အသင့်နေဝန်ဆောင်မှုနဲ့ အိမ်အရောင်းဈေးကွက် - Property News in Myanmar from iMyanmarHouse.com
924 Views

အသင့်နေဝန်ဆောင်မှုနဲ့ အိမ်အရောင်းဈေးကွက်

အိမ်ခြံမြေအရောင်းအဝယ်မှာ တချို့က အသင့်နေထိုင်လို့ရတဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေကိုပါ အပြည့်အစုံထည့်ပြီး ရောင်းချတာမျိုးတွေ ရှိလာတယ်လို့ အကျိုးဆောင်တချို့ဆီက သိရပါတယ်။

အိမ်ခြံမြေအရောင်းအဝယ် အေးနေတာကြောင့် တချို့က အဝယ်သမားတွေ စိတ်ဝင်စားအောင် ဆွဲဆောင်ကြတဲ့ သဘောဖြစ်တယ်လို့ ပြောပါတယ်။ ဈေးနှုန်းကတော့ လက်ရှိပေါက်ဈေးထက် ဈေးပိုတာတွေ ရှိသလို ဈေးသက်သာတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

မရမ်းကုန်းမြို့နယ်ရှိ အကျိုးဆောင် မလင်းလင်းက ‘ဒီဘက်မှာတော့ တိုက်ခန်းအရောင်းတင်တဲ့ တချို့တွေမှာ တွေ့ရတယ်၊ တချို့အဝယ်သမားတွေကျတော့ ကိုယ်တိုင်ဝယ်ဖြည့်လည်း ကုန်မှာပဲဆိုတော့ အဆင်သင့်ပါတာမျိုး သဘောကျတာတွေ ရှိတယ်’ လို့ ပြောပါတယ်။

အိမ်အသုံးအဆောင်ပစ္စည်းပါ ဆိုတာမျိုးက အခန်းကို ပြင်ဆင်ပေးထားတာမျိုးတွေ၊ မီးအားမြှင့်စက်၊ အဲကွန်း၊ ရေမော်တာ၊ ရေပူရေအေး၊ ရေခဲသေတ္တာ၊ ဧည့်ခန်းအသုံးအဆောင်တွေ စတဲ့ ပစ္စည်းတွေကို ထည့်သွင်းပေးထားတာမျိုးတွေကို ဆိုလိုတာလို့ သိရပါတယ်။ အရင်က အိမ်အငှားတွေမှာလည်း အခုလိုပါဝင်တာမျိုးတွေ ရှိခဲ့ပါတယ်။

ဝသုန်အကျိုးဆောင်က ဦးမောင်ဝင်းက ‘လုံးချင်းအိမ်တွေ ဆိုရင်တော့ သုဝဏ္ဏဘက်တွေ၊ တောင်ဥက္ကလာဘက်တွေနဲ့ မြို့ထဲပိုင်းတွေမှာ ပါတာများတာပါ’ လို့ ပြောပါတယ်။
အကျိုးဆောင်တချို့ကတော့ ဈေးကွက်မှာ ဝယ်သူကို ဆွဲဆောင်တဲ့ နည်းတစ်မျိုးဖြစ်ပြီး ဈေးသက်သာတာမျိုးတော့ မဟုတ်ဘူးလို့ ပြောပါတယ်။

ဝယ်ယူသူတွေအနေနဲ့ ပါဝင်တဲ့ ပစ္စည်းတန်ဖိုးနဲ့ အိမ်ရဲ့တန်ဖိုးကို အပြင်ဈေးနဲ့စုံစမ်းပြီးမှ ဝယ်ယူကြတယ်လို့ အကျိုးဆောင်တချို့ထံက သိရတယ်။ တချို့ကတော့ ဈေးဆစ်ရင်း အပြင်မှ ဝယ်တာထက် သက်သာတာမျိုးတွေလည်း ရှိတယ်လို့ ပြောပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service