စတော့အိတ်ချိန်းတွင် ရှယ်ယာဈေးနှုန်းများသတ်မှတ်ပုံ - Property News in Myanmar from iMyanmarHouse.com
1344 Views

စတော့အိတ်ချိန်းတွင် ရှယ်ယာဈေးနှုန်းများသတ်မှတ်ပုံ

ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်ခဲ့ပြီးနောက် စတော့ရောင်းဝယ်မှုများကို စတင်ခဲ့ရာ ရှယ်ယာ ရောင်းဝယ်သူများနှင့် ပြည်သူတို့အနေဖြင့် ဈေးကွက် အတွင်း စတော့ဈေးနှုန်းများ မည်သို့သတ်မှတ်သည်၊ မည်သို့ ပြောင်းလဲ သွားသည် စသည်တို့ကို သိလိုကြမည်ဟု ထင်ပါသည်။
စတော့ဈေးကွက်တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ ကုမ္ပဏီများလိုအပ်သည့် ကာလရှည် ငွေကြေးအရင်းအနှီးကို အများပြည်သူများသို့ ရှယ်ယာ များထုတ်ဝေရောင်းချကာ စုစည်းရေးဖြစ်သည့်အပြင် ဝယ်ယူကိုင်ဆောင်ထားသောရှယ်ယာ ရှင်များအတွက် ငွေဖြစ်လွယ်မှု ထွက်ပေါက်ရရှိစေရေး၊ မျှတ၍ ပွင့်လင်း သော ဈေးကွက်ဖြစ်ပေါ်ရေးတို့ဖြစ်ပါသည်။

ယခုလောလောဆယ် ရန်ကုန်စတော့အိတ်ချိန်း၏ ကျင့်သုံးနေသည့် စတော့ရောင်းဝယ်မှုစနစ်ကိုCall Auction စနစ်ဟု ခေါ်ဆိုပါသည်။ ယင်းစနစ်သည်ကမ္ဘာ့ စတော့ဈေးကွက်အများစုတွင် သုံးစွဲနေသည့် အဖွင့် ဈေး/ အပိတ်ဈေး တွက်ချက်ပုံနှင့်အတူတူဖြစ်ပြီး စဉ်ဆက်မပြတ် ရောင်းဝယ်ရေးစနစ် (Continuous Trading) မပါဝင်ခြင်းသာ ကွာခြားပါသည်။

ယင်းမှာ ကုန်စည်တစ်ခုကို လေလံစနစ်ဖြင့် ဈေးဖြတ်ခြင်းနှင့် တူပါ သည်။ ယင်းစနစ်သည် ဈေးနှုန်းတည်ငြိမ်မှုကို ပိုမို ဖြစ်စေသဖြင့် သက်တမ်းနုသည့် စတော့ဈေးကွက်များ အတွက် ပိုမိုသင့်လျော်ပါသည်။

ရန်ကုန်စတော့အိတ်ချိန်းသည်တစ်နေ့တာအတွင်း ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီအသီးသီးမှ ရောက် ရှိလာသည့် စတော့ အရောင်း/အဝယ် အော်ဒါများကို နံနက် ၉ နာရီခွဲတွင် စတင်လက်ခံ၍ ကွန်ပျူတာတန်းစီ ဇယားထဲတွင် ထည့်သွင်းထားကာ နံနက် ၁၁ နာရီတွင် အရောင်းအဝယ်တစ်ကြိမ်လုပ်ပါသည်။ ငွေချေး သက်သေခံလက်မှတ် ကုမ္ပဏီများမှ နံနက် ၁၁ နာရီ နောက်ပိုင်း ထပ်မံပေးပို့ သည့် အော်ဒါများအတွက် မွန်းလွဲ ၁ နာရီတွင် အရောင်းအဝယ်တစ်ကြိမ် ပြုလုပ်ပါ သည်။ စုစုပေါင်း တစ်နေ့နှစ်ကြိမ် ပြုလုပ်ခြင်းဖြစ်ပါသည်။

ရောက်ရှိလာသည့် အရောင်းနှင့်အဝယ် အော်ဒါများ ထဲမှ အရေအတွက် အများဆုံးလည်းဖြစ်မည့်၊ အမျှတဆုံး လည်းဖြစ်မည့်ဈေးကို စတော့အိတ်ချိန်း ကွန်ပျူတာစနစ်မှ တွက်ချက်ပေးပါသည်။ စတော့ဈေးကွက်တွင် ရောင်းဝယ် သူများအနေဖြင့် ပေးနိုင်သည့် အော်ဒါနှစ်မျိုးရှိပါသည်။

