ဆင်ခြေဖုံး အိမ်ခြံမြေ အရောင်း အငှားဈေးကွက် ၂၀၁၆ နှစ်ဆန်းပိုင်းမှ စကာ ဆက်တိုက်ကျဆင်းနေ - Property News in Myanmar from iMyanmarHouse.com
2828 Views

ဆင်ခြေဖုံး အိမ်ခြံမြေ အရောင်း အငှားဈေးကွက် ၂၀၁၆ နှစ်ဆန်းပိုင်းမှ စကာ ဆက်တိုက်ကျဆင်းနေ

၂၀၁၅ ရွေးကောက်ကပွဲမတိုင်မီကာလကတည်းက ငြိမ်သက်နေသည့် အိမ်ခြံမြေဈေးကွက် မှာ ၂၀၁၆ ဇွန်လကုန်အထိ ၀ါဝင်ကာလ နီးလာသည့်အထိ ၀ယ်ယူသူမရှိသလောက်ဖြစ်ကာ လျော့ဈေးဖြင့် စတင်ရောင်းချမှုများ ရှိလာ ပြီး အငှားဈေးကွက်ပါ ထိခိုက်နေ ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များနှင့် တစ်ပိုင်တစ်နိုင်အိမ်အငှား ပွဲစား လုပ်ကိုင်နေသူများထံမှ သိရသည်။

“တိုင်ခန်းအငှားလား၊ မရတာတော်တော်ကြာနေပြီ၊ရပ်ကွက်ထဲမှာ ဆောက်ထားတဲ့ တိုက်ခန်းတွေက ပွထနေတာ။ ငှားနေတဲ့သူက အရင် ကလောက်မများတော့ဘူး။ပြီးတော့ တိုက်ခန်းပိုင်ရှင်တွေက အရင်လို အိမ်ငှားခဏခဏပြောင်းတာ မကြိုက်တော့ဘူး။အခု အခန်းတွေ ကများ ငှားနေနိုင်တဲ့သူက တော်တော်နည်းတယ်။ တိုက်ခန်းပိုင်ရှင်တွေက သူတို့တိုက်ခန်းတွေရောင်းမထွက်တော့ အိမ်ငှားကိုဈေးဖျက် တင်တယ်လေ။ အိမ်ငှားကနည်း၊အခန်းတွေက အများကြီးထွက်လာ၊၀ယ်တဲ့သူက မရှိသလောက်ရှားနေတော့ ပွဲစားဈေးကွက်က ပျက်သလောက်ဖြစ်နေပြီ၊တစ်လတစ်ခန်း တောင် အလုပ်မဖြစ်တော့ဘူး” ဟု လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်အတွင်း အိမ်ခြံမြေပွဲစား လုပ်နေသူ တစ်ဦး ကဆိုသည်။

“ကျွန်တော်လမ်းထဲမှာ တိုက်ခန်းလွတ်တွေ အများကြီးဘဲ။ တိုက်ခန်းဈေးက ပြီးခဲ့တဲ့ နှစ်က ထက် အများကြီးမကျဘူး။ အငှားဈေးသာ ကျတာ။အရောင်းဈေးက သိပ်မကျဘူး။ဒါပေမယ့် အ၀ယ်ကတော့ မစဉ်းစားပါဘူး။ဆောက်ထားတာလဲ ပါးပါးလေး။လူမနေရသေးဘူး အက်ကြောင်းတွေက ထနေပြီ။လမ်းထဲကားဝင်လို့လည်းမရ။ဒီကြားထဲ စည်ပင်က တားထားလို့လူနေပြီးကာမှ တရားမ၀င် ခိုးဆောက်လို့ ပြဿနာတက်နေတဲ့ တိုက်တွေ ဒီမှာက အများကြီးဘဲ ။ငှားမယ်သူက မရှိတာ ငှားချင်တဲ့တိုင်ခန်းတွေက များလွန်းလို့”လှိုင်မြို့နယ်အတွင်း တိုက်ခန်းငှားနေထိုင်သူ ကိုမင်းမင်းက ဆိုသည်။

လက်ရှိတွင် ရန်ကုန်ဆင်ခြေဖုံးမြို့နယ်များ၌ တိုက်ခန်းများဈေးမှာ လမ်းမတန်း ပျမ်းမျှ မြေညီထပ် လမ်းမတန်း သိန်း(၁၀၀၀-၆၀၀)၊ ပထမထပ် (သိန်း ၇၀၀-၄၀၀)ဒုတိယထပ်(သိန်း၅၀၀-၃၀၀)ခေါ်ဈေးရှိကာ လမ်းအတွင်းများတွင် ပျမ်းမျှ မြေညီထပ် သိန်း(၅၀၀-၄၀၀)၊ ပထမထပ် (သိန်း ၃၀၀-၂၅၀)ဒုတိယထပ်(သိန်း ၃၀၀-၂၅၀)ခေါ်ဈေးရှိကြောင်း သိရသည်။

တိုက်ခန်းအငှားဈေးနူန်း များအနေဖြင့် လမ်းမတန်း ပျမ်းမျှ မြေညီထပ် လမ်းမတန်း သိန်း(၁၀-၅)၊ပထမထပ် (၅သိန်း-၃သိန်း)ဒုတိယထပ်(၂သိန်း-တစ်သိန်းခွဲအထိ)ခေါ်ဈေးရှိကာ လမ်းအတွင်းများတွင် ပျမ်းမျှ မြေညီထပ် (၂ သိန်းခွဲ-နှစ်သိန်း)၊ပထမထပ် (နှစ်သိန်း တစ်သိန်းခွဲ-)ဒုတိယ ထပ် (တစ်သိန်းခွဲ-တစ်သိန်း) ခန့်အမျိုးမျိုး ခေါ်ဈေးရှိကြောင်း သိရသည်။

Credit: China.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service