အဝေးပြေးယာဉ်ရပ်နားစခန်းပါ အဆင့်မြင့်အိမ်ရာစီမံကိန်းကို ကန်ဒေါ်လာ သန်း ၁၂ဝ အကုန်အကျခံ တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
1227 Views

အဝေးပြေးယာဉ်ရပ်နားစခန်းပါ အဆင့်မြင့်အိမ်ရာစီမံကိန်းကို ကန်ဒေါ်လာ သန်း ၁၂ဝ အကုန်အကျခံ တည်ဆောက်မည်

မြန်မာနိုင်ငံတွင် ပထမဆုံး နိုင်ငံတကာအဆင့်မြင့်အဝေးပြေး ယာဉ်ရပ်နားစခန်းပါ INNO CITY အမည်ရှိ စုပေါင်းအဆောက်အအုံ စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်းနှင့် ဝေဇယန္တာလမ်းထောင့် (ယခင်ပါရမီကားကြီးကွင်းနေရာ) ၌ အမေရိကန်ဒေါ်လာ သန်း ၁၂ဝ အကုန်အကျခံကာ တောင်ကိုရီးယားနိုင်ငံ INNO Group မှ အကောင်အထည်ဖော် စတင်ဆောက်လုပ်တော့ မည်ဖြစ်သည်။

အဆိုပါ INNO CITY အမည်ရှိ စုပေါင်းအဆောက်အအုံစီမံကိန်း ကို ဆောက်လုပ်ရန်အတွက် ၂ဝ၁၅ ခုနှစ် မတ် ၃ဝ ရက်က ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ''မူ''အားဖြင့် သဘောတူညီချက်ရရှိ ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ ၂ဝ၁၅ ခုနှစ် ဧပြီ ၇ ရက်တွင် ခွင့်ပြုချက် ရရှိခဲ့ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကလည်း ၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် ''မူ'' အားဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ၌ တစ်ခုတည်းသော အဆောက်အအုံအဖြစ် အကြီးဆုံးဆောက်လုပ်ခဲ့သော ကြမ်းခင်းဧရိယာစုစုပေါင်း ၄၉ ဧကကျယ်ဝန်းသည့် ဆိုဖွန်းစီမံကိန်းကို အဆိုပါတောင်ကိုရီးယားနိုင်ငံ INNO Group ကပင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံ၏ ပထမဆုံးနိုင်ငံတကာ အဆင့်မြင့် အဝေးပြေးယာဉ်ရပ်နားစခန်းပါ INNO CITY အမည်ရှိ စုပေါင်း အဆောက်အအုံစီမံကိန်းမြေကွက်မှာ ဧရိယာစုစုပေါင်း ၇ ဒသမ ၆၂၉ ဧက ကျယ်ဝန်းကြောင်း သိရသည်။ INNO CITY စီမံကိန်း ၏အဆောက်အအုံ အမြင့်မှာ ၃၅၆ ပေ ၁ဝ လက်မရှိပြီး ရွှေတိဂုံဘုရား ပတ်ဝန်းကျင်ကန့်သတ်ဇုန် အပြင်ဘက်တွင်ရှိကာ လူနေအိမ်ခန်း ၂၁၆ ခန်းပါအထပ် ၃ဝ မြင့် အဆောက်အအုံ နှစ်လုံး၊ လူနေအိမ်ခန်း ၁ဝ၄ ခန်းပါ ၂၉ ထပ်မြင့် အဆောက်အအုံ သုံးလုံး၊ ၁၃ ထပ်မြင့် ဟိုတယ်တစ်လုံး၊ အဝေးပြေးယာဉ်ရပ်နားစခန်း၊ ရှော့ပင်းမောနှင့် Convention Centre တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

INNO CITYအဆင့်မြင့်အိမ်ရာစီမံကိန်းအတွင်း နေထိုင်သူမိသားစုများ၊ ဈေးဆိုင်ခန်းများ၊ ဟိုတယ်၊ယာဉ်ရပ်နားစခန်းနှင့် ခန်းမဆောင်သို့လာကြသော ယာဉ်များအတွက် ယာဉ်စီးရေ ၁၁၃၉ စီး ရပ်နားနိုင်မည့် ကားပါကင်စနစ် ပါဝင်မည်ဖြစ်ပြီး စည်ပင်ရေပေးဝေမှု၊ သောက်သုံးရေစံချိန်စံညွှန်းများနှင့် ကိုက်ညီသည်အထိ Treatment ပြုလုပ်ထားသော အဝီစိတွင်းရေသန့်စနစ် များ ဖြင့် ပရောဂျက်တစ်ခုလုံး တစ်ရက်ခွဲစာသုံးစွဲရန် လိုအပ်သောရေဂါလန်ပေါင်း ၃၆၄၆၇၂ ဂါလန်ကို လုံလောက် စွာ ရေဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။

