အိမ်ခြံမြေစံနှုန်းသစ် အခွန်ထမ်းဆောင်နိုင်တဲ့ နှုန်းထားဖြစ်ဖို့လို - Property News in Myanmar from iMyanmarHouse.com
1417 Views

အိမ်ခြံမြေစံနှုန်းသစ် အခွန်ထမ်းဆောင်နိုင်တဲ့ နှုန်းထားဖြစ်ဖို့လို

အိမ်ခြံမြေ စံနှုန်းသစ်ကို ဈေးကွက်မှာ ပြောနေကြတဲ့ အတိုင်းစံနှုန်းမြင့်မယ်ဆို အိမ်ခြံမြေဈေးကွက် ပိုအေးနိုင်ပြီး အခွန်ထမ်းတွေ ဆောင်နိုင်တဲ့ နှုန်းထားဖြစ်လာဖို့ စဉ်းစားပေးသင့်တယ်လို့ သိရပါတယ်။

စံနှုန်းသတ်မှတ်ချက်တွေကို သက်ဆိုင်ရာမြို့နယ်အခွန်ရုံးက လက်ရှိဈေးနှုန်းတွေကို အခြေခံထားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထားတယ်လို့ သိရပါတယ်။အိမ်ခြံမြေစံနှုန်းတွေကို တစ်နှစ်တစ်ကြိမ် ပြင်ဆင်ရေးဆွဲပြီး အိမ်ခြံမြေ အရောင်းအ၀ယ်ပြုလုပ်တဲ့အခါ သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း အခွန်ပေးဆောင်ရတာဖြစ်ပါတယ်။အိမ်ခြံမြေတစ်ပေပတ်လည်စံနှုန်းတွေကို လမ်းနဲ့မြို့နယ်အလိုက် နေရာပေါ်မူတည်ပြီး ဈေးနှုန်းသတ်မှတ်ပေးထားတာပါ။

ဝါရင့်အကျိုးဆောင်ဦးမောင်မောင်က စံနှုန်းကလည်းမြင့်တယ်၊၀င်ငွေခွန်ကလည်းမြှင့်ထားတာဆိုတော့ အခွန်ဆောင်မဲ့ လူတွေထက် ရှောင်မှာတွေက ပိုများလာနိုင်တယ်၊တချို့စံနှုန်းတွေဆို နည်းနေတာများနေတာတွေရှိတယ်။ဒါတွေကိုချိန်ညှိပေးလိုက်ရုံနဲ့ ပဲ အဆင်ပြေပါတယ်၊အခုတော့ထပ်တိုးမယ်ဆိုတော့ အခြေခံလူတွေဘယ်တက်နိုင်မလဲလို့ ပြောပါတယ်။

စံနှုန်းတွေမှာ တချို့စံနှုန်းတွေက ပြင်ပပေါက်ဈေးရှိခဲ့ပါတယ်။အသစ်ထွက်ရှိမယ့် စံနှုန်းအသစ်မှာလည်း အဟောင်းကိုလျော့ထားတာရှိသလို တစ်ချို့နှုန်းထားတွေကို တိုးမြှင့်ထားတယ်လို့ အိမ်ခြံမြေအသိုင်းအ၀ိုင်းကသိရပါတယ်။နှစ်စဉ် အောက်တိုဘာလမှာ နှုန်းထားတွေထွက် တာကြောင့် အပြင်မှာပြောနေကြတဲ့ သတင်းကတော့ စံနှုန်းအတိအကျထွက်မှပဲ သိရနိုင်မှာ ဖြစ်ပါတယ်။

အရင်နှစ်တွေကလည်း စံသတ်မှတ်နှုန်းထားအသစ်တွေကြောင့် အေးနေတဲ့ ဈေးကွက်က အမေးမရှိသလောက်ဖြစ်သွားခဲ့တယ်။လက်ရှိကာလမှာအ၀ယ်မရှိဘဲ အေးစက်နေပြီးသားဈေးကွက်က စံနှုန်းအသစ်သာထွက်ရှိခဲ့ရင် ပိုဆိုးသွားမလားမေးစရာဖြစ်နေတာပါ။ဝင်ငွေခွန်နှုန်းထားတွေလည်း မြှင့်ထားတာကြောင့် စံနှုန်းတွေတိုးတာကလည်း အခွန်ရှောင်ဖို့ဖြစ်သွားနိုင်တယ်လို့ ပြောကြားတာမျိုး ရှိပါတယ်။

ဝယ်ရောင်းအကျိုးဆောင်ဦးကျော်စွာက ဒီလိုအချိန်မှာ စံနှုန်းပါထပ်မြှင့်မယ်ဆို ပိုပြီးအေးသွားနိုင်တယ်၊မ၀ယ်မဖြစ် ၀ယ်ကြတဲ့အခါ ကျသင့်တဲ့ အခွန်နှုန်းထားက မြင့်သွားတော့ လယပေးချင်ကြတော့မလဲ၊ပေးရမယ်ဆိုရင်တောင် သင့်တင့်တဲ့ နှုန်းထားလေးတွေ ဖြစ်စေချင်ကြတာပေါ့လို့ ပြောပါတယ်။

စံနှုန်းထားက ၀င်ငွေခွန်ပေးဆောင်တဲ့ အခါ ဆောင်ရမယ့်နှုန်းထားတွေဖြစ်ပါတယ်။ဝင်ငွေခွန်နှုန်းထားကလည်း ၂၀၁၆ ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ တစ်ကျပ်မှ ကျပ်သိန်း ၃၀၀ အထိ ၁၅ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ ကျော်မှ ကျပ်သိန်း ၁၀၀၀ အထိကို ၂၀ ရာခိုင်နှုန်း ၊ ကျပ်သိန်း ၁၀၀၀နဲ့ အထက်ကို ၃၀ ရာခိုင်နှုန်းအဖြစ်ပေးဆောင်ရတာပါ။

အခွန်နဲ့ အိမ်ခြံမြေဈေးကွက်ကို ထိန်းတဲ့ သဘောမျိုးဆိုပေမဲ့ အခွန်ဆောင်ဖို့ ကတကယ်နေဖို့ဝယ်တဲ့သူတွေအတွက်တော့ များနေတာကြောင့် အခွန်ကိုကန့်သက်ချက်တွေနဲ့ ခွဲခြားပေးမယ်ဆိုပိုပြီး အခွန်ဆောင်သူတွေအတွက် ထိရောက်မှုရှိစေမယ်လို့ အကျိုးဆောင်တချို့ကပြောပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service