ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာသန်းနှစ်ရာ ချေးယူရန် သမ္မတတင်ပြမှုကို လွှတ်တော်အတည်ပြု - Property News in Myanmar from iMyanmarHouse.com
1421 Views

ကမ္ဘာ့ဘဏ်မှ ကန်ဒေါ်လာသန်းနှစ်ရာ ချေးယူရန် သမ္မတတင်ပြမှုကို လွှတ်တော်အတည်ပြု

၂၀၁၅အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကြုံတွေ့ခဲ့ရ သည့် နိုင်ငံတွင်းရှိ ဒေသများကို ပြန်လည်ထူထောင်ရေးလုပ် ဆောင်ရန် ကမ္ဘာ့ဘဏ်မှ အမေရိ ကန်ဒေါ်လာသန်း၂၀၀ ရာချေးယူ ရန် နိုင်ငံတော်သမ္မတ၏ တင်ပြလာမှုကို မေလ ၁၈ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်၌ ကန့်ကွက်သူမရှိထောက်ခံအတည်ပြုပေးခဲ့သည်။

ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာ သန်း၂၀၀ ချေးယူရေး ကို လွှတ်တော်ကိုယ်စားလှယ်ကိုး ဦးတို့က ထောက်ခံဆွေးနွေးခဲ့ရာ သုံးစွဲမည့်ငွေကြေးများကို ထိထိ ရောက်ရောက်သုံးစွဲရန်နှင့် လွှတ် တော်သို့ လုပ်ငန်းများ၏ အခြေအ နေများ တင်ပြပေးကြရန်ကိုထည့်သွင်းဆွေးနွေးခဲ့ပြီးနောက် လွှတ်တော်က သဘောတူညီခဲ့ခြင်းဖြစ်သည်။

ချေးငွေဒေါ်လာသန်း ၂၀၀ တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အောက်ရှိ လမ်းဦးစီးဌာန၌ သ ဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသည့် လမ်းများအဖြစ် ဆောင်ရွက်ရန် ကန်ဒေါ်လာ ၁၀၅သန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနတွင် ကျေးလက်ဒေသလမ်းများဆောင်ရွက်ရန်ကန်ဒေါ်လာ သန်း ၇၀၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ငွေတိုက်ဦးစီးဌာနတွင် အရေးပေါ်တုံ့ပြန်မှုချေးငွေအဖြစ် လျာထားဆောင်ရွက်ရန် ကန်ဒေါ်လာ ၁၅သန်း၊ Project Management လုပ်ငန်းများ ဆောင်ရွက်ရန် ကန်ဒေါ်လာ ၁၀သန်းတို့ဖြစ်သည်။

ရခိုင်အမျိုးသားပါတီ၏ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးဘရှိန်က ဆွေးနွေးရာတွင် ချေးငွေများကို အသုံးပြုပြီး လုပ်ငန်းများလုပ်ကိုင် သည့်အခါမည်သည့်ဝန်ကြီးဌာန ဖြစ်စေ မြေပြင်လိုအပ်ချက်နှင့် ကိုက်ညီမှုရှိရေး အလွန်အရေးကြီးကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။

‘‘အခုဝန်ကြီးဌာန သုံးခုစလုံး က ရရှိတဲ့ချေးငွေတွေကို ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ဒေသက လမ်းမကြီးတွေ နဲ့ ကျေးလက်ဒေသလမ်းတွေအ တွက် သုံးစွဲမယ်လို့ သိရပါတယ်။ ဒီလမ်းတွေကို နိုင်ငံရဲ့ ၇၀လောက် ရှိတဲ့ ကျေးလက်ပြည်သူတွေကို အမှန်တကယ်အကျိုးရှိရှိအသုံးပြု နိုင်အောင်လုပ်ပေးရမှာက သက် ဆိုင်ရာဝန်ကြီးဌာနတွေဖြစ်ပါ တယ်’’ဟု ဦးဘရှိန်ကဆွေးနွေး သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပုလဲမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဒေါ်ခင်စန်း လှိုင်ကလည်း ပြည်သူလုထုက ရွေးချယ်တင်မြှောက်လိုက်သော အစိုးရသစ်အနေဖြင့် နိုင်ငံတော် ၏ စီမံကိန်းများ၊ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်သည့်အခါ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိဖို့ရန် လိုအပ် ကြောင်း၊ ချေးယူရရှိသည့်ချေးငွေ များအသုံးပြုကာ အကောင်အ ထည်ဖော်သော စီမံကိန်းသည် ပြည်သူလူထုအတွက် အကျိုးရှိ ရန်အပြင် ပွင့်လင်းမြင်သာစွာ ဖော်ပြရန်လိုအပ်ကြောင်း စီမံ ကိန်းများ၏ တိုးတက်မှုများကို ပြည်ထောင်စုလွှတ်တော်သို့ ခြောက်လတစ်ကြိမ်သက်ဆိုင်ရာ ၀န်ကြီးဌာနများကတင်ပြအစီရင် ခံသင့်ကြောင်း ဆွေးနွေးခဲ့သည်။

၂၀၁၅တွင် ရေကြီးမှု၊ မြေ ပြိုမှုများဖြစ်ပွားခဲ့သောဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်း များလုပ်ဆောင်ရန် ကမ္ဘာ့ဘဏ်မှ ချေးယူသောအမေရိကန် ဒေါ်လာသန်း ၂၀၀ ၏ ချေးငွေစည်းကမ်းချက်များ၌ ပြန်လည်ထူထောင်ရေးချေးငွေဖြစ်ကာဆိုင်းငံ့ကာလခြောက်နှစ်၊ ပြန်ဆပ်ကာလ ၃၂နှစ်၊ သက်တမ်း ၃၈နှစ်၊ ၀န်ဆောင်ခတစ်နှစ်လျှင် ၀ဒသမ ၇၅ရာခိုင်နှုန်း၊ အတိုးနှုန်း ၀ရာခိုင်နှုန်းဖြစ်သည်။

Credit : 7Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service