မန္တလေး ချမ်းမြသာစည်မြို့နယ်ရှိ တန်ဖိုးမျှတအိမ်ရာများအား လုပ်သက် ၂၅ နှစ် အထက် နိုင်ငံ့ဝန်ထမ်းများ အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
2069 Views

မန္တလေး ချမ်းမြသာစည်မြို့နယ်ရှိ တန်ဖိုးမျှတအိမ်ရာများအား လုပ်သက် ၂၅ နှစ် အထက် နိုင်ငံ့ဝန်ထမ်းများ အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်ပြီ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်တွင် တည်ဆောက်ထားသော တန်ဖိုးမျှတ အိမ်ယာများအား လုပ်သက် ၂၅ နှစ် အထက်ရှိသော နိုင်ငံ့ဝန်ထမ်းများအား အရစ်ကျစနစ်ဖြင့် ၀ယ်ယူခွင့်ချထားပေးကြောင်း မန္တလေးတိုင်းမြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရှိရသည်။

အဆိုပါအိမ်ယာများအား မေ ၁၅ ရက်နေ့တွင် ၀န်ထမ်း ၄၀၀ ဦးအား မဲနှိုက်ကာ မဲပေါက်သော ၀န်ထမ်းများအား ချထားပေးခဲ့ပြီး ဆက်လက်၍လည်း ချထားပေးခြင်းများ လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။ “တစ်ရက်တာအတွင်း မဲနှိုက်တာ ၀န်ထမ်း ၄၀၀ ဦး လုပ်ပေးထားပါတယ်။ မဲနှိုက်တဲ့သူတွေအနေနဲ့ မေ ၂၃ ရက်နေ့ တနင်္လာနေ့မှာ တိုက်ခန်းဝယ်ယူခွင့် စာထွက်ပေးမှာဖြစ်ပါတယ်။ ငွေပေးသွင်းတာကိုလည်း အရစ်ကျ၊ တစ်လုံးတစ်ခဲတည်းသွင်း စိတ်ကြိုက်ရွေးချယ် ၀ယ်ယူခွင့်ပေးသွားမှာပါ။ ကိုယ်ပေါက်တဲ့ အခန်းပေါ်မူတည်ပြီး ဈေးကတော့ ကွာခြားမှုရှိတယ်။” ဟု မန္တလေးတိုင်းမြို့ပြ နှင့် အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။

တန်းဖိုးမျှတ အိမ်ရာတိုက်ခန်းများကို ဘဏ်စနစ်ဖြင့် ပေးချေရာတွင်တိုက်ခန်းတန်းဖိုး၏ ၃၀% ကို ပေးသွင်းပြီး နောက် ကျန်ငွေ ၇၀% ကို ၄ နှစ်၊ ၆နှစ်၊ ၈နှစ် အထိ ပေးသွင်းနိုင်ကာအရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်ပြီး အတိုးနူန်းမှာ ၁၂% ကြသင့်မည်ဖြစ်သည်။

“ဘဏ်ကိုလစဉ် လဆန်း ၅ ရက်နေ့ နောက်ဆုံးပေးသွင်းရမယ် ရက်လွန်သွားရင် ဒဏ်ကြေး ၀.၀၄ ကျပ် ပေးဆောင်ရမယ်အပြင့် လေးကြိမ်ပျက်ကွက်ခဲ့ရင် အိုးအိမ်ကိုအကြောင်းမယ် တိုက်ခန်းပြန်သိမ်းမယ်။” ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဘဏ်ကြီးကြပ်ရေးမှူး ဒေါ်မြင့်မြင့်သိန်းက ပြောသည်။

တန်ဖိုးမျှတ အိမ်ယာတိုက်ခန်းများသည် မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြအိမ်ယာဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။

တိုက်ခန်းဈေးနှုန်းများအဖြစ် မြေညီထပ် ၁၆၅ သိန်း၊ ပထမထပ် ၁၅၅ သိန်း၊ ဒုတိယထပ် ၁၄၅ သိန်း ၊ တတိယထပ် ၁၃၅ သိန်း သတ်မှတ်ထားပြီး မဲပေါက်သူများအား မေ ၂၃ ရက်နေ့ တနင်္လာနေ့တွင် တိုက်ခန်းဝယ် ယူခွင့်စာထွက် ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းမြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနက သိရသည်။

Credit : Myitmakha

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service