ဖောင်းပွလာမယ့် ဘီလျံငါးရာနဲ့ ရန်ကုန်အိမ်ခြံမြေရဲ့လားရာ - Property News in Myanmar from iMyanmarHouse.com
5934 Views

ဖောင်းပွလာမယ့် ဘီလျံငါးရာနဲ့ ရန်ကုန်အိမ်ခြံမြေရဲ့လားရာ

လွန်ခဲ့သော လ က လွှတ်တော် မှာတင်ပြဆွေးနွေးခဲ့တဲ့ တောင်သူလယ် သမားတွေ အတွက် မြန်မာကျပ်ငွေ ဘီလျံ ငါးရာ ကို ထပ်မံရိုက်နှိပ်ထုတ်ဝေမယ်ဆိုတဲ့သတင်း ကြားလိုက်ရပါတယ်။မြန်မာနိုင်ငံမှာ မကြာခဏ ဆိုသလို ငွေစက္ကူထပ်မံရိုက်နှိပ် ထုတ်ဝေခဲ့တာ ဟာ အစဉ်အလာတစ်ရပ်လိုတောင် ဖြစ်နေခဲ့ပါပြီ။အရင်စစ် အစိုးရလက်ထက်မှာဆိုရင် ဘတ်ဂျက် လိုငွေပြတိုင်း ငွေစက္ကူတွေ လွယ်လင့်တကူ ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ဒါကြောင့်လည်း ဒီဘက်ခေတ်မှာ တစ်သောင်းကျပ်တန် ကိုင်ဆောင် သုံးစွဲလို့ရသည်အထိ မြန်မာကျပ်ငွေဟာ တန်ဖိုးကျဆင်းပြီး ဖောင်းပွလာခဲ့တာပါ။ဒီ ဆောင်းပါးမှာတော့ မြန်မာကျပ်ငွေတွေ ရိုက်ထုတ်ပြီးတိုင်း ဖြစ်လေ့ရှိတဲ့ အိမ် ခြံ မြေ ကဏ္ဍကို အဓိကသုံးသပ် ဖော်ပြပေးချင်ပါတယ်။

မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုအတွက် အကောင်းဆုံး လက်ညိုးထိုးပြစရာဟာ အိမ် ခြံ မြေ ဈေးကွက်ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင် လွန်ခဲ့တဲ့နှစ် နှစ်ဆယ်မှာ နှစ်သောင်းလောက်ပေးဝယ်ခဲ့ရတဲ့ တချို့သောမြေနေရာတွေဟာ လက်ရှိကာလမှာ သိန်း ရာ ချီတဲ့ အခြေအနေထိ ဖြစ်လာခဲ့သလို နေရာအမျိုးအစားအလိုက် အချို့နေရာတွေကတော့ ထောင်ကနေ သောင်းအထိ ချီလာပါတယ်။နှစ် နှစ်ဆယ် ဝန်းကျင်ကာလ အတွင်း မြန်မာနိုင်ငံမှာ ဝင်ငွေခွန်တွေနဲ့ ထိန်းကျောင်းခဲ့ပေမယ့် ငွေမည်းအဓိက ခဝါ ချလို့ရတဲ့ဈေးကွက်ဟာလည်း အိမ် ခြံ မြေ ဈေးကွက်ပဲဖြစ်ပါတယ်။

""ငွေကြေးထပ်မံရိုက်ထုတ်တယ်ဆိုရင် အများစုဟာ အိမ် ခြံ မြေ လောကထဲဘဲ စီးဝင်လာတာများပါတယ်။အခု လည်း ဈေးကွက်က အေးနေတဲ့ကာလဖြစ်တယ်။နောက်ပြီး ငွေကြေးလှည့်လည်နေမှုတွေကလည်း Money circulation တွေ အားနည်းသွားတယ်ပေါ့နော်။အဲဒါတွေကြောင့် ဈေးကွက်အေးတယ်။ငွေကြေးတွေ ထပ်မံရိုက်ထုတ်ခဲ့မယ်ဆိုရင်တော့ ဈေးကတစ်ခါ ထပ်လှုပ်နေဦးမှာဘဲလေ။ငွေကြေးဖောင်းပွမှုဖြစ်တိုင်း အိမ် ခြံ မြေ ဈေးအမြဲတက်တယ်။ဒါ ကျွန်တော်တို့ အတွေ့အကြုံအရပြောတာပါ""ဟု ဆယ်စုနှစ်တစ်ခုကျော် အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်ခဲ့သူမှ ပြောဆိုသည်။

လက်တလော အိမ် ခြံ မြေ ဈေးကွက်သည် အကျဘက်သို့ ဦးတည်လာနေသည်ကိုတွေ့ရသည်။အဘယ်ကြောင့်ဆိုသော် လူနေတိုက်ခန်းများပါမကျန် အရောင်းထိုင်းလာသည်ကိုတွေ့လာရခြင်းကြောင့်ဖြစ်သည်။လူမှုကွန်ရက် စာမျက်နှာအချို့ထက်တွင်လည်း အထပ်မြင့်တိုက်ခန်းဈေးကွက် သိသာစွာကျဆင်းလာမှုများမှာ လူပြောများသည့်သတင်းတစ်ရပ်ဖြစ်လာခဲ့သည်။ယင်း အခြေအနေများမှ ကယ်တင်နိုင်ရန် အိမ် ခြံ မြေ အနေဖြင့်မျှော်လင့်နိုင်စရာ အချက်နှစ်ချက်သာလျှင်ရှိသည်။၎င်းမှာ ကွန်ဒို ဥပဒေ ပေါ်ထွက်လာရေးနှင့် လက်ရှိအသံထွက်နေသော ကျပ်ငွေ ဘီလျံငါးရာ ဖြစ်ရပ်များမှာသာ အိမ်ခြံမြေ၏ ဂယ်ပေါက်ဖြစ်လာနိုင်ဖွယ်ရှိကြောင်း အကျိုးဆောင်အများစုမှ တညီတညွတ်တည်းသုံးသပ်ကြသည်။

