အိမ် ခြံ မြေ ဈေးကွက် ပူဖောင်း တကယ်ပေါက်သလား - Property News in Myanmar from iMyanmarHouse.com
5798 Views

အိမ် ခြံ မြေ ဈေးကွက် ပူဖောင်း တကယ်ပေါက်သလား

အများစုဟာ ကနေ့အိမ်ခြံ မြေဈေးနဲ့ပတ်သက်လို့ ဈေးကွက်
ပူဖောင်းပေါက်ခြင်းဆိုတဲ့စကားရပ်ကိုပြောလေ့ရှိကြပါတယ်။ဒါနဲ့ ပတ်သက်လို့ အပြောများတတ်တဲ့ စကားတစ်ခွန်းရှိပါတယ်။ဒါဟာ ဈေးကွက်ပူဖောင်းပေါက်ခြင်းဆိုတဲ့ စကားရပ်ပါ။အိမ် ခြံ မြေ ဈေးကွက် ပူဖောင်း ပေါက်တယ်လို့ အများစုက သုံးနှုန်းပြောဆိုလာမှုကြောင့် အိမ် ခြံ မြေ ရင်းနှီးမြုပ်နှံလိုသူတွေအတွက် ကြောက်လန့်စရာ အခြေအနေတစ်ရပ်မျိုး ထင်မြင်စေခဲ့ပါတယ်။

ဒါပေမယ့် ဒါဟာ မဟုတ်ပါဘူး။ဘာကြောင့် ဈေးကွက်ပူဖောင်း မပေါက်ကြောက်းပြောရရင်တော့ မြန်မာ့အိမ် ခြံ မြေ
ဈေးဟာ လက်ရှိအချိန်ကာလအထိ အမြင့်ရောက်နေခြင်းကြောင့်ပဲဖြစ်ပါတယ်။ပူဖောင်းပေါက်
တယ်ဆိုပြီး ဘယ်သူမှ ကနေ့ထိ အရှုံးခံ ချရောင်းစရာမလိုလောက်အောင် အိမ် ခြံ မြေ ဟာ ဈေးကွက်အေးကာလမှာတောင် အိနြေ္ဒရနေဆဲ ဖြစ်ပါတယ်။

အိမ် ခြံ မြေ ဈေးဟာ ထပ်မြင့်လာနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတာက စိတ်ဝင်စားစရာပါ။ ရန်ကုန်အခြေစိုက် အိမ် ခြံ မြေ အကျိုးဆောင် လုပ် ကိုင်နေကြတဲ့ အကျိုးဆောင်တွေကတော့ ခုလိုသုံးသပ်ပါတယ်။

