အရေအတွက် ထက် အရည်အသွေးက စကားပြောလာပါပြီ - Property News in Myanmar from iMyanmarHouse.com
5162 Views

အရေအတွက် ထက် အရည်အသွေးက စကားပြောလာပါပြီ

မဟာရန်ကုန်မြို့ရဲ့ မြို့တွင်းခြောက်မြို့နယ် နဲ့ ဆပ်စပ်လျက်ရှိတဲ့ မြို့နယ်တွေ ကန်ထရိုက်တိုက်တွေ ဆိုရင် မမြင်ချင်မှ အဆုံး နှစ်ပေါင်းနှစ်ဆယ် ကာလ အတွင်းမှာ ခပ်စိပ်စိပ် ဆောက်ခဲ့ကြပါတယ်၊ တစ်ချို့ လမ်းတွေဆိုရင် လမ်းရဲ့ဘယ်ညာ နှစ်ဖက် စလုံးမှာ ကန်ထရိုက်တိုက်တွေ နေရာ ယူထားပြီး မြေနေရာ လွတ်မကျန် အောင်အထိကို ဆောက်ခဲ့ကြပါတယ်။ သေသေချာချာ စေ့စေ့ စပ်စပ် နဲ့ တိုက်တွေကို ကြည့်မယ်ဆိုရင်
တစ်ချို့ တိုက်တွေဟာ တစ်တိုက်ကို တစ်တိုက် မီလီမီတာ အနည်းငယ် သို့မဟုတ် ခြောက်လက်မလောက် ထိကို အမြင်အာရုံ နဲ့ စိတ်မှန်းနဲ့ ကို ခန့်မှန်းတိုင်းတာ နိုင်တဲ့ အထိ အနည်းငယ်ယိုင်နဲ့ နေတာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။

၁၉၉၀ ခုနှစ် ၊ ၂၀၁၀ ခုနှစ်မှာ ကန်ထရိုက်တိုက်တွေ အင်နဲ့ အားနဲ့ ရန်ကုနမြို့ အနှံ့မှာ ဆောက်လုပ်ခဲ့ကြတာ ဖြစ်ပြီး ၁၉၉၀ ခုနှစ်ဝန်းကျင်က ဆောက်ခဲ့ကြတဲ့ တိုက်တွေ ဆိုရင် အခုဆို နှစ်ပေါင်း ၂၅ နှစ် ငွေရတု တိုင်အောင် သက်တမ်းရင့်လာနေပါပြီ။ ကုန်လွန်ခဲ့တဲ့ နှစ်နှစ်ဆိုတဲ့ ကာလ အတွင်းမှာတော့ ရန်ကုန်မြိုရဲ့ လူနေ ထူထပ်သည့်မြိ့နယ် အချို့မှာ အထပ်မြင့်တိုက်တွေ ယိုင်နဲ့ တိမ်းစောင်းလာတာ တွေ ၊ အစိတ်အပိုင်းတွေ ပြိုကျလာတဲ့ ဖြစ်ရပ်တွေ ကြောင့်လည်း အရင်လို တိုက်ခန်းဖြစ်ရုံ ပြီးရုံ မဟုတ်တော့ဘဲ ၀ယ်ယူသူတွေကလည်း အဆောက်အအုံ ရဲ့ကြံ့ခိုင်မှု တွေအပြင်ကိုယ်ဝယ်မယ့် တိုက်ကို ဆောက်လုပ်ထားတဲ့ ဆောက်လုပ်ရေး ကုမ္မဏီတွေ နာမည်ပျက်ရှိမရှိ ဆိုတာကို ပါကြည့်ပြီးမှ ၀ယ်ယူလာတဲ့ အထိ ပြောင်းလဲလို့လာခဲ့ပါပြီ။

