ဗီယက်နမ်တွင် တန်ဖိုးကြီးဇိမ်ခံနှင့် တန်ဖိုးမျှတလူနေအိမ်ဈေးကွက်ဖွံ့ဖြိုးမှု မျှခြေမညီမှုအပေါ် ရတက်မအေးမှုများ မြင့်တက် - Property News in Myanmar from iMyanmarHouse.com
1576 Views

ဗီယက်နမ်တွင် တန်ဖိုးကြီးဇိမ်ခံနှင့် တန်ဖိုးမျှတလူနေအိမ်ဈေးကွက်ဖွံ့ဖြိုးမှု မျှခြေမညီမှုအပေါ် ရတက်မအေးမှုများ မြင့်တက်

ဗီယက်နမ်နိုင်ငံတွင် တန်ဖိုးကြီးဇိမ်ခံလူနေအိမ်နှင့် တန်ဖိုးမျှတလူနေအိမ်တို့အကြား ဈေးကွက်ဖွံ့ဖြိုးမှု မျှခြေမညီမှုအပေါ်ရတက်မအေးမှုများ မြင့်တက်လာလျက်
ရှိနေကြောင်း ဟနွိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဗီယက်နမ်ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အိမ်ရာဈေးကွက်စီမံခန့်ခွဲရေးဌာနမှ ထုတ်ပြန်ချက်အရ ပြည်တွင်းဈေးကွက်တွင် အလယ်အလတ်တန်းစားလူနေအိမ်ရောင်းလို
အားနည်းပါးလျက်ရှိသော်လည်း တန်ဖိုးကြီးလူနေအိမ်ဈေးကွက်တွင်မူ ရောင်းလိုအား အလျှံအပယ်ဖြစ်လျက်ရှိခြင်းကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် တွေ့မြင်လာရဖွယ်ရှိကြောင်း ထုတ်ပြန်ထားသည်။

ဗီယက်နမ်အိမ်ခြံမြေဈေးကွက်သည် ပြန်လည်နာလံထူလာသည့်လမ်းကြောင်းပေါ်ရောက်နေသော်လည်း နိုင်ငံသားအများစုမှာ တန်ဖိုးနည်းနှင့် တန်ဖိုးမျှတလူနေအိမ်များကိုသာ ပိုမိုလိုလားကြရာယခုကဲ့သို့ရတက်မအေးမှုများ
ဖြစ်လာခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်ပထမနှစ်ဝက်အတွင်း လူနေအိမ်ရာသစ်စီမံကိန်းအများအပြားတွေ့မြင်ရဖွယ်
မရှိကြောင်း ဗီယက်နမ်အိမ်ခြံမြေအသင်းက ထုတ်ပြန်ခဲ့ဖူးသည်။

လက်ရှိရောင်းဝယ်လျက်ရှိကြသည်မှာ အပြီးသတ်သွားသော စီမံကိန်းများမှ နေအိမ်ခန်းများသာဖြစ်ရာ ရောင်းလိုအားနည်းပါးမှုကြောင့်လူနေအိမ်ခန်းဈေးနှုန်းများမှာ မြင့်တက်
လာခဲ့သည်။

ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ဟနွိုင်းရှိ လူနေအိမ်ခန်းဈေးနှုန်းများမှာ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ မြင့်တက်နေသည်။
ဟိုချီမင်းမြို့တော်တွင်မူ တန်ဖိုးကြီးဇိမ်ခံလူနေခန်းများသာလျှင် ၁၅ ရာခိုင်နှုန်းခန့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး တန်ဖိုးမျှတလူနေခန်းများမှာ ဈေးနှုန်းတည်ငြိမ်နေသည်ဟု ဟိုချီမင်းမြို့တော်အိမ်ခြံမြေအသင်းက ထုတ်ပြန်သည်။

ယေဘုယျအားဖြင့်ဆိုရလျှင်မူ အဆိုပါမြို့ကြီးနှစ်မြို့တွင် အရောင်းအ၀ယ်အေးနေသည်ဟု ဆိုရမည်ဖြစ်သည်။
ဗီယက်နမ်အိမ်ခြံမြေဈေးကွက်တည်ငြိမ်မှုရရှိစေရန်အတွက် ရောင်းလိုအားနှင့် ၀ယ်လိုအားမျှခြေရစေရန် အဆိုပါမြို့ကြီး ၂ မြို့တွင် အိမ်ရာစီမံကိန်းများကို ဆောက်လုပ်ခွင့်မပြုမီ ၀ယ်လိုအားကို အသေအချာလေ့လာသင့်ကြောင်း ဗီယက်နမ်ဆောက်လုပ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဗီယက်နမ်တွင် တန်ဖိုးကြီးဇိမ်ခံနှင့် တန်ဖိုးမျှတလူနေအိမ်ဈေးကွက်ဖွံ့ဖြိုးမှု မျှခြေမညီမှုအပေါ် ရတက်မအေးမှုများ မြင့်တက် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service