ခွင့်ပြုချက်မဲ့ အထပ်မြင့်တိုက်များ ရန်ကုန်စည်ပင် ရပ်ဆိုင်းထား - Property News in Myanmar from iMyanmarHouse.com
2060 Views

ခွင့်ပြုချက်မဲ့ အထပ်မြင့်တိုက်များ ရန်ကုန်စည်ပင် ရပ်ဆိုင်းထား

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ၎င်းတို့ ထံမှ အပြီးသတ် ဆောက်လုပ် ခွင့်ပြုချက် မရရှိသေးဘဲ ဆောက်လုပ်နေသော အထပ်မြင့် အဆောက်အဦးများဆောက်လုပ်ခြင်းကို ဆိုင်းငံ့လိုက်ပြီး ထိုအဆောက်အဦးများ အပါအ၀င် အဆိုပြုထားသည့် အထပ်မြင့် အဆောက်အဦး စီမံကိန်းများကို စစ်ဆေးမည့် အဖွဲ့သစ်တစ်ခု ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။

ထိုသို့ ဆောင်ရွက်လိုက်ခြင်းက စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာကာ အလျှင်အမြန် တိုးချဲ့လာနေသည့် မြို့တော်တွင် ဥပဒေအရ မဟုတ်ဘဲ ခွင့်ပြုပေးနေသည့် ဆောက်လုပ်ခွင့်ဆိုင်ရာ ပါမစ်များ၏ အရှုပ်တော်ပုံကို ဖော်ပြလိုက်ခြင်း ဖြစ်သည်။

ဆိုင်းငံ့ကြောင်း ကြေညာချက်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ(YCDC) က မေလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အထပ်မြင့်အဆောက်အဦးစီမံကိန်းများ သတ်မှတ်ချက်နှင့်ညီ၊မညီ ကွင်းဆင်းစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ လုပ်ငန်း ပြန်လည်စတင်ရန် ခွင့်ပြုလိမ့်မည်ဟု ဖော်ပြခဲ့သည်။

မြို့ပြ အင်္ဂါရပ် ဖွံဖြိုးမှုနှင့် ကိုက်ညီစေရန် ပိုမိုစနစ်ကျရေးအတွက် သင့်တော်သည့် မြို့ပြဖွံ့ဖြိုးရေးဖြစ်စေရန် ပူးပေါင်း ညှိနိုင်းဆောင်ရွက်ရေးအဖွဲ့က အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဟုလည်း ကြေညာချက်က ဆိုသည်။

အဆိပါ စစ်ဆေးရေးအဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းပေးမည် ဖြစ်ကြောင်း YCDC ၏ အထပ်မြင့် အဆောက်အဦးများ စစ်ဆေးရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ဆန်းဝင်းက ပြောသည်။

၁၉၉၀ နှစ်များအတွင်း စတင်တည်ထောင်ခဲ့သော YCDC သည် မူလသဘောအရ အစိုးရအပေါ် မှီခိုခြင်းမရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး အခွန်ကောက်ခံခြင်း၊ ၀င်ကြေးများနှင့် လိုင်စင်များမှတဆင့် ကိုယ်ပိုင် ဘဏ္ဍာငွေများ ရှာဖွေသည်။ သို့သော်လည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် YCDC ဥက္ကဌဖြစ်သည့် မြို့တော်ဝန်တို့ကို မြန်မာနိုင်ငံ၏ သမ္မတက ခန့်အပ်ခြင်း ဖြစ်သည့်အတွက် လက်တွေ့တွင် YCDC ၏ လွတ်လပ်မှုက အကန့်အသတ် ရှိနေသည်။

YCDC ကော်မတီဝင်နေရာများကို ဖြည့်ဆည်းပေးမည့် ရွေးကောက်ပွဲများ ပြုလုပ်ရေးကိုလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရွှေ့ဆိုင်းခဲ့သည်။ ထိုသို့ ရွှေ့ဆိုင်းခဲ့ခြင်းမှာ ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်ရန်နှင့် အိမ်ထောင်ဦးစီးများသာ မဲပေးနိုင်သည့် စနစ်ကို တိုးချဲ့ရန် ဖြစ်သည်ဟု သူက ယခုလ အစောပိုင်းတွင် တရားဝင် ပြောကြားခဲ့သည်။

