အိမ်ခြံမြေအရောင်းပြပွဲအထူးဧည့်သည်လက်မှတ်အတွက် လာဘ်ပေးလာဘ်ယူလုပ်ခဲ့သူ ၂ ဦးလုံး ပြစ်ဒဏ်ချမှတ်ခံရ - Property News in Myanmar from iMyanmarHouse.com
1775 Views

အိမ်ခြံမြေအရောင်းပြပွဲအထူးဧည့်သည်လက်မှတ်အတွက် လာဘ်ပေးလာဘ်ယူလုပ်ခဲ့သူ ၂ ဦးလုံး ပြစ်ဒဏ်ချမှတ်ခံရ

စင်္ကာပူနိုင်ငံတွင် အိမ်ခြံမြေလုပ်ငန်းရှင် တစ်ဦးထံမှ အိမ်ရာအရောင်းပြပွဲတစ်ခုအတွက် အရေးကြီးပုဂ္ဂိုလ် ဖိတ်ကြားလွှာရရှိစေရန် ဒေါ်လာ ၅၀၀၀၀ လာဘ်ငွေရယူခဲ့သည့် ဆောက်လုပ်ရေး လုပ်ငန်းမန်နေဂျာနှင့် လာဘ်ပေးခဲ့သူအိမ်ခြံမြေအကျိုးဆောင် နှစ်ဦးစလုံးတစ်ဦး ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း စင်္ကာပူအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

United Engineers Developments' (UED) မှ မန်နေဂျာဟောင်းတစ်ဦးဖြစ်သူ ဆူဟိုင်မီအေမင်သည် အိမ်ခြံမြေအကျိုးဆောင် တစ်ဦးဖြစ်သူ မစ္စတာဂိုချန်ချောင်အား North Buona Vista ရှိThe Rochester အိမ်ရာအရောင်းပြပွဲ အထူးဧည့်သည် ၀င်ခွင့်ကတ်ပြားပေးခဲ့သည်။ အိမ်ရာအရောင်းပြပွဲပြု လုပ်ခဲ့သည့်ကာလမှာ ၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်တွင်ဖြစ်ပြီး ယင်းပြပွဲတွင် မစ္စတာဂိုချန်ချောင်နှင့်အတူ ၎င်း၏ မိခင်၊ညီအစ်ကိုများ၊ ဇနီးနှင့် ယောက္ခမတို့ ၉ ဦးမှ နေအိမ်ခန်း ၁၀ ခန်း ၀ယ်ယူခွင့်ရရှိခဲ့ရာ ရှစ်ခန်းဝယ်ယူခဲ့သည်။

ယင်းအနက်မှ ၆ ခန်းကို အလွန်မြင့်မားသောဈေးနှု န်းဖြင့် ပြန်လည်ရောင်း ချခဲ့ရာဒေါ်လာ ၁ ဒသမ ၁ သန်းမှ ၁ ဒသမ ၆၉ သန်းအကြား မြတ်စွန်းခဲ့သည်။ အိမ်ခန်းများဝယ်ယူပြီးနောက် သီတင်းပတ်အနည်း ငယ်အကြာတွင် မစ္စတာဂိုချန်ချောင်က ဆူဟိုင်မီအေမင် ကိုကာဆူအာရီနာလမ်းရှိပလာတာအရောင်းဆိုင်တစ်ခု၌ ဒေါ်လာ ၅၀၀၀၀ ပေးအပ်ခဲ့ပြီးနောက် အဆိုပါဆိုင်တွင်ပင် နောက်ထပ် ဒေါ်လာ ၅၀၀၀၀ ထပ်မံပေးအပ်ခဲ့သည်။ ဆူဟိုင်မီကနောက် ပိုင်းတွင် အဆိုပါငွေများကို မစ္စတာဂိုချန်ချောင်ထံ ပြန်လည်ပေး အပ်ခဲ့သည်ဟုဆိုသည်။
ဆူဟိုင်မီအေမင် သည် လာဘ်ငွေများလက်ခံမှုအတွက် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းဒဏ်ငွေ ၆၀၀၀၀ ပေးဆောင်ခဲ့ရပြီးမစ္စတာဂိုချန်ချောင်မှာမူ ၂၀၁၆ ၊ မေလ ၃၁ ရက်တွင် ထောင်ဒဏ် ၃ လနှင့် ဒဏ်ငွေ ဒေါ်လာ ၁၀၀၀၀၀ ပြစ်ဒဏ်ကျခံခဲ့ရသည်။

စင်္ကာပူဥပဒေအရအကျင့်ပျက်ခြစားမှုအတွက် အမြင့်မားဆုံးသတ်မှတ်ထားသည့် ပြစ်ဒဏ်မှာဒဏ်ငွေဒေါ်လာ ၁၀၀၀၀၀ နှင့် ထောင်ဒဏ် ၅ နှစ် ဖြစ်သည်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အိမ်ခြံမြေအရောင်းပြပွဲအထူးဧည့်သည်လက်မှတ်အတွက် လာဘ်ပေးလာဘ်ယူလုပ်ခဲ့သူ ၂ ဦးလုံး ပြစ်ဒဏ်ချမှတ်ခံရ - Property News in Myanmar from iMyanmarHouse.com
အိမ်ခြံမြေအရောင်းပြပွဲအထူးဧည့်သည်လက်မှတ်အတွက် လာဘ်ပေးလာဘ်ယူလုပ်ခဲ့သူ ၂ ဦးလုံး ပြစ်ဒဏ်ချမှတ်ခံရ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service