ယင်းတို့မှာ (က)Market Order နှင့် (ခ)Limit Order တို့ဖြစ်ပါသည်။ ပထမအော်ဒါမှာ ဈေးကွက်အတွင်းဖြစ် နေသည့် မည်သည့်ဈေးနှင့်မဆို ဝယ်/ရောင်းလုပ်မည်ဟူ သည့်အော်ဒါဖြစ်ပြီး ယင်းမှာတန်းစီဇယားတွင် ဦးစားပေး အဆင့် အမြင့်ဆုံးဖြစ်ပါသည်။ ဦးစားပေးအဆင့်ရသလို risk လည်းများပါသည်။Market Sell Order ပေးသူသည် အမြင့်ဆုံးဈေးနှင့် ရသွားနိုင်သလို အောက်ဆုံးဈေးနှင့် လည်း ရသွားနိုင်ခြေရှိပါသည်။ Market Buy Order ပေးသူသည်လည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။ အချိုဆုံးဈေးနှင့်ရနိုင်သလို ဈေးကြီးနှင့် လည်း ရသွားနိုင် ပါသည်။

ဒုတိယအော်ဒါမှာ မိမိဝယ်ယူ/ရောင်းချလိုသည့် ဈေး ကို ကန့်သတ်ကာ အော်ဒါ Limit Order တင်ခြင်းဖြစ်ပါ သည်။ ယင်းအော်ဒါများမှာမူ မိမိကြိုက်ဈေးနှင့်ကွက်တိ တွေ့နိုင်မှသာ အရောင်းအဝယ်ဖြစ်နိုင်ပါသည်။ သို့သော် မိမိကန့်သတ်ထားသည့် ဝယ်ဈေးထက်နိမ့်သော ဈေးနှင့် လည်းရသွားနိုင်သလို မိမိကန့်သတ်ထားသည့် ရောင်းဈေး ထက်လည်း ပိုပြီးရသွားနိုင်ပါသည်။ မည်သည့်အော်ဒါ မဆို ဈေးနှုန်းချင်းတူညီပါက စတော့အိတ်ချိန်းသို့ စောစွာ ရောက်သည့် အော်ဒါက ဦးစားပေးခြင်းခံရပါသည်။

စတော့ဈေးနှုန်းများကိုတန်းစီရာတွင်လည်း စတော့ ဈေးကွက်၏ တစ်နေ့တာစတင်ဖွင့်လှစ်လိုက်သည့် အခြေခံ ဈေးနှုန်းကို အခြေတည်ကာ အောက်ပါဇယားတွင် ဖော်ပြ ထားသည့် ဈေးနှုန်းဘောင်များအတွင်း၌သာ ရောင်းဝယ်မှု ပြုနိုင်ပြီး ယင်းသတ်မှတ်ဘောင်ထက်ကျော်လွန်ကာ ရောင်းဝယ်ခြင်း မပြုနိုင်ပါ။ ဥပမာ စတော့တစ်ခု၏ ယနေ့ အဖွင့်ဈေးကို ၁၅ဝဝဝ ကျပ်ဟု သတ်မှတ်ပါက ယင်းသည် ကျပ် ၁ဝဝဝဝ နှင့် ၁၉၉၉၉ ကျပ်ကန့်သတ်ဘောင်အကြားတွင် ရှိနေသဖြင့် ယင်းစတော့ကို တစ်နေ့တာအတွင်း(+/-၂၅ဝဝ) ၁၂၅ဝဝ နှင့် ၁၇၅ဝဝ အတွင်းသာ ဈေးဖွင့်နိုင်ပါသည်။

ဈေးကွက်တို့၏ ထုံးစံအတိုင်း စတော့ဈေးကွက်တန်းစီ ဇယားတွင် တန်းစီရာတွင်လည်း အရောင်းအော်ဒါ ဖြစ်ပါ လျှင် အနည်း ဆုံးဈေးနှင့်ရောင်းချသူက ဦးစားပေးအဆင့် ပိုရပြီး ဈေးများသူက ဦးစားပေးအဆင့် တဖြည်းဖြည်းချင်း နိမ့်သွားပါမည်။ အဝယ်အော်ဒါဖြစ်ပါမူ ဈေးအများဆုံးနှင့် ပေးဝယ်သည့် အော်ဒါက ဦးစားပေးခံရပြီး ဈေးနည်းသူများ က ဦးစားပေးအဆင့်နိမ့်သွားမည်ဖြစ်ပါသည်။

ဖော်ပြပါဇယား(၁)သည် စတော့အိတ်ချိန်း၏ ကွန်ပျူတာ အော်ဒါဘုတ်ဖြစ်ပြီး ယင်းအော်ဒါဘုတ် အလယ်တည့်တည့်ရှိ ကော်လံသည် တစ်နေ့တာ၏စတော့ ဈေးနှုန်းအတက်အကျဘောင်နှင့် ဈေးနှုန်းများကို ဖော်ပြ ထားပါသည်။ ယင်း၏ ဘယ်ဘက်တွင် အရောင်းအော်ဒါ ကော်လံနှင့် စုစုပေါင်း အရောင်းကော်လံများ ရှိပါသည်။ ညာဘက်တွင် အဝယ်ကော်လံနှင့် စုစုပေါင်းအဝယ်ကော်လံ တို့ရှိပါသည်။ ထိပ်ဆုံးတွင် ရရာဈေးဖြင့် ဝယ်/ရောင်းမည် ဆိုသည့် ဈေးကွက်ပေါက်ဈေး (Market Order) နေရာရှိ ပါသည်။

