ရန်ကုန်မြို့ကို စိမ်းလန်းပြီး လုံခြုံအေးချမ်းသည့် နေချင်စဖွယ်မြို့ဖြစ်ရန် မြို့ပြစီမံကိန်းအသစ်ရေးဆွဲ၍ အကောင်အထည်ဖော်မည် - Property News in Myanmar from iMyanmarHouse.com
1523 Views

ရန်ကုန်မြို့ကို စိမ်းလန်းပြီး လုံခြုံအေးချမ်းသည့် နေချင်စဖွယ်မြို့ဖြစ်ရန် မြို့ပြစီမံကိန်းအသစ်ရေးဆွဲ၍ အကောင်အထည်ဖော်မည်

ရန်ကုန်မြို့ကို သမိုင်းအမွေအနှစ်များဖြင့် စိမ်းလန်းပြီး လုံခြုံအေးချမ်း သည့် နေချင်စဖွယ်မြို့ ဖြစ်လာစေရန်အတွက် မြို့ပြစီမံကိန်းအသစ်ကိုရေးဆွဲ၍ အကောင် အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

''အစိုးရအနေနဲ့ ပြည်ထောင်စုအစိုးရက ချမှတ်ထားတဲ့ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ စီးပွားရေး မူဝါဒတွေကို တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဆောင်ရွက်တဲ့အခါမှာလည်း ပြည်သူကိုဗဟိုပြုပြီး ဝန်ဆောင်မှုပေးနိုင်တဲ့ ဥပဒေနဲ့ အညီ ပြောင်းလဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရန်ကုန် မြို့ပြစီမံကိန်းရေးဆွဲရာမှာ သမိုင်းအမွေအနှစ်တွေနဲ့ စိမ်းလန်းပြီး လုံခြုံအေးချမ်းတဲ့ နေချင်စဖွယ်မြို့ဖြစ်လာစေ ဖို့အတွက်ရန်ကုန်မြို့ပြစီမံကိန်းအသစ်ကို ရေးဆွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ဝန်ကြီးချုပ်က ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)၌ မိန့်ခွန်းပြောကြားရာတွင်ထည့်သွင်းပြောကြား
ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရန်ကုန်မြို့ပြ စီမံကိန်းရေးဆွဲ ရေးတွင် ရန်ကုန်မြို့တော်အတွင်း အထပ်မြင့် အဆောက်အအုံများ တည်ဆောက်မှုကို စိစစ်ဆောင်ရွက် သွားမည်ဖြစ်သည့်အပြင် ဥပဒေ စည်းမျဉ်း စည်းကမ်းဘောင်များအတွင်း စိတ်ချလုံခြုံစွာ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ရန် လာမည့် ရက်သတ္တပတ်များအတွင်း စိစစ်ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်ပြီး မြို့တော်အတွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက်
ရေနုတ်မြောင်းများ ရှင်းလင်းဆောင်ရွက်နေ သကဲ့သို့ ရေရှည်စီမံကိန်းတစ်ရပ် ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်မြို့တော် ယာဉ်ကြောကျပ်တည်းမှု ပြေလျော့စေရန် တိုင်းဒေသကြီးအတွင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့တစ်ရပ် ကိုထူထောင်၍ မီးပွိုင့်များပြုပြင်ခြင်း၊ ဘတ်စ်ကားယာဉ်လိုင်းများ စနစ်တကျ ထူထောင်ခြင်းနှင့် အငှားယာဉ်များကိုလည်း မြို့တော်အငှား ယာဉ်များအဖြစ် အသင်းအဖွဲ့များ ထူထောင်ကာ ပြုပြင်ပြောင်းလဲခြင်း လုပ်ငန်းများ ကို ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ငမိုးရိပ်ချောင်း စသည်တို့ကို ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ရန်ကုန်မြို့၏ ရေကြောင်း ပို့ဆောင်ရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီး လုံလောက်စွာရရှိရန် လျှပ်စစ်ထုတ်လုပ်ခြင်း၊ သွယ်တန်းခြင်း၊ ဖြန့်ဖြူးခြင်း စသည့် လုပ်ငန်းများကိုလည်း ပြန်လည် သုံးသပ်၍ အကောင်းဆုံးဖြစ်နိုင်သည့် စီမံကိန်းအသစ်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန်နှင့် အသေး စား၊ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် စက်မှုလုပ်ငန်း များ ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့်
လည်း ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာနိုင်မှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service