""အိမ် ခြံ မြေ ဈေးက ထပ်တက်လာမှာပဲ။ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိနေမှု၊နောက်
ပြည်သူတွေတင်တဲ့ အစိုးရတစ်ရပ်ပေါ်ထွန်းလာမှု၊ဒါတွေက ကမ္ဘာ့နိုင်ငံတွေကို လာရောက်ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားစေတယ်။ဒါကြောင့် မြန်မာနိုင်ငံကို လာပြီးနေရာဦးချင်တဲ့သူတွေအများကြီးပဲရှိတယ်။ဘာကြောင့်လဲဆိုတော့ မေ လ ၇ ရက်နေ့ကဟောပြောပွဲတစ်ခုမှာ စီးပွားရေးနဲကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အကြံပေးဟောင်း ဒေါက်တာမောင်အောင်ကပြောပြခဲ့တယ်။
မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံမယ့်သူတွေ ဘယ်နေ့ဘယ်ရက်က လာရောင်ရင်းနှီးမြုပ်နှံ့ မယ့် လူတွေ ဘယ်လောက်များတယ်ဆိုတာ ရက်စွဲမှတ်တမ်းအတိအကျနဲ့ ပြောခဲ့တယ်။အဲဒီလိုဘဲ ကျွန်တော်တို့မသိတဲ့အချိန်မှာလာရောက်ချုပ်ဆိုထားတဲ့ စာချုပ်တွေအများကြီးရှိတယ်။ဆိုလိုတာက ဝင်လာမယ့် investment ကအများကြီးဘဲ။အဲဒီတော့ မြန်မာနိုင်ငံမှာက အကျင့်တစ်ခုရှိတယ်။အဲဒါ ဘာလဲဆိုတော့ ငှားရမ်းခ ဈေးတွေမကြာခဏ တက်တာလေ။နိုင်ငံခြား ကုမ္ပဏီက လူတွေက ဒီမှာလာငှားတယ်။ဒါပေမယ့် ဒီမှာက အိမ်ရှင်တွေကမကြာခဏ ဈေးတက်လေ့ရှိတယ်။ဒီတော့ နိုင်ငံခြားကုမ္ပဏီတွေက ဒီမှာ ဝယ်လို့ရရင် ဝယ်ချင်ကြတယ်။ဒါပေမယ့် ကွန်ဒို ဥပဒေက မထွက်သေးဘူး။ထွက်လာတဲ့ အချိန်ကြရင် ကျိမ်းသေ နိုင်ငံခြားသားတွေက ဝယ်ကြမှာဘဲ။ဒါက အိမ်ခြံမြေ ဈေးကွက်အတွက် ဈေးပြန်ကောင်းလာမယ့်အချက်ဘဲ။မောက်ပြီး အိမ် ခြံ မြေ ကွန်ဒိုဥပဒေ က နည်းဥပဒေရေးနေပီ။မကြာခင် ထွက်လာတော့မှာ။အဲဒါကြောင့် အိမ် ခြံ မြေ ဟာ ကျိန်းသေပြန်ကောင်းလာမှာ ဈေးကွက်လည်းပြန်အ
ဆင်ပြေနေမှာဘဲ။အိမ် ခြံ မြေ ဈေးကွက် ပူဖောင်းပေါက်တယ်ဆိုတာ မဟုတ်ဘူး""ဟု စိုင်းခွန်နောင် အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေးဂျင်းဒါရိုက်တာမှ ပြောပြသည်။

""ဘာကြောင့်ပူဖောင်းပေါက်သလဲ""

အမေရိက အစရှိတဲ့ နိုင်ငံတွေမှာ အိမ်ခြံမြေ ဈေးကွက်ပူဖောင်းပေါက်ခဲ့ပါတယ်။ဒါပေမယ့်မြန်မာနိုင်ငံက အိမ် ခြံ မြေ အရောင်းအဝယ် အနေအထားဟာ အမေရိက နဲ့ ပုံစံခြင်းခြားနားပါတယ်။အမေရိက က အိမ် ခြံ မြေ ရောင်းဝယ်မှုအနေအထားဟာ အနိမ့်ဆုံး နှစ် ၃၀ အရစ်ကျ ​ချေးငွေစနစ်နဲ့ သွားပါတယ်။ဒါကြောင့်လည်း မကြာခဏဆိုသလို properties ​တွေမနိုင်တော့တဲ့အခါမှာ ပူဖောင်းပေါက်လေ့ရှိတာပါ။ဒါပေမယ့် မြန်မာနိုင်ငံမှာက ဆယ်နှစ် ချေးငွေ စီမံကိန်းနဲ့ရောင်းတဲ့ အိမ် ခြံ မြေ တောင် ခပ်ရှားရှားပါ။ဒါကြောင့် ပူဖောင်းပေါက်တယ်ဆိုတဲ့စကားရပ်ဟာ မဟုတ်ပါဘူး။

မြန်မာ့ အိမ် ခြံ မြေ ဈေးကွက်ဟာ အလားအလာကောင်းပေမယ့် အနိမ့်ဆုံးတစ်နှစ်ဝန်းကျင်ခန့်မှာမှ ပြန်လည်ပတ်နိုင်မယ့်
အကြောင်းအများစုကသုံးသပ်ထားပြီး အိမ် ခြံ မြေ ဈေးကွက် ပူဖောင်းပေါက်ခြင်းဟာ မဟုတ်ကြောင်း တင်ပြလိုက်ရပါတယ်။

မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service