ယခင် ရန်ကုန်တိုင်း အစိုးရနှင့် YCDC က ၂၀၁၃ ခုနှစ်မှ ယခုနှစ် မတ်လ ၃၁ ရက်နေ့ အတွင်းတွင် အထပ်မြင့် (၉ ထပ်နှင့် အထက်) အဆောက်အဦး ၂၀၄ ခု တည်ဆောက်ရန် မူအားဖြင့် ခွင့်ပြုချက်များ ထုတ်ပေးခဲ့သည်ဟု YCDC ၏ အဆိုအရ သိရသည်။

၉ ထပ်မှ ၁၂ ထပ်ခွဲ အထိ YCDC က ခွင့်ပြုချက် ထုတ်ပေးပြီး ၁၃ ထပ်နှင့် အထက် အဆောက်အဦးများကို ရန်ကုန်တိုင်း အစိုးရအဖွဲ့က ထုတ်ပေးသည့် လုပ်ထုံးလုပ်နည်းများအရ ကနဦး မူအားဖြင့် ခွင့်ပြုချက် ရရှိပြီးသည့် အချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အနေဖြင့် အင်ဂျင်နီယာဋ္ဌာန (အဆောက်အအုံ)၏ နောက်ဆုံးခွင့်ပြုချက် မရမီ ၎င်းတို့တည်ဆောက်မည့် ပုံစံများကို YCDC အင်ဂျင်နီယာဌာ၏ ဌာနခွဲများက စနစ်တကျ စစ်ဆေးနိုင်ရန် တင်ပြပေးရမည် ဖြစ်သည်။

အထပ်မြင့် အဆောက်အဦးများ စစ်ဆေးရေး ကော်မတီအတွင်းရေးမှူး ဦးအောင်ဆန်းဝင်းက မူအားဖြင့် ကနဦးခွင့်ပြုချက်ရရှိထားသည့် အဆောက်အဦး ၂၀၄ လုံးအနက် ၁၀၄ လုံး မှာ တည်ဆောက်နေဆဲ ဖြစ်ပြီး အဆိုပါ ၁၀၄ ခုထဲတွင် ၈၁ ခုက အပြီးသတ် ခွင့်ပြုချက် မရရှိသေးဟု ဆိုသည်။

“အဲဒီ အဆောက်အဦး ၈၁ ခုက ဆိုင်းငံ့လိုက်တဲ့ ကြေညာချက်မှာ အကျုံးဝင်ပါတယ်။”

ရန်ကုန်မြို့သည် စနစ်ကျသော မြို့ပြစီမံကိန်းနှင့် ထိန်းချုပ်မှု မရှိသည့် အန္တရယ်နှင့် ရင်ဆိုင်နေရသည်ဟု အခိုင်အမာပြောကြားခဲ့သည့် မြို့ပြစီမံကိန်းကျွမ်းကျင်သူများက ဥပဒေမဲ့ မြို့ပြစီမံကိန်းများကို အလျှင်အမြန် အရေးယူဆောင်ရွက်ရန် အစိုးရကို တောင်းဆိုနေသည့် အချိန်တွင် ယခုကဲ့သို့ ဆိုင်းငံ့မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရေရှည်အတွက် ဖြစ်သည့် စီမံခန့်ခွဲမှုများ ပြုလုပ်နိုင်ရန် ကျွမ်းကျင်သူများ ပါဝင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်းရန်လည်း သူတို့က တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံက နိုင်ငံရေးနှင့် စီးပွားရေးအရ ပြင်ပကမ္ဘာနှင့် တံခါးဖွင့်ခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် မြင့်တက်လာသည့် ရင်းနှီးမြှုပ်နှံမှုများကြောင့် မြန်မာနိုင်ငံတွင် ယခင်က မလုပ်ဆောင်ခဲ့ဖူးသည့် အရွယ်အစား ဖြစ်သော အထပ်မြင့် အဆောက်အဦးများ အပါအ၀င် အကြီးစား မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများ ပေါ်ပေါက်လာခဲ့သည်။ အထူးသဖြင့် စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် ဖြစ်သည်။ သို့သော်လည်း ဖွံ့ဖြိုးရေးစီမံကိန်း အများစုမှာ ဥပဒေနှင့် အပြည့်အ၀ ကိုက်ညီမှု မရှိဘဲဖြစ်နေသည်။

လက်ရှိ ဥပဒေ စည်းကမ်းများက အထပ်မြင့် အဆောက်အဦးများနှင့် အံဝင်ခွင်ကျဖြစ်မှု အားနည်းနေသည်။ မြန်မာ Myanmar National Building Code and Zoning Plan အသစ်မှာ ဥပဒေကြမ်း အဖြစ်၌သာ ရှိနေခဲ့သည်မှာ ၂ နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။

