ဒဂုံမြို့သစ် လေးထောင့်ကန်အနီး မြေဧက ၁၇၀၀ ကျော် ရောင်းဝယ်ငြိမ် - Property News in Myanmar from iMyanmarHouse.com
1834 Views

ဒဂုံမြို့သစ် လေးထောင့်ကန်အနီး မြေဧက ၁၇၀၀ ကျော် ရောင်းဝယ်ငြိမ်

ဒဂုံမြို့သစ် လေးထောင့်ကန်အနီးရှိ မြေဧက ၁၇၀၀ကျော်မှာ မြို့ပြတိုးချဲ့ဖို့ စီမံကိန်းရှိပေမဲ့ အရောင်းအ၀ယ်မှာတော့ အောက်ဈေးနဲ့ ကောက်နေသူတွေ ကလွဲပြီး ငြိမ်သက်နေတုန်းပဲလို့ အကျိုးဆောင်တချို့ဆီက သိရတယ်။

သည်နေရာရဲ့ စီမံကိန်းရေးဆွဲရေးပညာရှင် ဒေါက်တာကျော်လက်အကြံပြုထားတဲ့ သိပ်သည်းမှုတိုးမြှင့်ခြင်း ပြုလုပ်သင့်တဲ့ ပထမဦးစားပေးအဖြစ် ရန်ကုန်မြို့တိုးချဲ့ခြင်းလုပ်ငန်းမှာ ပြောထားတာပါ။ဟံသာဝတီ လေဆိပ်ကိုသွားတဲ့ အမြန်လမ်းမကြီးပေါ်မှာရှိပြီး အပြင်မြို့ပက်လမ်း ကြီးအဖြစ် အတည့်ပြုထားတဲ့ လမ်းပေါ်မှာလည်း တည်ရှိပါတယ်။ရန်ကုန်-မန္တလေးရထားလမ်းနဲ့ လေးထောင့်ကန်ဘူတာလည်းတည်ရှိပြီး အင်ဂျင်နီယာ ပိုင်းဆိုင်ရာ လေ့လာချက်တွေအရသင့်တော်တယ်ဆိုပြီး အကြံပြုထားတာပါ။

၂၀၁၄ ခုနှစ်အစပိုင်းဝန်းကျင်ကတည်းက ဈေးကွက်ပျက်စပြုခဲ့ပြီး ဈေးကွက်အခုထိပျက်နေတဲ့ ဒဂုံမြို့သစ်ဈေးကွက်တွက် ဆွဲဆောင်စရာစီမံကိန်းတစ်ခု တိုးလာတာဖြစ်ပါတယ်။၂၀၁၃ ခုနှစ်က အပြောင်းအလဲ မြန်မြန် ဈေးတက်ခဲ့ပေမယ့် လက်ရှိအချိန်မှာ အကွက်သေးတွေရဲ့ ဈေးကကျပြီးရင်းကျလို့ပြောလို့ရတဲ့ အနေအထားဖြစ်ပါတယ်။

ဒဂုံသီးသန့်အကျိုးဆောင်မကေသီက လက်ရှိဈေးကွက်အနေအထားက မြေကွက်ကို ပြန်ထုတ်ရောင်းရမလား၊ကိုင်ထားရဦးမလားဝေခွဲရခက်နေကြတဲ့ အချိန်ပါ အများစုကတော့လမ်းမတန်းအကွက်တွေ နောင်တစ်ချိန်စည်ကားမယ့်နေရာတွေ စီမံကိန်းအနီးနေရာတွေကို ဦးတည်ပြီးလက်ထဲကိုင်ထားရတယ်ဈေးသက်သာတယ်ဆိုပြီး ၀ယ်ထားတဲ့ အတွင်းကွက်တွေလောက်ပဲ ထုပ်ရောင်းကြတာလို့ ပြောပါတယ်။

လေးထောင့်ကန်အနီး ကမြေကွက်တွေမှာ လယ်မြေတွေများပြီး တချို့နေရာတွေမှာ တော့ ပါမစ်ချပေးဖို့လျှောက်ထားတာတွေရှိတယ်လို့ သိရပါတယ်။ဈေးကွက်မှာ ကျပ်သိန်း၁၀၀နဲ့ သိန်း၁၀၀အောက်တွေ လောက်သာ အရောင်းအ၀ယ်ဖြစ်ကြတယ်လို့သိရပါတယ်။

ဝယ်ရောင်းအကျိုးဆောင် ဦးဇော်မင်းက အမြတ်ပါးပါးတွေရတာနဲ့ ထုပ်ရောင်းကြတယ်၊မြောက်ဒဂုံဘက်ကတော့ လုံးဝငြိမ်တယ်၊ဈေးကျမယ်၊ဈေးကျအုံးမယ်ဆိုပေမဲ့ စီမံကိန်းကြီးတွေအနီးက မြေကွက်တွေထုပ်ရောင်းကြတာမျိုးမရှိပါဘူး၊အောက်ဈေးနဲ့ ထုပ်ရောင်းနေတာတွေက လူနေသိပ်မရှိသေးတဲ့ အတွင်းကွက်တွေလို့ ပြောပါတယ်။

ဒဂုံမြို့သစ်ဈေးကွက်က အရင်ကတစ်ရက်တည်းကို မနက်တစ်မျိုးညနေတစ်မျိုး ဈေးတက်ခဲပပေမဲ့ ဈေးငြိမ်နေခဲ့တာ နှစ်နှစ်ကျော်ဖြစ်နေတာပါ။ဈေးကွက်ပြန်လှုပ်ဖို့ အမျိုးမျိုးလှုပ်ခဲ့ကြပေမယ့် အခုထိမလှုပ်ပဲငြိမ်နေတာလို့ အကျိုးဆောင်တချို့ကပြောပါတယ်။

ဒဂုံမြို့သစ်ရှိဈေးနှုန်းတွေက ၂၀၁၄ ခုနှစ် နှစ်ဝက်လောက်ကစပြီးဈေးကွက်အေးလာတယ်။ထက်ဝက်နီးပါးဈေးပြန်ကျလာတာဖြစ်တယ်။အိမ်ရာစီမံကိန်း စက်မှုဇုန်၊တံတားစတဲ့ စီမံကိန်းတွေကြောင့် လူနေလို့ မရသေးတဲ့ မြေကွက်ဈေးက ရေ၊မီး လမ်းက အစမပေါက်သေးပေမဲ့ ဈေးကကျပ်သိန်းရာဂဏန်းဖြစ်ခဲ့ပါတယ်။

ဒဂုံအရှေ့၊ဒဂုံဆိပ်ကမ်း တောင်ဒဂုံစတဲ့ သုံးမြို့နယ်က တော့ အကျိုးဆောင်တွေ ၀ယ်ရောင်းသမားတွေ ၊စီးပွားရေးသမားတွေအတွက် မျက်စိအကျဆုံးနဲ့ အရောင်းအ၀ယ်အဖြစ်ဆုံး အမြတ်အရဆုံးနေရာဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာ ပိုက်ဘောမိနေကြတဲ့သူတွေ အများဆုံးနေရာလည်းဖြစ်နေတယ်လို့ အကျိုးဆောင်တချို့ဆီကသိရပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service