၂၀၁၆ ခုနှစ် အိမ်ခြံမြေကဏ္ဍပွင့်လင်းမြင်သာမှုညွှန်းကိန်း ထုတ်ပြန်လိုက်ရာ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှုမရှိသည့် ၂၁ နိုင်ငံတွင် ပါဝင် - Property News in Myanmar from iMyanmarHouse.com
666 Views

၂၀၁၆ ခုနှစ် အိမ်ခြံမြေကဏ္ဍပွင့်လင်းမြင်သာမှုညွှန်းကိန်း ထုတ်ပြန်လိုက်ရာ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှုမရှိသည့် ၂၁ နိုင်ငံတွင် ပါဝင်

၂၀၁၆ ခုနှစ် အိမ်ခြံမြေကဏ္ဍပွင့်လင်းမြင်သာမှုညွှန်းကိန်း (Greti) ကို ထုတ်ပြန်လိုက်ရာ မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာမှုမရှိသည့် ၂၁ နိုင်ငံစာရင်းတွင် ပါဝင်လျက်ရှိသည်ကို တွေ့ရသည်။

အိမ်ခြံမြေကဏ္ဍပွင့်လင်းမြင်သာမှု ညွှန်းကိန်းကို ထုတ်ပြန်သည်မှာ ချီကာဂိုအခြေစိုက် အိမ်ခြံမြေကဏ္ဍရင်းနှီးမြှုပ်နှံမှုနှင့် ၀န်ဆောင်မှုကုမ္ပဏီ Jones Lang LaSalle Incorporated (JLL) နှင့် ချီကာဂိုအခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနှင့် စီမံခန့်ခွဲရေး ကုမ္ပဏီ LaSalle Investment Management တို့မှ ပူးပေါင်းထုတ်ပြန်ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ်အိမ်ခြံမြေကဏ္ဍပွင့်လင်းမြင်သာမှုညွှန်းကိန်းတွင် အဆင့် ၅ ဆင့် ခွဲခြားသတ်မှတ်ထားရာ၌ (၁) ပွင့်လင်းမြင်သာမှု မြင့်မား (၂) ပွင့်လင်းမြင်သာမှုရှိ (၃) ပွင့်လင်းမြင်သာမှုအနည်းငယ်ရှိ (၄) ပွင့်လင်းမြင့်သာမှု နိမ့်ပါး (၅) ပွင့်လင်းမြင်သာမှု လုံးဝမရှိ ဟူ၍ အဆင့် ၅ ဆင့်ခွဲခြားသတ်မှတ်ထားသည်။

အဆိုပါ ညွှန်းကိန်းတွင် ပွင့်လင်းမြင်သာမှု အမြင့်မားဆုံး ၁၀ နိုင်ငံမှာ
၁။ ဗြိတိန်
၂။ သြစတေးလျ
၃။ ကနေဒါ
၎။ အမေရိကန်
၅။ ပြင်သစ်
၆။ နယူးဇီလန်
၇။ နယ်သာလန်
၈။ အိုင်ယာလန်
၉။ ဂျာမနီ
၁၀။ ဖင်လန်တို့ ဖြစ်ကြသည်။

ယင်းညွှန်းကိန်းအရ မြန်မာနိုင်ငံမှာ အိမ်ခြံမြေကဏ္ဍပွင့်လင်းမြင်သာမှု လုံးဝမရှိသည့်နိုင်ငံများစာရင်းတွင် ပါဝင်နေပြီး ကမ္ဘာ့အောက်ဆုံးအစုတွင် ပါဝင်နေကာ အဆင့် ၉၅ တွင် ရပ်တည်လျက်ရှိသည်။

ပွင့်လင်းမြင်သာမှုလုံးဝမရှိသည့်နိုင်ငံများမှာ
အိုမန်၊ ယူဂန်ဒါ၊ လက်ဘနွန်၊ ပနားမား၊ တူနီးရှား၊ အီသီယိုးပီးယား၊ မြန်မာ၊ အယ်လ်ဂျီးရီးယား၊ အင်ဂိုလာ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ တန်ဇန်းနီးယား၊ ဘီလာရုစ်၊ မိုဇမ်ဘစ်၊ ဂွါတီမာလာ၊ အီရတ်၊ အိုင်ဗိုရီကို့စ်၊ ဗင်နီဇွဲလား၊ ဆီနီဂေါ၊ ဒီဂျီဘိုတီ၊ ဟွန်ဒူးရပ်စ်နှင့် လစ်ဗျားတို့ ဖြစ်ကြသည်။

ပွင့်လင်းမြင်သာမှုလုံးဝမရှိသည့်နိုင်ငံများစာရင်းတွင် အဓိကအားဖြင့် အာဖရိကနှင့် ဗဟိုအမေရိကနိုင်ငံများ ပါဝင်နေပြီး အာရှမှ မြန်မာတစ်နိုင်ငံတည်းသာ ပါဝင်ကာ တရုတ်နိုင်ငံပင်လျှင် ပွင့်လင်းမြင်သာမှု အနည်းငယ်ရှိသည့်နိုင်ငံများစာရင်းတွင် ပါဝင်သည်ကို တွေ့ရသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service