အဆောက်အအုံများဆိုင်ရာ မူဘောင်ရေးဆွဲမည်ဖြစ်ပြီး မည်သည့်မြို့နယ်၊ရပ်ကွက်တွင်အထပ်နှင့်အမြင့်ပေ မည်မျှဆောက်လုပ်ခွင့်ရှိမည် ဟူသော သတ်မှတ်ချက်များ ထွက်ပေါ်လာမည်ဟု သိရ - Property News in Myanmar from iMyanmarHouse.com
1503 Views

အဆောက်အအုံများဆိုင်ရာ မူဘောင်ရေးဆွဲမည်ဖြစ်ပြီး မည်သည့်မြို့နယ်၊ရပ်ကွက်တွင်အထပ်နှင့်အမြင့်ပေ မည်မျှဆောက်လုပ်ခွင့်ရှိမည် ဟူသော သတ်မှတ်ချက်များ ထွက်ပေါ်လာမည်ဟု သိရ

ရန်ကုန်မြို့အတွက် အဆောက်အအုံများဆိုင်ရာ မူဘောင်ရေးဆွဲမည်ဖြစ်ပြီး မည်သည့်မြို့နယ်၊ ရပ်ကွက်တွင် အထပ်နှင့်အမြင့်ပေ မည်မျှဆောက်လုပ်ခွင့် ရှိမည်ဟူသော သတ်မှတ်ချက်များ ထွက်ပေါ်လာမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှု စိစစ်ရေးကော်မတီမှ အဖွဲ့ဝင် ဦးရဲမင်းဦးက ပြောကြားသည်။

ယင်းမူဘောင်ကို ရန်ကုန်မြို့တော် အင်္ဂါ ရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှု စိစစ်ရေးကော်မတီက ရေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က မူဘောင်တစ်ခု ဆွဲမယ်။ အဲဒီမူဘောင်နဲ့ ဆောက်မယ့်သူက ပုံမဆွဲခင်ကတည်းက ဘာတွေထည့်ရမယ်။ ဘာတွေရှောင်ရမယ်ဆိုတာ သိသွားမယ်။ အဲဒါဆိုရင် အခုလို အထူးတလည် စစ်စရာမလိုတော့ဘူးပေါ့။ ဆောက်လုပ်ခွင့်တင်တဲ့ အချိန်ကျရင် စည်ပင်က အဲဒီမူဘောင်တွေနဲ့ အားလုံးကို စစ်မှာ”ဟု ရန်ကုန်မြို့တော်အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှုစိစစ်ရေးကော်မတီမှ အဖွဲ့ဝင် ဦးရဲမင်း ဦးက ပြောကြားသည်။

အဆိုပါ မူဘောင်တွင် မြေအသုံးချမှု ဇုန် (Zoning Plan) နှင့် အခြားအချက်အလက်များ ပါဝင်မည်ဖြစ်ပြီး Zoning Plan ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သုံးလအတွင်း အပြီးရေးဆွဲနေကြောင်း သိရသည်။

“ပြီးတော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို တင်ပြမယ်။ အစိုးရအဖွဲ့က အချို့ဟာတွေကို လွှတ်တော်မှာ အတည်ပြုချက်ယူပြီးတော့ ကြေညာမှာပေါ့။ ဒါပေမဲ့ ဥပဒေအဆင့်အထိ ရောက်မှ လွှတ်တော်ကို တင်မှာ။ ဒီအတိုင်း ဌာနတွင်းညွှန်ကြားချက် အနေနဲ့ ဆိုရင်တော့ လွှတ်တော်ကို မရောက်ဘူးပေါ့”ဟု ဦးရဲမင်းဦးက ဆက်လက်ပြောကြားသည်။

အထပ်မြင့် အဆောက်အအုံများ ပြန်လည်စိစစ်မှု ပြီးဆုံးပါက မူဘောင်ကို စတင်ရေးဆွဲမည်ဖြစ်ကြောင်းနှင့် သုံးလအတွင်း အပြီးရေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။

“ကျွန်တော်တို့ မူဘောင်ဆွဲဖို့ စဆွေးနွေးနေပြီ။ ပထမဦးစားပေးကတော့ ရပ်ထားတဲ့ အဆောက်အအုံတွေ မြန်မြန်ပြန်ဆောက်ခွင့်ရဖို့ကို လုပ်နေတယ်။ ဒီအဆောက်အအုံတွေက ရပ်ထားတာကြာရင် လုပ်ငန်းရှင်ဘက်က နစ်နာမှုတွေ ရှိနိုင်တယ်။ ဒါကို မြန်မြန်ပြတ်အောင် အရင်ဖြတ်ပေးနေတာပေါ့။ ပြီးတော့မှ မူဘောင်ကို ဆက်ပြီးဆွဲမှာပေါ့။ ကျွန်တော်တို့ကတော့ လွှတ်တော်ကို ရှင်းပြဖို့လည်း ရည်ရွယ်ထားတယ်” ဟု ဦးရဲမင်းဦးက ဆိုသည်။

အဆောက်အအုံ မူဘောင်ထွက်ရှိလာမည် ဆိုပါက ဆောက်လုပ်ရေး လုပ်ငန်းရှင်များအနေဖြင့် အဆောက်အအုံများ ဆောက်လုပ်ရာတွင် စိတ်ပူစရာ မလိုတော့ကြောင်း နှင့်မည်သည့်နေရာ၊ မည်သည့်မြေတွင် အထပ်မည်မျှ ဆောက်၍ ရနိုင်မည်၊ မည်သည့် မြို့နယ်၊ မည်သည့်ရပ်ကွက်တွင် အမြင့်ပေ မည်မျှ၊ အထပ်မည်မျှ ဆောက်ခွင့်ရမည်ကို တိတိကျကျ သိရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

“အစိုးရတွေ ပြောင်းသွားပေမယ့် ဘာမှ စိတ်ပူစရာ မရှိတော့ဘူး။ မူဘောင်က Universal မူဘောင် သဘောမျိုးဖြစ်အောင် လုပ်ခဲ့မှာ။ နောက်ပိုင်းခေတ်ကာလရဲ့ အပြောင်းအလဲကြောင့် ထပ်ဖြည့်သွားတာပဲ ရှိမယ်။ မူဘောင်ကြီးက အဓိက သိပ်အများကြီး ပြောင်းသွားမှာ မရှိဘူး။ ဘယ်ရပ်ကွက်၊ ဘယ်မြို့နယ်ဟာဆိုရင် အထပ်ဘယ်လောက်ရမယ်၊ အမြင့်ဘယ်လောက်ရမယ်ဆိုတာ သိသွားမှာပေါ့။ အထပ်မြင့်ကိစ္စ စစ်ပြီးသွားရင် ကျွန်တော်တို့ ဒါကို စလုပ်တော့မှာပါ”ဟု ဦးရဲမင်း ဦးက ဆက်လက်ပြောကြားသည်။

ရန်ကုန်မြို့တွင် လက်ရှိ အဆောက်အအုံဆိုင်ရာ မူဘောင်မရှိခြင်းကြောင့် ခွင့်ပြုခဲ့ပြီးသည့် အထပ်မြင့်အဆောက်အအုံ ၂၄၉ လုံးကို ယခုအစိုးရသစ် လက်ထက်တွင် ပြန်လည် စိစစ်နေခြင်းကြောင့် လုပ်ငန်းများ ရပ်ဆိုင်းထားကြောင်း သိရသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service