နေ့တစ်နေ့အတွင်း ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများမှပေးပို့လာသည့် အရောင်း/အဝယ် အော်ဒါ များကို အော်ဒါဘုတ်ပါ သတ်မှတ်ဈေး၏ ဘယ်၊ ညာ နှစ်ဖက်တွင် ထည့်သွင်းပါသည်။ ဖော်ပြပါ နမူနာ အရ ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းမည့် ရှယ်ယာ အစောင် ၅ဝ ရှိပြီး ဈေးကွက်ပေါက်ဈေးဖြင့်ဝယ်မည့် ရှယ်ယာအစောင် ၁ဝဝ ရှိပါသည်။ ကျန်သည့်အော်ဒါများမှာLimit Order များသာဖြစ်ပါသည်။

ယင်းတန်းစီထားသည့် အော်ဒါများတွင် အရောင်း ဘက်ကို စတင်တွက်ချက်ပါမည်။ ဈေးကွက်အရောင်း အော်ဒါ အစု ၅ဝကို အခြေတည်ကာ အကောင်းဆုံး ရောင်းဈေးရှိသည့် အောက်ဆုံးမှ အပေါ်သို့ ဆင့်ကဲ ဆင့်ကဲ ပေါင်းထည့်သွားကာ အရောင်းစုစုပေါင်းကော်လံ တွင် ဖြည့်သွင်းပါသည်။ ဆက်လက်ပြီး အဝယ်ဘက်တွင် ဈေးကွက် အဝယ် အော်ဒါ အစု ၁ဝဝ ကို အခြေတည်ကာ အကောင်းဆုံးဝယ်ဈေးရှိသည့် အပေါ်ဆုံးမှ အောက်ဆုံး သို့ ဆင့်ကဲဆင့်ကဲပေါင်းသွားကာ အဝယ်စုစုပေါင်း ကော်လံတွင် ဖြည့်သွင်းရပါသည်။

နောက်ဆုံးတွင် အရောင်းစုစုပေါင်း ကော်လံနှင့် အဝယ် စုစုပေါင်းကော်လံကို နှိုင်းယှဉ်ကာ လိုင်းတစ်ခုချင်း အလိုက် မည်သည့်ရှယ်ယာအရေအတွက်က အများဆုံး အရောင်းအဝယ်ဖြစ်သည်ကို ကွန်ပျူတာ စနစ်က တွက်ချက်ပေးခြင်း ဖြစ်ပါသည်။ ဥပမာ- လိုင်း(၁) တွင် အရောင်း ၁ဝ၉၃ စု နှင့် အဝယ် အစု ၁၄ဝ သာရှိသဖြင့် စုစုပေါင်း အရောင်းအဝယ်ဖြစ်မည့်ပမာဏမှာ အစု ၁၄ဝ သာ ရှိပါသည်။ လိုင်း (၅)ကို ကြည့်ပါက အရောင်း ၈၆၈ စုနှင့်အဝယ် အစု ၃၄ဝ ရှိသဖြင့် စုစုပေါင်း အရောင်း အဝယ်ဖြစ်မည့်ပမာဏမှာ အစု ၃၄ဝ သာ ဖြစ်ပါသည်။

ဖော်ပြပါ နမူနာဇယား(၂)အရ ရှယ်ယာအရေ အတွက်များကို လိုင်းအလိုက်နှိုင်းယှဉ်ရာတွင် လိုင်း(၈) နေရာတွင်ရှိသည့် အရောင်း အစု ၇ဝဝ နှင့် အဝယ် ၅၇၅ စု နေရာတွင် စုစုပေါင်း ၅၇၅ စုကသာ ရှယ်ယာ အရေအတွက် အများဆုံးထွက်သဖြင့် ယင်းနေရာတွင် ရှိနေသည့် ၁၄ဝဝဝ ကျပ်သည် ယနေ့ဈေးကွက်၏ စတော့ဈေးနှုန်းအဖြစ် သတ်မှတ်ပါသည်။

ဤနမူနာအရ စတော့အရောင်းအဝယ်တွင် ၁၄ဝဝဝ ကျပ်ဖြင့်ရရှိ မည့် အော်ဒါများမှာ အဝယ် ဘက်မှ (ဈေးကွက်အဝယ် အစု ၁ဝဝ အပါအဝင် ၄ဝ၊၈ဝ၊ ၆၅၊ ၂၅၊ ၃ဝ၊ ၆ဝ ၊ ၁ဝဝ နှင့် ၇၅ စု) တို့ဖြစ်ပြီး အရောင်း ဘက်မှ (ဈေးကွက်အရောင်း ၅ဝ အပါအဝင် ၁၄ဝ၊ ၃ဝဝ၊ ၆ဝ နှင့် ၁၅ဝ ထဲမှ ၂၅ စု ) တို့သာ အလုပ်ဖြစ် မည်ဖြစ်ကာ ကျန်အော်ဒါများမှာ အရောင်းအဝယ်ဖြစ် မည်မဟုတ်ပါ။ ။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service