တာမွေမြို့နယ်၊ မေတ္တာညွှန့်ရပ်ကွက်အတွင်း က ဆောက်လုပ်ထားတာ ၁၅ နှစ်သက်တမ်းရှိ ခြောက်ထပ်တိုက်တစ်လုံးရဲ့ အပေါ်ဆုံးထပ်မှ နေကာအမိုးပိုင်းပြိုကျခဲ့တယ့် ဖြစ်စဉ်တွေ အပြင် ၂၀၁၂ ခုနှစ် အတွင်းကလည်း အလုံမြို့နယ်တွင် သက်တမ်း ခြောက်နှစ်ရှိ ရှစ်ထပ်ပါ ကန်ထရိုက်တိုက်၏ နောက်ဘေးခြမ်း အက်ကွဲတိမ်းစောင်းခဲ့ခြင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လေးထပ်တိုက် အတွင်းလှေကား ပြိုကျခဲ့ခြင်းအပါအ၀င် သုံးနှစ်တာကာလ အတွင်း ရန်ကုန်မြို့တွင်းမြို့နယ်များတွင် သက်တမ်းနုကန်ထရိုက်တိုက်များ၏ အစိတ်အပိုင်းအချို့ပြိုကျခြင်း၊ နံရံအက်ကွဲခြင်းနှင့် တိမ်းစောင်းခြင်းတဲ့ ပြသနာတွေကို လူမှုကွန်ယက်တွေ ဖြစ်တဲ့ Facebook လိုနေရာမျိုးတွေမှာ ခပ်စိပ်စိပ် မြင်လာရတဲ့ အတွက်ကြောင့်လည်း ကိုယ်ဝယ်ပြီးရေရှည်နေမယ့် တိုက်တွေ ရဲ့ အရည်အသွေးကို မေးခွန်းထုတ်လာနေကြတာ မဆန်းတော့တဲ့ လူသဘာဝ ဖြစ်ပါတယ်။

အခုနောက်ပိုင်းနှစ်တွေ မှာ ခပ်စိပ်စိပ် ငလျင်လှုပ်ခတ်မှုတွေက ရန်ကုန်က တိုက်ခန်းနေပြည်သူတွေကို
ထိခိုက်မှု မရှိခဲ့ပေမယ့်လည်း ကိုယ်နေမယ့် တိုက် ၊ ကိုယ့်အသက်အန္တရယ် လုံခြုံစိတ်ချရမှု အတွက် တော်အိရော်အိ တိုက်ကို ဈေးပေါချောင်ကောင်းရရုံ သက်သက်လောက်နဲ့ တော့ ၀ယ်ဖို့ရာခိုင်နှုန်း နည်းသွားမှာ ဖြစ်တဲ့ အပြင် တစ်နေကုန် လုပ်ငန်းခွင် ပေါင်းစုံမှာ ပင်ပန်းနွမ်းနွယ်ခဲ့ရပြီး ညဘက်ကျောချစရာ နေရာလေးကိုတော့ အေးအေးချမ်းချမ်းနဲ့ နှစ်နှစ်ခြိုက်ခြိုက် လုံခြုံမှု အပြည့်နဲ့ အိပ်စက်ချင်ကြမှာ လူသားတိုင်းရဲ့ လိုလားချက်ဖြစ်တာ မြေကြီးလက်ခတ်မလွှဲ သေချာပါတယ်။

တိုက်တွေ ရွဲ့စောင်းလာလို့ အောက်ခြေမှာ အိမ်ရှင် အချင်းချင်းညှိနှိုင်းပြီး လျော်ကြေးငွေပေးပြီး ကျေအေးလိုက်တဲ့ အမှုအခင်းတွေ ရှိသလို ၊ တစ်ဖက်ကပေးမယ့် လျော်ကြေးကို မကျေနပ်လို့ လျောကြေးငွေ လက်မခံဘဲ တရားစွဲဆိုထားတဲ့ အမှု အခင်းတွေကလည်း ရန်ကုန်ရှေ့နေအသိုင်းအ၀ိုင်း နဲ့ အိမ်ခြံမြေ လောကမှာ
သိပ်မထူးတော့ တဲ့ ဇတ်လမ်းတစ်ခု လိုအထိ ဖြစ်လာပါတယ်။

