဆေးပြီး မှုလပေးထားတဲ့ အထပ်ကို လျှော့ချတာကို ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ဝေဖန်ထောက်ပြကြပါတယ် ။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service