သန်လျင်တံတားနှင့် အပြိုင်တံတားသစ်တစ်စင်း ထပ်မံတည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
2563 Views

သန်လျင်တံတားနှင့် အပြိုင်တံတားသစ်တစ်စင်း ထပ်မံတည်ဆောက်မည်

ယာဉ်ကြောကျပ်တည်းမှု နေ့စဉ်ကြုံတွေ့နေသည့် သန် လျင်တံတား အမှတ်(၁)နှင့်အ ပြိုင် တံတားသစ်တစ်စင်း တည် ဆောက်မည်ဖြစ်ကြောင်း မြန်မာ့ မီးရထားလုပ်ငန်းမှ သတင်းရရှိ သည်။

အဆိုပါ တံတားသစ်ကို ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (JICA)၏ အကူအညီဖြင့် မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပူးပေါင်း တည် ဆောက်ရန် လေ့လာတိုင်းတာမှု များ ပြီးစီးပြီဖြစ်ကြောင်း မြန်မာ့ မီးရထားလုပ်ငန်းမှ အဆင့်မြင့် အရာရှိတစ်ဦးက သန်လျင် တံတား ယာဉ်ကြောပိတ်ဆို့မှုနှင့် ပတ်သက်၍ အရပ်ဘက်နှင့် ဌာန ဆိုင်ရာကိုယ်စားလှယ်များ ပူး ပေါင်းပြုလုပ်သည့် ဆွေးနွေးပွဲ၌ ပြောကြားသည်။

တံတားသစ်ကို လက်ရှိ တံတားဟောင်း၏ ရန်ကုန်မြို့ ညာဘက်ခြမ်း မီတာ ၁၄၀ အကွာ တွင် တည်ဆောက်ရန် စီစဉ်ထား ပြီး တံတားအမှတ်(၁)ကဲ့သို့ ရထားလမ်းပါရှိမည်မဟုတ်ဘဲ လေးလမ်းသွားအဖြစ် တည် ဆောက်ရန် လျာထားသည်။

ပဲခူးမြစ်ပေါ်တွင် သန်လျင် မြို့သို့ ဆက်သွယ်သည့် တံတား နှစ်စင်းရှိပြီး တံတားအမှတ်(၁)မှာ ၃၆ တန်အောက် ယာဉ်များ ဖြတ် သန်းမောင်းနှင်နေပြီး တံတား အမှတ်(၂) ကုလားဝဲတံတားမှာ ကွန်တိန်နာယာဉ်ကြီးများ အသုံးပြု မောင်းနှင်လျက်ရှိသည်။

ထို့ကြောင့် ယခုတတိယ မြောက်တည်ဆောက်မည့် တံတား သစ်သည် သီလ၀ါအထူးစီးပွား ရေးဇုန်အတွက် အဓိကအသုံးပြု ရန် ဂျပန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA)က ကူညီခြင်းဖြစ်သည်။

ယာဉ်အများစု အသုံးပြုနေ သည့် အမှတ်(၁)တံတားမှာ သက် တမ်း နှစ် ၂၀ ကျော် ကြာမြင့်နေ ပြီဖြစ်ကာ တစ်လမ်းမောင်းစနစ် ဖြစ်၍ ယာဉ်ကြောကျပ်တည်းမှု ကို နာရီပေါင်းများစွာ နေ့စဉ်ကြုံတွေ့နေရသည်။

‘‘တံတားပေါ်တက်တဲ့ ချဉ်း ကပ်လမ်းက နှစ်လမ်းမောင်းတက် တာ၊ ကားနှစ်စီးစလုံးက တက်ပြီး တံတားပေါ်မှာ တစ်လမ်းသွားပဲရှိ တယ်။ ပြီးတော့ ၁၄ ပေ အကျယ် ရှိတဲ့ လမ်းတစ်လမ်းပဲရှိတယ်။ ကမ်းကပ်ခုံပေါ်ရောက်တာနဲ့ တစ် စီးစီးပဲသွားရတာ၊ နေရာလုရတဲ့ သဘောရှိတယ်။ ဒါကြောင့် ကား တွေကျပ်ရတာ’’ဟု အဆိုပါ တံတားကို စီမံခန့်ခွဲနေသည့် မြန်မာ့မီးရထားမှ အဆင့်မြင့်အ ရာရှိတစ်ဦးက သုံးသပ်သည်။

တံတား အမှတ်(၁) သည် တွဲကားများ၊ ကုန်တင်ယာဉ်များ ကြောင့် ယာဉ်ကြောဆိုးရွားစွာ ပိတ်ဆို့နေရပြီး လက်ရှိအခြေအ နေကို အစိုးရအဖွဲ့သို့တင်ပြရန် စီစဉ်ထားကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးနေ မင်းစိုးက ပြောသည်။

‘‘တံတားအသစ် ထပ် ဆောက်ရင်တော့ ဒေသအတွက် အကောင်းဆုံးဖြစ်သွားပြီ။ သီလ ၀ါအတွက်လည်း အရမ်းအဆင် ပြေသွားပြီ’’ဟု ဦးနေမင်းစိုးက သုံးသပ်သည်။

သန်လျင်တံတား ယာဉ် ကြောပိတ်ဆို့မှုကြောင့် နေ့စဉ် တံတားဖြတ်သန်းရန် နာရီဝက်ခန့် အချိန်ယူရပြီး ယာဉ်ကြောပိတ်ဆို့ မှု ဆိုးရွားနေသည်ကို ဖြေရှင်း ပေးနိုင်ခြင်းမရှိသေးကြောင်း သန် လျင်မြို့ခံ အရပ်ဘက်အဖွဲ့အ စည်းများက ဝေဖန်ကြသည်။

သန်လျင်တံတားအမှတ် (၁)ကို မြန်မာ့မီးရထားက ပြုပြင် ထိန်းသိမ်းရန်နှင့် တံတားကြေး ကောက်ခံရန် တင်ဒါခေါ်ယူရာ တွင် အောင်နိုင်သူကုမ္ပဏီက ကျပ် သိန်းပေါင်းတစ်သောင်းကျော်ဖြင့် တင်ဒါအောင်မြင်ပြီး လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

Credit : 7Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service