ထိုင်းဘုရင်မင်းမြတ် ထီးနန်းစံမှု နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် ၇၀ တန် ငွေစက္ကူ သန်း ၂၀ ဖိုး ရိုက်နှိပ်ထုတ်ဝေမည် - Property News in Myanmar from iMyanmarHouse.com
2495 Views

ထိုင်းဘုရင်မင်းမြတ် ထီးနန်းစံမှု နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် ၇၀ တန် ငွေစက္ကူ သန်း ၂၀ ဖိုး ရိုက်နှိပ်ထုတ်ဝေမည်

ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဗ္ဗဒူယာဒက်၏ ထီးနန်းအရိုက်အရာဆက်ခံမှု နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ထိုင်းဗဟိုဘဏ်က ဘတ်ငွေ ၇၀ တန် ငွေစက္ကူပေါင်း သန်း ၂၀ ဖိုး ရိုက်နှိပ်ထုတ်ဝေသွားမည်ဖြစ်သည်ဟု ဘန်ကောက်အခြေစိုက်စီးပွားရေး သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါ နေ့ထူးနေ့မြတ်အတွက် ထိုင်းအစိုးရကလည်း အခမ်းအနားများ ကျင်းပမည်ဖြစ်ရာ ထိုင်းဝန်ကြီးချုပ်ရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဖွံ့ဖြိုးရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန၊ အမျိုးသားဗုဒ္ဓဘာသာရုံးချုပ်၊ တော်ဝင်ထိုင်းရဲတပ်ဖွဲ့တို့က ဘာသာရေးအခမ်းအနားများ ကျင်းပသွားမည်ဖြစ်သည့်အပြင် သံဃာတော် အပါး ၇၇၀ တို့ကလည်း ပရိတ်တရားများ ရွတ်ဖတ်ကြမည် ဖြစ်သည်ဟု ထိုင်းအစိုးရ၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြ http://goo.gl/RRxOJX သည်။

ထိုင်းဘုရင်မင်းမြတ်သည် ၁၉၄၆ ခုနှစ်၊ ဇွန်လ ၉ ရက်တွင် ချက်ကရီမင်းဆက်၏ န၀မမြောက်ဘုရင်အရိုက်အရာကို ဆက်ခံခဲ့ရာ လာမည့် ဇွန်လ ၉ ရက်တွင် နှစ် ၇၀ ပြည့်မည်ဖြစ်ပြီး ဇွန်လ ၉ ရက် ည ၇ နာရီတွင် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပမည်ဖြစ်ပြီး ၀တ်ဆင်ရမည့် ၀တ်စုံမှာ အ၀ါရောင် (သို့မဟုတ်) ပန်းရောင်ဝတ်ဆင်ကြရမည်ဟု သတ်မှတ်ထားသည်။

၇၀ တန်ငွေစက္ကူ၏ ရှေ့မျက်နှာစာတွင် ထိုင်းလက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲဝတ်စုံဝတ်ဆင်ထားသည့် ဘုရင်မင်းမြတ်၏ ရုပ်ပုံကို ရိုက်နှိပ်ဖော်ပြထားမည်ဖြစ်ပြီး အခြားတစ်ဖက်တွင် သမိုင်းဝင် ပိုင်စန်တက်ခ်စင်ခန်းမကို ရိုက်နှိပ်ဖော်ပြမည်ဖြစ်သည်။

ယင်းငွေစက္ကူ၏ အရွယ်အစားမှာ အလျား ၁၆၂ မီလီမီတာ (၆ ဒသမ ၃ လက်မ) ၊ အနံ ၈၉ မီလီမီတာ (၃ ဒသမ ၅လက်မ) ရှိမည် ဖြစ်သည်။

မျက်နှာစာ နှစ်ဘက်စလုံးတွင် ထိုင်းအက္ခရာ ๗๐ ကို လင်းလက်သော မင်ရောင်ဖြင့် ရိုက်နှိပ်မည်ဖြစ်ပြီး ယင်းအက္ခရာမှာ ထိုင်းဘာသာအရ ၇၀ ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ထိုင်းဘုရင်မင်းမြတ် ထီးနန်းစံမှု နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် ၇၀ တန် ငွေစက္ကူ သန်း ၂၀ ဖိုး ရိုက်နှိပ်ထုတ်ဝေမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service