ပြီးခဲ့သည့် နှစ်တွင် ယခင် သမ္မတ ဦးသိန်းစိန်က ရန်ကုန်မြို့ရွှေတိဂုံဘုရား အနီးတွင် ဆောက်လုပ်နေသည့် အထပ်မြင့် အဆောက်အဦး စီမံကိန်းတစ်ခုကို ဖျက်သိမ်းခဲ့သည်။ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ ပါဝင်သည့် အဆင့်မြင့် ကွန်ဒိုမီနီယံတစ်ခု၊ ကြယ် ၅ ပွင့် ဟိုတယ် တစ်ခုနှင့် ဈေးဝယ်စင်တာ တစ်ခု ပါဝင်မည့် အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားသည့် ရွှေတိဂုံဘုရားကို ထိခိုက်နိုင်သည့်အတွက် ပြည်သူလူထုက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည့်အတွက် ထိုသို့ ပယ်ဖျက်ပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်းမှ အမှုဆောင် ကော်မတီဝင်တစ်ဦး ဖြစ်သည့် ဒေါ်လှစုမြတ်က ယခုကဲ့သို့ အထပ်မြင့် အဆောက်အဦး ဆောက်လုပ်ရေးလုပ်ငန်းများကို ဆိုင်းငံ့လိုက်ခြင်းအား ကြိုဆိုကြောင်းနှင့် စစ်ဆေးရေး အဖွဲ့အစည်း ဖွဲ့ခြင်းသည် ရေရှည်တွင် မြို့တော်အတွက် ကောင်းသည့် ကိစ္စတစ်ခုဖြစ်ကြောင်း ပြောသည်။

“ခုလို ဆိုင်းငံ့ထားလိုက်တဲ့အတွက် သက်ဆိုင်တဲ့သူတွေကို ကာလတစ်ခုလောက်အထိတော့ ထိခိုက်တာမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိပုံစံအတိုင်း ဆက်သွားမယ်ဆိုရင် သိပ်မကြာတော့မယ့် အနာဂတ်မှာ ဆိုးရွားတဲ့ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ ပြဿနာတွေ ကျမတို့ ရင်ဆိုင်ရပါလိမ့်မယ်။ အဲဒါကြောင့် အစိုးရက အခု ပုံစံအတိုင်း တုန့်ပြန်လိုက်တာပါ” ဟု ဒေါ်လှစုမြတ်က ပြောသည်။

ရန်ကုန် အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့(Yangon Heritage Trust)ကို တည်ထောင်သူ သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးကလည်း “သူတို့ရဲ့ တည်ဆောက်မှုက စနစ်တကျ ချမှတ်ထားတဲ့ မြို့တော် အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်မယ်ဆိုရင် ကျနော် အထပ်မြင့် အဆောက်အဦးတွေကို လုံးဝ မဆန့်ကျင်ပါဘူး။ ရန်ကုန်မြို့အတွက် ရေရှည်အမြင်နဲ့ စီမံကိန်းတစ်ခုကို ရေးဆွဲ ဆွေးနွေး ဆုံးဖြတ်ပြီးတဲ့ အချိန်အထိ တည်ဆောက်ရေး လုပ်ငန်းအသစ်တွေကို ရပ်တန့်ထားဖို့ အစိုးရသစ်မှာ အခွင့်အရေး ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

“ကားတွေ ပြန့်ကျဲရှုပ်ထွေးတဲ့ မြို့တော်တစ်ခုထက်စာရင် အဆင့်အတန်းမြင့်တဲ့ အများပြည်သူပို့ဆောင်ရေး စနစ်နဲ့ ပိုပြီး ကျစ်ကျစ်လစ်လစ် ရှိတဲ့ မြို့တစ်ခုက အကောင်းဆုံး ဖြစ်မယ်လို့ ကျနော်ထင်ပါတယ်။ ရန်ကုန်ရဲ့ တချို့နေရာတွေမှာတော့ အထပ်မြင့် အဆောက်အဦးတွေက အဆင်ပြေနိုင်ပါတယ်။ မကောင်းတာက ဘာလဲဆိုတော့ ချန်ထားရမယ့်မြေနေရာတွေမှာ အဲဒါ တွေကို ရေရှည် အစီအစဉ်တစ်ခု မရှိဘဲနဲ့ အလွယ်တကူ ဆောက်ပစ်လိုက်တာ ဖြစ်ပါတယ်” ဟု ဒေါက်တာ သန့်မြင့်ဦးက ပြောသည်။

Credit : Irrawaddy News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service