ဒဂုံဆိပ်ကမ်းတွင် ဆင်းရဲသားမိသားစုများအတွက် တန်ဖိုးနည်းအိမ်ရာစီမံကိန်း ဂျပန်အစိုးရရန်ပုံငွေဖြင့် တည်ဆောက်နေ - Property News in Myanmar from iMyanmarHouse.com
2469 Views

ဒဂုံဆိပ်ကမ်းတွင် ဆင်းရဲသားမိသားစုများအတွက် တန်ဖိုးနည်းအိမ်ရာစီမံကိန်း ဂျပန်အစိုးရရန်ပုံငွေဖြင့် တည်ဆောက်နေ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရေးစီမံကိန်းအား မေ ၂၅ ရက်က စတင်အုတ်မြစ်ချအခမ်းအနား ကျင်းပခဲ့ကြောင်း UN_Habitat ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အိမ်ရာစီမံကိန်းဝန်းကျင်ရှိ ဆင်းရဲနွမ်းပါးသော ချို့တဲ့သည့် မိသားစုများအား အိမ်ရာနှင့် အခြေခံဝန်ဆောင်မှုများ ပေးသွားရန် UN-Habitat သို့ ဂျပန်အစိုးရက ရန်ပုံငွေ ထောက်ပံ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ယင်းအိမ်ရာစီမံကိန်းတွင် ဆင်းရဲသောမိသားစု ၂၄၀ အတွက် ၅ ထပ်တိုက် ၁၂ လုံးအား ဆောက်လုပ်သွားမည်ဖြစ်သည်။

တန်ဖိုးနည်းအိမ်ရာ အစဦးတည်ဆောက်မှုကို အဆောက်အအုံ ၆ လုံးဖြင့် စတင်မည်ဖြစ်သည်။ အိမ်ရာနေထိုင်ခွင့်အတွက် မရှိဆင်းရဲသားမိသားစုများ၏ အခြေအနေအချက်အလက်များအပေါ် မူတည်ပြီး ရွေးချယ်သွားမည်လည်း ဖြစ်သည်။ အိမ်ရာတည်ဆောက်ရေးမြေနေရာအား ဆောက်လုပ်ရေးဝန်ကြီးဌာနက ခွင့်ပြုချထားပေးခဲ့သည်။

ယခု အုတ်မြစ်ချအခမ်းအနားမှာ ပထမသုတ်အဖြစ် တိုက် ၆ လုံး တည်ဆောက်ရေးအတွက် စတင်အုတ်မြစ်ချခြင်းဖြစ်ကာ ယင်းအခမ်းအနားသို့ ဂျပန်သံရုံးကောင်စစ်ဝန် မတ်ဆူယိုဟီဒီယာကီ၊ မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းသက်နိုင်မိုး၊ UN-Habitat မှ မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်းမန်နေဂျာ BijayKarmacharya၊ ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေးကော်မတီ မြို့ပြဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာဦးတိုးအောင်၊ Womaen for the World မှ ဒါရိုက်တာ ဗန်လီဇာအောင်နှင့် ဌာနဆိုင်ရာနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆင်းရဲနွမ်းပါးသူမိသားစုများ နေထိုင်စရာအိမ်အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်းအပေါ် ဖြေရှင်းရေးအတွက် စတင်စမ်းသပ် အကောင်အထည်ဖော်သည့် စီမံကိန်းတစ်ရပ်ဖြစ်ပါကြောင်း အုတ်မြစ်ချအခမ်းအနား အဖွင့်အမှာစကားပြောရာတွင် UN-Habitat မှ မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်းမန်နေဂျာ Bijay Karmacharya က ပြောကြားခဲ့သည်။

ဂျပန်ကောင်စစ်ဝန် မတ်ဆူယိုဟီဒီယာကီကလည်း မြန်မာနိုင်ငံက မရှိဆင်းရဲသားများအတွက် ဂျပန်အစိုးရ၏ ကူညီမစမှုအား ဖော်ဆောင်ပေးသည့် မင်္ဂလာရှိသည့် အချိန်ပဲဖြစ်ကြောင်း၊ မြန်မာပြည်သူများအတွက် ဂျပန်ပြည်သူတို့၏ ကောင်းမွန်သော စိတ်စေတနာကို ဖော်ပြခြင်းဖြစ်ပါကြောင်း ပြောကြားပြီး အစီအစဉ်အတိုင်း စီမံကိန်းအပြီးသတ်နိုင်သည့်အထိ စောင့်ကြည့်သွားမည် ဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောသည်။

ဂျပန်အစိုးရသည် UN-Habitat တွင် အားအကောင်းဆုံးအဖွဲ့ဝင် မိတ်ဖက်တစ်နိုင်ငံအဖြစ် ပါဝင်သည်။ UN-Habitat ၏ မြန်မာနိုင်ငံအခြားဒေသများတွင်လည်း ဆင်းရဲသောပြည်သူများအတွက် နေထိုင်မှုမြှင့်တင်ပေးခြင်းနှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းအကောင်အထည်ဖော်ပေးသည့် အမျိုးမျိုးသောစီမံကိန်းများတွင်လည်း ဂျပန်အစိုးရက ရန်ပုံငွေ ထည့်ဝင်ပေးထားသည်။ ဂျပန်အစိုးရ၏ နောက်ဆုံးကူညီမှုလုပ်ငန်းအဖြစ် ချင်းပြည်နယ် ပြည်သူများအတွက် အထောက်အပံ့ဖြစ်စေမည့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ဇွန်လအတွင်း စတင်ရန် စီစဉ်လျက်ရှိနေသည်။

ဒဂုံဆိပ်ကမ်းမြို့သည် ရန်ကုန်အရှေ့ပိုင်းတွင် တည်ရှိပြီး ၁၉၉၀ ခုနှစ်များဝန်းကျင်က မြို့သစ်စတည်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် လူဦးရေအားဖြင့် ၁၆၆၀၀၀ ဝန်းကျင် နေထိုင်လျက်ရှိသည်။

Credit : Mizzima News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service