မြစိမ်းရောင် စီမံကိန်း၏ အကျိုးသက်ရောက်မှုများနှင့် ထိရောက်မှုများကို သိရှိနိုင်ရန် စစ်တမ်း ဆက်လက်ကောက်ယူသင့် - Property News in Myanmar from iMyanmarHouse.com
1663 Views

မြစိမ်းရောင် စီမံကိန်း၏ အကျိုးသက်ရောက်မှုများနှင့် ထိရောက်မှုများကို သိရှိနိုင်ရန် စစ်တမ်း ဆက်လက်ကောက်ယူသင့်

မြစိမ်းရောင်စီမံကိန်း၏ အကျိုးသက် ရောက်မှုများနှင့် ထိရောက်မှုများကို သိရှိနိုင်ရန် လာမည့်သုံးနှစ်မှ ငါး နှစ်အထိ နှိုင်းယှဉ်မှုအနေဖြင့် ဆက်လက်ကောက်ယူလေ့လာရန် အရေး ကြီးကြောင်း SPPRG (Social Policy And Poverty Research Group)မှ ညွှန်ကြားရေးမှူးဒေါက်တာအောင်နိုင်ကပြောလိုက်သည်။

''ကျွန်တော်တို့စီမံကိန်းအနေနဲ့ အကျိုးထိရောက်မှုဘယ်လောက် ထိရောက်သလဲဆိုရင် နှိုင်းယှဉ်မှုအနေနဲ့ ထိန်းချုပ်ကျေးရွာရွေးချယ်ခဲ့ပါ တယ်။ ဒီစီမံကိန်းရဲ့ အဓိကသုတေသနရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ BaseLineအနေဖြင့်အခြေခံသတင်းအချက်အလက်အနေနဲ့ ကောက်ယူဖို့ရှိပါတယ်။ ဒါကတော့ ဒီစီမံကိန်းရဲ့ဆောင်ရွက်ရမယ့် နောက်ထပ်သုံးနှစ်၊ လေးနှစ်၊ ငါးနှစ်အထိ နှိုင်းယှဉ်သဘောအနေနဲ့ ကောက်ယူ ဖို့အရေးကြီးပါတယ်''ဟု ဒေါက်တာအောင်နိုင်ကပြောသည်။

၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ခဲ့သည့် အိမ်ခြေ ၄၄ဝဝ ဝန်းကျင်မှ ကျေးရွာ ၉ဝ၈ ရွာ၊ ထိန်းချုပ်ကျေးရွာ၉၅ရွာကိုရွေးချယ်ခဲ့ပြီး နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အားလုံးပေါင်း ၁၇ နေရာတွင် ထိန်းချုပ်ကျေးရွာသည် စီမံကိန်းအနေဖြင့် အကျိုးထိရောက်မှုမည်မျှရှိနိုင်ကြောင်း နှိုင်းယှဉ်သ
ဘောအနေဖြင့် ထိန်းချုပ်ကျေးရွာရွေးချယ်ခဲ့ကြောင်း သိရသည်။

''ဒီစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဆုံးရှုံးမှုတွေ လျော့နည်းစေဖို့အတွက် Risk Management အစီအစဉ်တွေ၊မကျေနပ်မှုတိုင်ကြားဖြေရှင်းရေးအစီ
အစဉ်တွေ၊ ကျားမတန်းတူညီမျှရေးအစီ စဉ်တွေ ထည့်သွင်းဆောင်ရွက်ထားရှိပြီး သက်ဆိုင်သူအားလုံးပါဝင်တဲ့အကြံပြုသုံးသပ်ဆွေးနွေးပွဲများကို နှစ်စဉ်ကျင်းပပြီးအားနည်းချက် တွေကို ပြင်ဆင်ဖြည့်
စွက်ဆောင်ရွက်နေပါ
တယ်''ဟု ကျေးလက်ဒေသဖွံ့ဖြိုး တိုး တက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်ကပြောသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှ ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာနှစ်အထိ ပြည်နယ်၊ တိုင်းဒေသကြီးအားလုံးရှိ မြို့နယ် ပေါင်း ၂၈၈ ခုအတွင်းမှ ကျေးရွာပေါင်း ၇၇၃၃ ရွာတွင် အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်သည့်အတွက် တစ်နိုင်ငံလုံးအလိုက်လွှမ်းခြုံ မှုမှာ ၁၂ ဒသမ ၂၁ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။

မြစိမ်းရောင်စီမံကိန်းမှာ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျှော့ချရန်၊တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံစေရန်နှင့် အာဟာရပြည့်ဝစေရန်၊ ကျေးလက်အခြေခံ အဆောက်အအုံများတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ပေးခြင်း ဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးစေရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန်တို့ဖြစ်သည်။

မြန်မာနိုင်ငံတွင် မြို့နယ် ၃၃ဝ နှင့် ကျေးရွာပေါင်း ၆၄၉၁၇ ခုရှိ ပြီး နိုင်ငံ့လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများတွင် နေ ထိုင်ကြကာ ကျေးလက်လူဦးရေ၏ ၂၉ ဒသမ ၂ ရာခိုင်နှုန်းသည်ဆင်းရဲနွမ်းပါးသူများဖြစ်ကြကြောင်း
သိရသည်။

Credit: Yangon Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service