အိမ်ခြံမြေအဝယ်အချို့ ဝင်ငွေခွန်ရာခိုင်နှုန်းအသစ်ကို စောင့်နေ - Property News in Myanmar from iMyanmarHouse.com
1781 Views

အိမ်ခြံမြေအဝယ်အချို့ ဝင်ငွေခွန်ရာခိုင်နှုန်းအသစ်ကို စောင့်နေ

အိမ်ခြံမြေဝယ်ယူထားသူတချို့ ဝယ်ယူထားတဲ့အိမ်ခြံမြေတွေအတွက် ပေးဆောင်ရမယ့်
ဝင်ငွေခွန်ရာခိုင်နှုန်းကများတာကြောင့် မြေပုံရာဇဝင်ကူးယူတဲ့အဆင့်အထိပဲပြုလုပ်ထားကြပြီး ဝင်ငွေခွန်ရာခိုင်နှုန်းအသစ်ကိုစောင့်နေကြတာတွေရှိတယ်လို့ ဈေးကွက်အတွင်းကသိရတယ် ။

လက်ရှိမှာပေးဆောင်နေရတဲ့ဝင်ငွေခွန်ရာခိုင်နှုန်းကများ
တာကြောင့်အမည်ပေါက်ပြောင်းလဲတဲ့လုပ်ငန်းစဉ်မှာ
လုပ်ဆောင်ရတဲ့မြေပုံကူးအဆင့်အထိပဲလုပ်ဆောင်ထားပြီးအခွန်နှုန်းထားအပြောင်းအလဲကိုစောင့်နေကြတာဖြစ်တယ် ။

ဝါရင့်အကျိုးဆောင်ဦးမောင်မောင်က ‘မြေပုံကူးတာကတော့လုပ်ငန်းစဉ်ထဲမှာပါတဲ့တစ်ခုပါ ၊အမည်ပေါက်ပြောင်းရင်ပြုလုပ်ရတာပဲ ၊အရောင်းအဝယ်ပြုလုပ်ဖို့ဆိုတဲ့အကြောင်းအရာနဲ့ယူထားလို့ရတယ် ၊သူရဲ့သက်တမ်းကတစ်နှစ်အထိရတယ် ၊တစ်နှစ်အတွင်းကိုယ်ကဝင်ငွေခွန်မဆောင်သေးဘဲ ကိုင်ထားလဲရတယ် ‘လို့ရှင်းပြပါတယ် ။

ဈေးကွက်ထဲမှာနေဖို့ဝယ်တဲ့သူတွေက
အမည်ပေါက်ပြောင်းပြီးတရားဝင်အခွန်ပေးဆောင်ချင်သူတွေရရှိပါတယ် ။ဒါပေမဲ့ဝင်ငွေခွန်နှုန်းထားက အနည်းဆုံးက (၁၅)ရာခိုင်နှုန်းနဲ့တံဆိပ်ခေါင်းခွန်ငါးရာခိုင်နှုန်းဖြစ်နေ
တာကြောင့်မြို့သစ်တွေဘက်မှာဝယ်ယူတဲ့သူတစ်ဦး
အတွက်ဆောင်ရမယ့်ဝင်ငွေခွန်ကအနည်းဆုံးကျပ်သိန်း (၆၀)ကျော်လောက်အထိရှိနေပါတယ် ။အများစုကပေးဆောင်ဖို့ ဝန်လေးကြတာကြောင့်အစိုးရသစ်လက်ထက်မှာပြောင်းလဲလာမယ့်အခွန်နှုန်းထားအသစ်ကိုစောင့်နေကြတယ်ဖြစ်တယ်။

ကောင်းသန့်အကျိုးဆောင်ကကိုနိုင်မျိုးက ‘နှစ်တိုင်းဝင်ငွေခွန်နှုန်းထားကို ပြောင်းလဲတတ်တယ် ၊အောက်တိုဘာလောက်မှာ ပြောင်းလဲတတ်တာကြောင့်
စောင့်ကြည့်နေကြတာပါ ၊မြေပုံကူးပြီးသားလူဆိုသက်တမ်းမကုန်သေးရင် သက်တမ်းမကုန်သေးရင်ဝင်ငွေနှုန်းထားလျော့တာနဲ့
အခွန်တန်းဆောင်လို့ရအောင် ကြိုတင်လုပ်ဆောင်ထားကြတဲ့သဘောပါ ‘လို့ပြောပါတယ် ။

လက်ရှိနှုန်းထားနဲ့ဆောင်နိုင်တဲ့သူတချို့လည်းအခွန်ဆောင်ပြီးအမည်ပေါက်ပြောင်းထားတွေရှိသလိုအခုလိုအခွန်နှုန်းလျှော့မယ့်အချိန်ကို မျှော့်လင့်ပြီးစောင့်နေကြတာတွေလည်း
ဈေးကွက်ထဲမှာရှိထဲမှာရှိနေကြတာဖြစ်တယ် ။အကျိုးဆောင်အများစုကတော့အရင်ကလိုအခွန်နှုန်းထားတွေဖြေလျော့ပေးသင့်တယ်လို့သုံးသပ်ကြပါတယ် ။

ကျောက်တံတားမြို့နယ်ကအကျိုးဆောင်ဦးအောင်ကျော်က ‘ဟိုးအရင်ကအခွန်ဆောင်ရင် (၃၀)ရာခိုင်နှုန်းပဲပေါ့ ၊အခုနောက်ပိုင်းတန်ဖိုးတွေနဲ့ကန့်သတ်ပြီးရာခိုင်နှုန်းတွေ
ခွဲခြားထားပြီးဆောင်ခိုင်းတယ် ၊လက်ရှိအခွန်နှုန်းထားမသတ်မှတ်ခင်က နှုန်းထားအဟောင်းကတော့ ပိုပြီးအဆင်ပြေစေတယ် ၊လူတိုင်းဆောင်နိုင်တဲ့နှုန်းထားမျိုးပေါ့ ၊အသစ်သတ်မှတ်ပေးမယ့်နှုန်းထားတွေကိုလဲအဲဒီလို သတ်မှတ်ပေးစေချင်တယ် ‘လို့သူအမြင်ကိုပြောပါတယ် ။


Credit:The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service