အဆင်ပြေသလို ပုံမှန် ဖောင်ဒေးရှင်းတူးပြီး ကုန်ကျစရိတ်သက်သာအောင် အလျင်အမြန် ဈေးချုပ်ချုပ်ပြီး ဆောက်ခဲ့ကြတဲ့ တိုက်တွေ ၊ စေတနာ နည်းတဲ့ ကန်ထရိုက်တာ အချို့ ကိုယ့်အတွက် အမြတ်ငွေ ပိုမိုကျန်အောင်လို့ ထည့်ရမယ့် ပစ္စည်းတွေကို မထည့်ဘဲ ခိုထားတာ ၊ ဘိလပ်မြေ အချိုးအစားကို လျော့ချပြီး ရောစပ် ဆောက်လုပ်ခဲ့တဲ့ အကျိုးဆက်တွေ အပြင် စစ်ဆေးရမယ့် တာဝန်ရှိ ဌာနအချို့ရဲ့ ဂတိတရား ကင်းလွတ်မှု
မရှိတဲ့ အားနည်းချက်တွေကြောင့် ဆယ်စုနှစ် နှစ်ခု တောင် သက်တမ်းမရှိသေးတဲ့ တိုက်အချို့ စောင်းတာ ရွဲ့တာ ၊ ပြိုကျတာတွေ ဖြစ်လာပါတာဟာ တိုက်ခန်းနေ ရန်ကုန်လူထု အတွက်ကတော့ သိပ်မထူးတော့တယ့် သတင်းတစ်ပုဒ်လိုတောင် ဖြစ်နေပါပြီ။

အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်လာပြီး စီးပွားရေးအခွင့်အလမ်းများ ပေါ်ထွတ်လာတဲ့ မဟာရန်ကုန်မြို့တော်ကြီးမှာတော့ အိမ်ခြံမြေ ဈေးနှုန်းတွေ ဆယ်စုနှစ်နှစ်ခု အတွင်းမှာ အဆပေါင်းများစွာ ခုန်တက်လာသလို မိုးမျှော်တိုက်တွေ ၊ အထပ်မြင့် တိုက်တွေ ၊ သိန်းထောင်ပေါင်းများစွာ တန်တဲ့ အခန်းကျယ်တွေ ပါတဲ့ ကွန်ဒိုကြီးတွေ ဟောတစ်လုံး ဟောတလုံးဆိုသလို ရန်ကုန်အနှံ့မှာ ပေါ်ထွတ်လာခဲ့ပါပြီ။

အရောင်းအ၀ယ် မကောင်းလို့ ၀ယ်လက် မရှိပါဘူး ဆိုတဲ့ ယနေ့ အချိန်မှာတောင်မှ ရန်ကုန်ရဲ့ ကောင်းကင်ထက်မှာ နေရာယူနိုင်ဖို့ အတွက် အပြိုင်အဆိုင် ဆောက်လုပ်နေကြတဲ့ တာဝါကရိန်း အစီအရီ ၊ ထိုးထိုးထောင်ထောင် နဲ့ အဆောက်အအုံတွေကလည်း အရပ်လေးမျက်နှာ မလွဲဖြစ်တဲ့ အတွက် အနာဂတ် တိုက်ခန်းတွေရဲ့ ဈေးကွက်အခြေအနေကို သာမာန်လူတစ်ယောက်တောင် ခန့်မှန်းလို့ ရလာပါပြီ။

ခါတော်မှီ ဆောက်လုပ်ရေး ကုမ္မဏီတွေ ၊ ကန်ထရိုက်တာ အမည်ခံ လုပ်ငန်းကျွမ်းကျင်မှု အားနည်းတဲ့ လူပုဂိုလ်တွေလည်း ဆောက်လုပ်ရေး လောကမှာ သူဌေးဘွဲ့ခံပြီး ၀င်တိုးလုပ်ကြတဲ့ အတွက် ရန်ကုန်မြို့လယ် မဆိုထားနဲ့ ရန်ကုန်မြို့ပြင် ဆင်ခြေဖုံးက မြို့နယ် ရပ်ကွက်တွေ အထဲမှာတောင် မြေပိုင်ရှင်တွေကို ကန်ထရိုက်တိုက်ဆောက်ဖို့ အတွက် မက်လောက်စရာ မက်လုံးတွေနဲ့ ဆွဲဆောင်ခဲ့ကြသလို ၊ အချိုးကျ ရမယ့်
အခန်းအရေအတွက် တိုးပေးတာတွေ ၊ အလိုက်ငွေပမာဏ အများကြီး ပိုပေးတာတွေ လုပ်လာခဲ့တဲ့ အတွက် တစ်သက်လုံး ဆောက်လုပ်ရေး လုပ်ငန်းကို လုပ်ကိုင်လာတဲ့ အတွေ့အကြုံများတဲ့ ကုမ္မဏီတွေ ၊ ၀ါရင့် ကျွမ်းကျင်တဲ့ ကန်ထရိုက်တာကြီးတွေ ဘေးထွတ်ထိုင်ပြီး လက်ပိုက်ကြည့်နေရတဲ့ အခြေအနေတွေ ၁၉၉၀ နဲ့ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ ပိုပြီးများလာပါပြီ။

