ရန်ကုန်အစိုးရ ကျူးကျော်တွေကို တင်းကျပ်ပြီ - Property News in Myanmar from iMyanmarHouse.com
1857 Views

ရန်ကုန်အစိုးရ ကျူးကျော်တွေကို တင်းကျပ်ပြီ

မေလ ၂၆ မှစတင်ကာ ထပ်မံတိုးလာသော ကျူးကျော်အသစ်များကို မည်သည့်နေရာတွင်မှ
ကျူးကျော်နေထိုင်ခွင့်ပြုမည် မဟုတ်တော့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရက မေ ၂၅ ရက်တွင်
ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကြေညာလိုက်သည်။

သို့ရာတွင် မြေနေရာလွတ်များတွင် ကျူးကျော်နေထိုင်သူများ၏ စာရင်းကို မကြာမီရက်ပိုင်းအတွင်း
ကောက်ယူတော့မည်ဖြစ်ကြောင်းလည်း ပြောကြားသွားသည်။

အစိုးရအဖွဲ့၏ အကြမ်းဖျဉ်းကောက်ယူထားသော စာရင်းများအရ လက်ရှိတွင် ကျူးကျော်သူဦးရေ
၄၃၀,၀၀၀ ကျော်ရှိပြီး ကျူးကျော်ခြင်းမပြုရန် သတ်မှတ်ထားသည့် ရက်နောက်ပိုင်း
ထပ်မံကျူးကျော်သူများကို တည်ဆဲဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

"တကယ့်ကို အခက်အခဲဖြစ်နေတဲ့ သူတွေအတွက် နွေးထွေးတဲ့ကူညီမှုတွေ ပေးမှာဖြစ်သလို ဥပဒေကို လက်တစ် လုံးခြား ချိုးဖောက်ပြီး ဥပဒေ ချိုးဖောက်မှုဟာ အမှန်တရားတစ်ခုလို ထူထောင်နေတာတွေ
ကျွန်တော်တို့နိုင်ငံမှာ မရှိတော့ဘူးဆိုတာကို ပြောပါရစေ"ဟု ၀န်ကြီးချုပ်က ဆိုသည်။

လက်ရှိကျူးကျော်နေထိုင်သူများ၏ စာရင်းကို စတင်ကောက်ယူမည့်ရက်မှ ၄၅ ရက်အတွင်းအပြီး
ကောက်ယူသွားမည်ဖြစ်ပြီး ၎င်းတို့ နေထိုင်ရေး အဆင်ပြေစေရန်အတွက် ပြန်လည်ထူထောင်ရေး
စခန်းကို ဖွင့်လှစ်ပေးသွားရန်ကိုလည်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း ဦးဆောင်သည့်
တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ထားသည်။

စာရင်းကောက်ယူရာတွင်လည်း ကွန်ပျူတာစနစ်ဖြင့် စနစ်တကျ ကောက်ယူသွားမည်ဖြစ်ပြီး
ကျူးကျော်နေထိုင်သူ တစ်ဦးချင်းစီ၏ လက်ဗွေနှင့် မျက်နှာကို မှတ်တမ်းယူထားမည့် အပြင်
တစ်ဦးချင်းစီ၏ နောက်ကြောင်းရာဇ၀င်များကိုလည်း စုံစမ်းသွားမည်ဖြစ်သည်။

သို့ရာတွင် စာရင်းကောက်ယူရာ၌ ကိုယ်ရေးရာဇ၀င် အမှန်ဖော်ပြခြင်းမရှိဘဲ လိမ်လည်ပါက
ပထမအဆင့်အနေဖြင့် စခန်းမှ ထွက်ခွာသွားရန် သတိပေးမည်ဖြစ်ပြီး လိုက်နာခြင်း မရှိပါက
တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

"ပြီးရင် ထူထောင်ရေးစခန်းကို ရွှေ့မယ်။ စခန်းမှာဆိုရင်လည်း အလုပ်လုပ်ရမယ်။
နေရာပေးတယ်ဆိုတာ အလကားတော့ မရဘူး။ သူတို့တွေရဲ့ဘ၀ မြင့်သွားတဲ့အထိ နိုင်ငံတော်က
တာဝန်ယူသွားမယ်။ ဒါပေမဲ့ အလုပ်တော့ လုပ်ရမယ်"ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေနေရာ အကွက်ရိုက်ကာ ကျူးကျော်သူများတွင် ငြိမ်းချမ်းရေးအမည်ခံ
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများလည်း ပါဝင်နေသည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာ
ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားလိုက်ပြီး ၎င်းတို့ကိုလည်း တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဟု ပြောသည်။

ထို့ပြင် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏
ခေါင်းဆောင်ပိုင်းများကို အကြောင်းကြားထားသည်ဟု သတင်းမီဒီယာများကို အသိပေးခဲ့ပြီး
လိုက်နာခြင်းမရှိပါက ဥပဒေနှင့်အညီ ဆောင်ရွက် သွားမည်ဟုလည်း ၎င်းက ဆိုသည်။

အစိုးရအဖွဲ့၏ အကြမ်းဖျဉ်းကောက်ယူထားသော စာရင်းအရ ရန်ကုန်အရှေ့ပိုင်းခရိုင်၌ ကျူးကျော်နေထိုင် သူဦးရေ ၁၅၇,၄၀၀ ဦး၊ အနောက်ပိုင်းခရိုင်၌ ၈,၁၈၀ဦး၊ တောင်ပိုင်းခရိုင်၌ ၉၃,၀၀၀ ကျော်၊ မြောက်ပိုင်း ခရိုင်၌ ၁၇၀,၀၀၀ ကျော် ရှိနေသည်။

Credit: mmtimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service