မီးငြှိမ်းသတ်နိုင်ရန်အတွက် ရေဂါလန် ၆၉၂၉၂ ဂါလန်ကို ရေလှောင်ကန် ဖြင့် ထားရှိသုံးစွဲနိုင်မည့် စနစ်ပါဝင်ပြီး ရှော့ပင်းမော၊ ဟိုတယ်၊ မင်္ဂလာခန်းမ၊ အဝေးပြေးကားဂိတ်များပါ ထည့်သွင်းဆောက်လုပ်သွားမည်ဖြစ်သောကြောင့် INNO CITY သည်သီးသန့်မြို့ငယ်လေးတစ်ခုအဖြစ် တည်ရှိလာနိုင်စရာ အကြောင်း ရှိနေသည်။ ထို့ပြင် Service Apartment ၌ နေထိုင်သူများ အတွက်လည်း ရေကူးကန်များ၊ အားကစားခန်းမများ၊ ကလေးကစားကွင်း များ နှင့်ပန်းခြံများ ထည့်သွင်းဆောက်လုပ်သွားမည်ဖြစ်ပြီး ၂၄ နာရီ လုံခြုံရေးအတွက် လုံခြုံရေးကင်မရာများတပ်ဆင်ထားခြင်း၊ ကားအဝင်အထွက် များအတွက် RF System စီစဉ်ထားရှိခြင်း၊ မီးဘေးလုံခြုံရေးစနစ်များနှင့် မီးစက်များ ဆောင်ရွက်ထားရှိခြင်း၊ ဂြိုဟ်တုနှင့် ချိတ်ဆက်ထားသော အင်တာနက်များ ဆောင်ရွက်ထားခြင်းနှင့် အခြားသော Facility များ စီစဉ်ထားသည့်အတွက် ရန်ကုန်မြို့၏ ထိပ်တန်းအဆင့်မြင့် အဆောက်အအုံများထဲ၌ တစ်ခုအပါအဝင် ဖြစ်လာမည်ဖြစ်သည်။

" INNO CITYအဆင့်မြင့်အိမ်ရာစီမံကိန်းမှာ အဆင့်မြင့်လူနေမှု အဆောက်အအုံတွေ၊ ရုံးခန်းနေရာတွေ၊ ဝန်ဆောင်မှုအပြည့် တိုက်ခန်းတွေ၊ ဈေးဝယ်စင်တာတွေ၊ ဟိုတယ်တွေနဲ့ ရေကူးကန်တို့ ပါဝင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် INNO CITY ဟာ ရန်ကုန်မြို့တော်ကြီးရဲ့ ပြီးပြည့်စုံတဲ့ နေရာ တစ်ခုဖြစ်လာနိုင်တယ်ဆိုတာ အားလုံးလက်ခံယုံကြည်ကြမှာပါ။''ဟု INNO CITY စီမံကိန်းမှ တာဝန်ရှိသူက ပြောကြားသည်။

လူဦးရေ ၅ဝဝဝ ခန့် အဆင်သင့်နေထိုင်နိုင်မည့် နေရာကောင်းတစ်ခု ဖြစ်သော အဆိုပါ INNO CITY အမည်ရှိ စုပေါင်းအဆောက်အအုံစီမံကိန်း မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ၆ ဒသမ ၅ ကီလိုမီတာ၊ ရန်ကုန်မြို့လယ်မှ ၈ ကီလိုမီတာမျှသာ ကွာဝေးသောနေရာတွင်တည်ရှိပြီး ဥက္ကလာ ဂေါက်ကွင်းနှင့်လည်း နီးကပ်စွာတစ်ဆက်တည်းတည်ရှိကာ အင်းလျားကန်၊ ရွှေတိဂုံစေတီတော်၊ ကမ္ဘာအေးစေတီတော်၊ စွယ်တော်မြတ်စေတီတော်တို့၏မြင်ကွင်းများကိုလည်း ခံစားတွေ့မြင်နိုင်ကြမည်ဖြစ်သည်။

အဆိုပါ INNO CITY အမည်ရှိ စုပေါင်းအဆောက်အအုံ စီမံကိန်း ဆောက်လုပ်ရန်အတွက် ယနေ့နံနက် ၇ နာရီက ပန္နက်တော်တင်မင်္ဂလာနှင့် သမ္ပတိတွင်းတော်ဝန်းမင်္ဂလာအခမ်းအနားကို စီမံကိန်းမြေနေရာ၌ စတင်ခဲ့ကြောင်း သိရပြီး INNO CITY အမည်ရှိ စုပေါင်းအဆောက်အအုံစီမံကိန်းကို လာမည့် ၂ဝ၁၈ ခုနှစ်ကုန်ပိုင်း၌ အပြီးသတ်ဆောက်လုပ်ရန် စီစဉ်ထားကြောင်းနှင့် အဆိုပါ စီမံကိန်းဆောင်ရွက်ပြီးစီးပါက ရန်ကုန်မြို့သို့အကြောင်း ကိစ္စအရပ်ရပ်ကြောင့် လာရောက်လည်ပတ်ကြမည့် ခရီးသွားဧည့်သည်များ အတွက်ပါ အကျိုးရှိစေမည်ဖြစ်ကာ ရန်ကုန်မြို့ရှိ လူဦးရေအချို့အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာကြစေတော့မည်ဖြစ်ကြောင်း INNO CITY အဆင့်မြင့်အိမ်ရာစီမံကိန်းမှ သိရသည်။

Credit; MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service