ကိုယ့်အတွက်ကျန်အောင် အလျင်အမြန် ဆောက်ကြတဲ့ အတွက် အလုပ်သမားခတွေ ၊ တစ်ခြားပေးရကမ်းရတဲ့ ကုန်ကျစရိတ်တွေ လျော့သွားပေမယ့်လည်း ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းတွေရဲ့ သဘောတရားအရ အခုချက်ခြင်း ဘိလပ်မြေလောင်း ၊ အခုချက်ခြင်း လူနေလို့ မရဘဲ အသားသေအောင် အချိန်ကာလ တစ်ခု အထိ ထားရတာ ဆောက်လုပ်ရေး လုပ်ငန်း အတွေ့အကြုံရှိသူတိုင်း သိကြတဲ့
လုပ်ငန်းလုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ပါတယ်။

ဆောက်လုပ်ရမယ့် အချိန်တွေကို ချုံ့ပြီး အမြန်ဆောက်ခဲ့တာတွေ ၊ ထည့်ရမယ့် ပစ္စည်းတွေကို လျှော့ပြီး ခေတ်အဆက်ဆက်မှာ ဆောက်လုပ်ခဲ့ကြတာ တွေရဲ့ အကျိုးဆက်ကြောင့် ဆယ်စုနှစ် တစ်ခုကျော်ကျော် သက်တမ်းရှိတဲ့ တိုက်တွေ ယိုင်တာ ၊ အက်ကွဲလာတာ ၊ အခြမ်းလိုက်ပြိုဆင်းလာတာတွေ ဖြစ်လာကြပါတယ်။
ပြသနာဖြစ်လာပြီဆိုမှာ အဲဒိအချိန်က ဆောက်ခဲ့တဲ့ ကန်ထရိုက်တာတွေ ၊ ကုမ္နဏီတွေ ရှိခဲ့ရင် နည်းနည်းပါးပါး စကားပြောပြီး ပြင်ခိုင်းဖို့ ဖိအားပေးနိုင်ကြပေမယ့် မြန်မာပြည်က ခါတော်မီ ကန်ထရိုက်တာတွေ ၊ ကုမ္မဏီတွေက တော့ တိုက်ဆောက်ပြီးတာနဲ့ ကုမ္မဏီ မရှိတော့တာတွေ ၊ ကန်ထရိုက်ဘယ်သူမှန်း မသိကြတော့တာ တွေ အများကြီးကြားရမြင်ရ ဖြစ်လာတဲ့ အတွက် တိုက်ခန်းဝယ်သူတွေ အခုနောက်ပိုင်း ကိုယ်ဝယ်မယ့် တိုက်ရဲ့ အရည်အသွေးကို ကြည့်လာတာ မထူးဆန်းပါဘူး ။

ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ အဆောက်အအုံ တစ်ခု အရည်အသွေးပိုင်းနဲ့ ပြသနာတက်လာပြီဆိုရင် နေထိုင်တဲ့ သူတွေက ဆောက်ခဲ့တဲ့ ဆောက်လုပ်ရေး ကုမ္မဏီကို တရားစွဲတာတွေ ၊ နစ်နာကြေး ဒေါ်လာသန်းနဲ့ တရားရုံးတွေက တဆင့် တောင်းတာတွေ ၊ အာဏာပိုင်အဖွဲ့အစည်းတွေကို တိုင်းတန်းတာတွေ ရှိပေမယ့်လည်း မြန်မာလူ့ဘောင် အသိုင်းအ၀ိုင်းမှာတော့ အဲလိုအလေ့အထ တွေ မကြားမိသလောက်ပါဘဲ။

