၂၀၁၅ အိမ်ခြံမြေဈေးနှုန်းမြင့်တက်မှု ညွှန်းကိန်းထုတ်ပြန်လိုက်ရာ တူရကီမှာ ထိပ်ဆုံးတွင်ဦးဆောင် - Property News in Myanmar from iMyanmarHouse.com
772 Views

၂၀၁၅ အိမ်ခြံမြေဈေးနှုန်းမြင့်တက်မှု ညွှန်းကိန်းထုတ်ပြန်လိုက်ရာ တူရကီမှာ ထိပ်ဆုံးတွင်ဦးဆောင်

မျက်မှောက်ကာလ ကမ္ဘာတစ်ဝန်းတွင် နေအိမ်ဈေးနှုန်း မြင့်တက်မှုများမှာ အလွန်လျင်မြန်လျက်ရှိရာ ၀င်ငွေအကန့်အသတ်သာရှိသူများအတွက် နေအိမ်ဝယ်ယူရန် မစဉ်းစားနိုင်တော့သော ကာလဖြစ်သည်။

ကမ္ဘာ့မြို့ ကြီးများရှိ တိုက်ခန်း (သို့မဟုတ်) လုံးချင်းအိမ်တန်ဖိုးများမှာ ၀င်ငွေနည်းပါးသူတို့ တစ်သက်လုံး ငွေစုဆောင်းလျှင်ပင် ၀ယ်ယူနိုင်မည်မဟုတ်သည်အထိ မြင့်တက်လာလျက်ရှိသည်။

နောက်ဆုံးထုတ်ပြန်လိုက်သော အစီရင်ခံစာတစ်ခုတွင် ကမ္ဘာတစ်ဝန်းရှိ အိမ်ခြံမြေဈေးနှုန်း လျင်မြန်စွာမြင့်တက်လျက်ရှိသော နိုင်ငံများကို ဖော်ပြထားသည်။

Knight Frank ၏ ကမ္ဘာလုံးဆိုင်ရာအိမ်ခြံမြေဈေးနှုန်းညွှန်းကိန်းတွင် ကမ္ဘာ့နိုင်ငံပေါင်း ၅၅ နိုင်ငံကိုသုံးသပ်ဖော်ပြထားသည်။

အဆိုပါကမ္ဘာ့နိုင်ငံများအနက် အိမ်ဈေးမြင့်တက်မှု အလျင်မြန်ဆုံးဖြင့် ထိပ်ဆုံးနေရာတွင် ဦးဆောင်လျက်ရှိသည်မှာတူရကီ ဖြစ်သည်။

တူရကီသည် အိမ်ခြံမြေဈေးနှုန်းမြင့်တက်မှု ၁၈ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင် ဦးဆောင်လျက်ရှိခြင်းမှာရင်းနှီးမြှုပ်နှံသူအများစုကတူရကီအိမ်ခြံမြေတို့ကိုယုံကြည်စိတ်ချရမှုရှိသည့် “safe haven” အဖြစ် ရွေးချယ်လာကြခြင်းကြောင့် ဖြစ်သည်။

တူရကီ၏ နောက်တွင် နယူးဇီလန် (၁၄ ဒသမ ၂ ရာခိုင်နှုန်း)၊ ဆွီဒင် (၁၂ ဒသမ ၃ ရာခိုင်နှုန်း)၊ သြစတေးလျ (၁၀ ဒသမ ၇ ရာခိုင်နှုန်း) နှင့် လူဇင်ဘတ် (၉ ဒသမ ၂ ရာခိုင်နှုန်း) တို့ဖြင့် ဦးဆောင်လျက်ရှိသည်။

ဆန့်ကျင်ဘက်အားဖြင့် ဒူဘိုင်းအိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၁၅ ခုနှစ်အတွင်း ၁၁ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

ဒူဘိုင်းအိမ်ခြံမြေဈေးနှုန်းမှာပုံမှန်အားဖြင့် အတက်ဘက်တွင်သာရှိလေ့ရှိသည်။

၂၀၁၄ ခုနှစ်အတွင်းကဒူဘိုင်းအိမ်ခြံမြေဈေးတက်မှုမှာနယူးဇီလန်၊ ဂျပန်၊ ပြင်သစ်၊ စင်္ကာပူနှင့် စပိန်တို့ထက် ကျော်လွန်ခဲ့သည်။

၂၀၁၅ ခုနှစ်အတွင်းကမ္ဘာ့နိုင်ငံပေါင်း ၅၅ နိုင်ငံအနက် ၄၃ နိုင်ငံတွင် အိမ်ခြံမြေပုံမှန်ဈေးတက်မှု ရှိသည်။

ဘယ်လ်ဂျီယမ်နှင့် နယူးဇီလန်တို့မှာ ၀င်ငွေနှင့် အိမ်ခြံမြေပေါက်ဈေးနှိုင်းယှဉ်လျှင် အိမ်ခြံမြေ၀ယ်ယူနိုင်မှု အနည်းပါးဆုံးနိုင်ငံများ ဖြစ်ကြသည်။

ယူကရိန်းနှင့် ဂရိတို့သည် ၂၀၁၅ ခုနှစ်အတွင်းအားအနည်းဆုံးအိမ်ခြံမြေဈေးကွက်ရှိသည့်နိုင်ငံများဖြစ်ပြီးဈေးနှုန်းကျဆင်းမှု ၁၂ ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်းအသီးသီးရှိခဲ့ကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service