""ကျပ်ငွေထပ်ရိုက်ထုတ်တယ်ဆိုတာက မြန်မာ့ငွေရဲ့ လည်ပတ်မှုကကျပ်သွားတာကြောင့်လို့ ဘာသာပြန်လို့ရတယ်။ပြောရရင် ပြန်လည် လည်ပတ်နိုင်ဖို့ ရိုက်ထုတ်တာဘဲ။ပိုက်ဆံဟာ ငွေကြေးလည်ပတ်နေမှသာ မျှခြေလို့ခေါ်တယ်။မဟုတ်ရင် ကျပ်သွားတဲ့သဘောရှိတယ်။ငွေ ကြေး ဖောင်းပွလာရင် အဓိက ဈေးတက် တတ်တာက အိမ် ခြံ မြေ၊ ရွှေ နဲ့ ဒေါ်လာက အတက်ဆုံးဘဲ။ဒါတော့ ကျွန်တော်တို့ ကြုံဖူးတယ်။အရင်အစိုးရလက်ထက်မှာ မပြောပေမယ့် ငွေကြေးဖောင်းပွမှုတွေကြောင့် အိမ် ခြံ မြေ ဈေးကွက်တက်လာတာတွေတွေ့ဖုးတယ်။ငွေ ထပ်ရိုက်တယ်ဆိုတဲ့နေရာမှာ အသစ်ထပ်ရိုက်မှမဟုတ်ဘူး။အဟောင်းကို မဖလှယ်မိ ပြန်မသိမ်းနိုင်ရင်လည်း ဖောင်းပွတာဘဲ။ငွေကြေး ဖောင်းပွတာနဲ့ အိမ် ခြံ မြေ ဝယ်လိုအားများလာတယ်။

အဲဒီမှာ Demend and Supply ဖော်မြူလာပြန်ဝင်သွားတယ်။ဈေးတက်လာရော။ဘာကြောင့်လဲဆိုရင် ငွေကြေး ခဝါချမှုအကောင်းဆုံးဈေးကွက်က အိမ် ခြံ မြေ ဖြစ်နေသေးလို့ပဲ""ဟု ပြည်တွင်း နာမည်ကြီး အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းတစ်ခုရဲ့ မန်နေဂျာတစ်ဦးမကသုံးသပ်ပြောဆိုခဲ့ပါတယ်။

လက်ရှိအချိန်ကာလမှာ မြန်မာနိုင်ငံအနေနဗ့ရင်းနှီးမြုပ်နှံရာမှာ ရွှေ ၊ ဒေါ်လာနှင့် အိမ် ခြံ မြေ သာ အဓိက ဈေးကွက်အဖြစ် ဆက်လက်ရပ်တည်နေနိုင်ပြီး မကြာခင်ကာလက ပေါ်ပေါက်လာခဲ့သော စတော့ရှယ်ယာဈေးကွက်မှာ လသားမျှသာရှိနေသေးတာကြောင့် အကြီးစားရင်းနှီးမြုပ်နှံလိုသူနည်းပါးနေတာကို တွေ့ရပါတယ်။လက်ရှိ အိမ် ခြံ မြေ ဈေးကွက် ကျဆင်းလာမှုရဲ့ အဓိက အကြောင်းအရင်းဟာ အိမ် ခြံ မြေ လက်ကြီးသမားတွေ ဈေးကွက်အတွင်းက ဆုတ်ခွာသွားတာကြောင့်လည်း ဖြစ်တယ်လို့ပြောလို့ရပါတယ်။အဓိက ဂယ်ပေါက်တစ်ရပ်အနေနဲ့ဖြစ်လာနိုင်တဲ့ ကွန်ဒို ဥပဒေဟာလည် လက်ရှိမှာ နည်းဥပဒေ ရေးဆွဲမှုတွေ မပြီးသေးတာကြောင့်ကြန့်ကြာနေဆဲ အနေအထားမှာဘဲ ရှိနေသေးပါတယ်။ဒါကြောင့် ဘီလျံငါးရာ ကိစ္စဟာ အကျိုးဆောင်တွေပြောဆိုနေတဲ့ ဈေးကွက်ဦးမော့လာနိုင်ဖွယ်ရာ ဈေးကွက်ဖြစ်လာခြင်း မဖြစ်လာခြင်းကိုတော့ ပေါ်ပေါက်လာဖွယ်အနေအထားတွေကိုသာ ဆက်လက်စောင့်ကြည့် သင့်ကြောင်းရေးသားတင်ပြလိုက်ရပါတယ်။

မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service