ရှိကောင်းရှိနိုင်ပေမယ့် အင်မတန်းနည်းတဲ့ လူနည်းစုလောက်ကဘဲ လုပ်နိုင်ကြမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့တွင် လူဦးရေတိုးပွားလာသည် နှင့်အမျှ အိမ်ရာလိုအပ်ချက်မြင့်မားလာသည့် အတွက်
ဆောက်လုပ်ရေးလောကသို့ အလွယ် တကူဝင်ရောက်လာသူများ ရှိလာတဲ့ အတွက်ကြောင့်လည်း မလိုလား အပ်သည့် အားနည်းချက်ရှိသည့် လုပ်ရပ်များ၊ လုပ်ငန်းများဖြစ်လာ တာဖြစ်တယ်ဆိုတဲ့ အကြောင်းလည်း ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သူတွေကလည်း သုံးသပ်ထားကြပါတယ်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ စာရင်းဇယားများအရ ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း
ရန်ကုန်မြို့တွင် အိမ်ရာယူနစ်ပေါင်း ၃၆,၀၀၀ ကျော်ဖော်ထုတ်နိုင်ခဲ့ပြီး ဖြစ်တဲ့ အတွက်ကြောင့်လည်း
တစ်နှစ်လျှင် အိမ်ရာ ယူနစ် ၇,၂၀၀ ခန့် ပျမ်းမျှဖော်ထုတ်နိုင်ခဲ့တဲ့ သဘောရှိပါတယ်။ အဲဒိအထဲကမှ ၇၀ ရာခိုင် နှုန်းမှာ ပုဂ္ဂလိက လုပ်ငန်းရှင်များက ဖော်ထုတ် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပေမယ့်လည်း အမှန်တကယ် အိမ်ရာလိုအပ်ချက်ကတော့ တစ်နှစ်မှာ ၇၅၀၀၀ လောက်ရှိတယ်လို့ ဆောက်လုပ်ရေး အသင်းကလည်း ခန့်မှန်းထားတဲ့ အတွက် ဈေးကွက်လိုအပ်ချက် ရှိနေတဲ့ လုပ်ငန်းစားကျက်တစ်ခုဖြစ်လာပါတယ်။

ပြိုင်ဆိုင်မှု တွေပြင်းထန်တဲ့ ယနေ့ အချိန်အခါမှာ တစ်ဖက်ကလည်း နည်းပညာ ဖွံ့ဖြိုးလာလို့ ဆောက်လုပ်တဲ့ နည်းစနစ်တွေ တိုးတက်လာနေသလို တိုက်ခန်းဝယ်ယူသူတွေဘက်ကလည်း စိတ်အေးလက်အေးနဲ့ လုံလုံခြုံခြုံ တိုက်ခန်းလေး တစ်ခုရဖို့ အတွက် တိုက်ခန်းတွေရဲ့ အရည်အသွေး ၊ ဆောက်တဲ့ ကုမ္မဏီတွေရဲ့ နောက်ကြောင်းရာဇ၀င် တွေကို အခုနောက်ပိုင်းစုံစမ်းပြီးမှ ၀ယ်လာတဲ့ အထိ ဈေးကွက် က ပြောင်းလာပြီဖြစ်ပါတယ်။

အရည်အသွေးကောင်းကောင်း ၊ စံချိန်စံညွှန်မီမီ နဲ့ ဆောက်ထားတဲ့ တိုက်တွေ ၊ ဒီတိုက်တွေကို ဆောက်လုပ်ကြတဲ့ ကျွမ်းကျင် ဆောက်လုပ်ရေး ကုမ္မဏီတွေနဲ့ ကန်ထရိုက်တာတွေကသာ ရေရှည်ဈေးကွက်မှာ အောင်ပွဲခံနိုင်မှာ ဖြစ်ပါကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service