ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ကျူးကျော်စာရင်း လှိုင်သာယာက စတင်ကောက်မည်။ - Property News in Myanmar from iMyanmarHouse.com
2055 Views

ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ကျူးကျော်စာရင်း လှိုင်သာယာက စတင်ကောက်မည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ အစီအစဉ်နဲ့ ကောက်ခံမယ့် ရန်ကုန်တိုင်းအတွင်းက ကျူးကျော်နေထိုင်သူစာရင်းကို လှိုင်သာယာမြို့နယ်ကနေ စတင်ကောက်ယူမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာဌာနက သိရပါတယ်။

ကျူးကျော်စာရင်းကို ကွန်ပျူတာစနစ်သုံး (ဆော့ဖ်ဝဲ) နဲ့ ပညာရှင်တွေက ကောက်ခံမှာဖြစ်တယ်။နာမည်၊ ဓါတ်ပုံ၊ လက်ဗွေနှိပ်ပြီး ကောက်ခံမှာပါ။စာရင်းပေးပြီးသားသူက
နောက်ထပ်စာရင်းထပ်ပေးလိုက်တာနဲ့ စာရင်းကောက်ခံပြီးဖြစ်ကြောင်း ကွန်ပျူတာမှာ ချက်ချင်းပေါ်လာမှာဖြစ်ပါတယ်။

နည်းပညာအကူအညီနဲ့ ကျူးကျော်စာရင်းကောက်ခံတာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်နဲ့ ဆောင်ရွက်မှာဖြစ်ပြီး စတင်ကောက်ခံမယ့်နေ့ကို အတည်ပြုပြောကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

သည်အစီအစဉ်ကို မေလ ၂၅ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ သတင်းမီဒီယာတွေကို ချပြခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ‘ရွေးကောက်ပွဲ မဲနိုင်ပြီး နောက်တစ်ရက်မှာ ဦးထွန်းနိုင်ရွှေရဲ့ မြေကွက်ကို ဝင်ကျူးကျော်ပါတယ်၊ အင်န်အယ်လ်ဒီအလံ ထောင်ဖို့လုပ်ပါတယ်၊ ပြည်သူ့အစိုးရပေါ်ပြီဆိုပြီး ဒီလူတွေဆီက မြေကွက်ကို အတင်းဝင်ကျူးကျော်ပါတယ်၊ ဒီအခြေအနေတွေက နောက်ကွယ်က လူရှိတယ်’ လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီအချို့ကလည်း လုပ်ပါတယ်။ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောပါရစေ။ခေတ်သစ်ပြည်သူ့ပါတီဆို ရွာတည်ထားတာ ရှိတယ်။ဘားလားကျေးရွာနဲ့ ကပ်လျပ်မှာ နေမျိုးဝေက မြေဝယ်ပြီး ရွာတည်ပါတယ်။သည်လုပ်ငန်းတွေဟာ အုပ်ချုပ်ရေးပိုင်းကသာ လုပ်ရတာ ဖြစ်ပါတယ်။နိုင်ငံတော်အစိုးရကသာ လုပ်ရတဲ့အလုပ်ဖြစ်တယ်လို့ ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောကြားပါတယ်။

ရန်ကုန်မြို့မှာ မင်းမဲ့စရိုက်ဆန်ဆန် မြေကွက်တွေကို အတင်းဝင်လုပ်ပြီး စီးပွားရှာနေတဲ့ ပုံစံရှိနေပြီး သည်အခြေအနေကိုတော့ တည်ဆဲဥပဒေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

သည်ပြဿနာတွေကို ဖြေရှင်းဖို့ ကျူးကျော်စာရင်းကောက်ခံမှာ ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး ဖွံဖြိုးရေးသုတေသန စီမံကိန်းနဲ့ လက်ဗွေနဲ့ မျက်နှာကို မှတ်တမ်းတင်မှာဖြစ်ပါတယ်။

စာရင်းကောက်ခံရရှိတဲ့ ကျူးကျော်တွေကို ထူထောင်ရေးကမ့်ကို ရွှေ့မှာဖြစ်ပြီး အလုပ်လုပ်ရပါမယ်။အိမ်တစ်အိမ်၊ အခန်းတစ်ခန်းမှာ ထားပေးပြီး အဲ့သည်ကနေ သူ့ဘဝကို ထူထောင်ပေးမယ်လို့ သိရပါတယ်။

အတင်းမြေလုတာတွေနဲ့ စီးပွားဖြစ်လုပ်စားနေတဲ့သူတွေကို ကျူးကျော်လို့ မသတ်မှတ်ဘဲ တည်ဆဲဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်ပါတယ်။စာရင်းကောက်တဲ့အခါ အုပ်ချုပ်ရေးအဆင့် တိုးမြှင့်ထားမှာဖြစ်ပြီး အရေးပေါ်ဖြစ်လာရင် ချက်ချင်းတရားစွဲ၊ ချက်ချင်းထောင်ချနိုင်အောင် ပြင်ဆင်ထားမယ်လို့ သိရပါတယ်။

လှိုင်သာယာမြို့နယ်မှာ မြို့နယ်အဆင့် ကျူးကျော်စာရင်း တစ်ခါကောက်ခံထားပြီး စာရင်းကတော့ မတိကျနိုင်ဘူးလို့ လှိုင်သာယာမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)က လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောပါတယ်။

Credit: Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service